UDI U919A WiFi FPV RC Quadcopter Drone

Drone နှစ်သက်သူတွေ အတွက် Function စုံ အရည်အသွေး ကောင်းမွန်တဲ့ UDI U919A WiFi FPV RC Quadcopter Drone ပါ။ Drone ဟာ Double Mode Transmission Controller စနစ်ဖြစ်တာကြောင့် Drone မှာပါဝင်တဲ့ Remote Controller နဲ့ မောင်းနှင်နိုင်သလို Android, iPhone တို့နဲ့လည်း ချိတ်ပြီး မောင်းနိုင်ပါတယ်။ 2.0 MP HD Camera ပါပြီး 1280 X 720 Pixels ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ပျံသန်းချိန် ၁၀ မိနစ်အထိ မောင်းနှင်နိုင်ပြီး Automatic Air Fixed High Mode ပါရှိတဲ့အတွက် ထိန်းချုပ်ရလွယ်ကူတဲ့အပြင် ၁၂၀ မီတာ အထိ ထိန်းချုပ်ပျံသန်းနိုင်ပါတယ်။

One Key to Take off and landing စနစ်က Drone မောင်းနှင်မှုမကျွမ်းကျင်သေးတဲ့သူတွေအတွက်တောင် အဆင်ပြေစေနိုင်တဲ့အပြင် မိမိပျံသန်းစေလိုတဲ့ လမ်းကြောင်းကိုလည်း ရွေးချယ်ပြီး အလိုအလျောက်ပျံသန်းနိုင်ပါတယ်။
ဘက်ထရီအား ကုန်တော့မယ်ဆိုရင်လည်း Alarm နဲ့ ဖော်ပြပေးမှာဖြစ်ပြီး One Key Return Home စနစ်နဲ့အတူ Controller ရှိရာကိုလည်း အလွယ်တကူ ပြန်လည်ခေါ်ယူနိုင်မှာပါ။ ABS ပလတ်စတစ်နဲ့ လုပ်ထားတာကြောင့် လေတိုက်နှုန်းတွေအတွက် အထူးကြံ့ခိုင်တဲ့အပြင် ညအချိန် မောင်းနှင်ခြင်းအတွက် LED မီးလုံးတွေကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။ ဈေးနှုန်း ၁၁၈,၀၀၀ ကျပ်နဲ့ T-Land Myanmar ဖုန်း ၃၈၂၈၆၈၊ ၃၉၂၄၃၁ မှာ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။