Ubuntu OS မှာ Power Player ကို ထည့်သွင်းခြင်း

[ Zawgyi ]




./Powder


-သီဟ

[ Unicode ]

Power Player ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် video player တစ်ခုဖြစ်ပါတယ်။ Video player တစ်ခုအနေနဲ့သာမက torrent client အနေနဲ့ပါ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

Ubuntu OS မှာ Power Player ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Power Player ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

wget https://github.com/jaruba/PowderPlayer/releases/download/v1.10/PowderPlayer_v1.10.tar.gz
tar xvf PowderPlayer_v1.10.tar.gz
./Powder

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီးနောက် tar xvf ဆိုတဲ့
command နဲ့ ဖိုင်ကို extract လုပ်ပြီး ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။