Ubuntu OS 18.04 တွင် DVDStyler ကို ထည့်သွင်းခြင်း

[ Zawgyi ]





sudo apt-get update


-သီဟ

[ Unicode ]

DVDStyler ဆိုတာကတော့ Ubuntu OS ပေါ်မှာ DVD menu တွေကို ထည့်သွင်းဖို့နဲ့ burning ပြုလုပ်ဖို့အတွက် အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ DVDStyler ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

DVDStyler ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:ubuntuhandbook1/dvdstyler
sudo apt-get update
sudo apt-get install dvdstyler

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Ubuntu OS 18.04 မှာ DVDStyler ကို ထည့်သွင်းတဲ့အဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။