September 20, 2018

Ubuntu OS မွာ QupZilla Browser ကိုထည့္သြင္းျခင္း

[ Zawgyi ]

QupZilla browser ဆိုတာကေတာ့ အင္တာနက္ အသံုးျပဳတဲ့အခါမွာ ပိုမိုျမန္ဆန္စြာနဲ႔ အသံုးျပဳႏိုင္ေအာင္ စီစဥ္ထားတဲ့ browser ေဆာ့ဖ္ဝဲတစ္ခုျဖစ္ပါတယ္။ ဒီ browser project ကိုစတင္ထုတ္လုပ္တဲ့ အခ်ိန္တုန္းက ပညာေရးအေထာက္အကူ ျပဳရန္အတြက္ ရည္ရြယ္ခဲ့ရာမွ အခုအခါမွာေတာ့ feature ေတြ စံုလင္တဲ့ browser တစ္ခုျဖစ္ပါတယ္။

Ubuntu OS မွာ QupZilla Browser ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ
Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို
အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

QupZilla Browser ကို Ubuntu မွာထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ကေတာ့ –

sudo apt-get install qupzilla

ဆိုတဲ့ command ကို ထည့္သြင္းရမွာ ျဖစ္ပါတယ္။ အဆိုပါ command ကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြ
ကို download လုပ္ယူမွာျဖစ္ၿပီးတစ္ခါ တည္းထည့္သြင္း ေပးသြားမွာျဖစ္ပါတယ္။ ဒါဆိုရင္ QupZilla Browser ကို Ubuntu OS မွာ
ထည့္သြင္း ၿပီးၿပီျဖစ္ပါတယ္။

-သီဟ

[ Unicode ]

QupZilla browser ဆိုတာကတော့ အင်တာနက် အသုံးပြုတဲ့အခါမှာ ပိုမိုမြန်ဆန်စွာနဲ့ အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ browser ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ ဒီ browser project ကိုစတင်ထုတ်လုပ်တဲ့ အချိန်တုန်းက ပညာရေးအထောက်အကူ ပြုရန်အတွက် ရည်ရွယ်ခဲ့ရာမှ အခုအခါမှာတော့ feature တွေ စုံလင်တဲ့ browser တစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ QupZilla Browser ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ
Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို
အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

QupZilla Browser ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo apt-get install qupzilla

ဆိုတဲ့ command ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အဆိုပါ command ကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေ
ကို download လုပ်ယူမှာဖြစ်ပြီးတစ်ခါ တည်းထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် QupZilla Browser ကို Ubuntu OS မှာ
ထည့်သွင်း ပြီးပြီဖြစ်ပါတယ်။

-သီဟ