September 20, 2018

Ubuntu OS မွာ OBS ကို ထည့္သြင္းျခင္း

[ Zawgyi ]

OBS ဆိုတဲ့ ေဆာ့ဖ္ဝဲကေတာ့ Live video ေတြကို ထုတ္လႊင့္တဲ့ အခါမွာ အသံုးျပဳႏိုင္တဲ့ေဆာ့ဖ္ဝဲ ျဖစ္ပါတယ္။ Ubuntu OS
ေပၚမွာ OBS ကို ထည့္သြင္း အသံုးျပဳခ်င္သူေတြအတြက္ ေဖာ္ျပ ထားတဲ့နည္းလမ္းအတိုင္း ထည့္ သြင္းေပးႏိုင္မွာ ျဖစ္ပါတယ္။
Ubuntu OS မွာ OBS ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရ ပါမယ္။ OBS ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳ ရမယ့္ command ေတြကေတာ့ –

sudo apt install snap

ဆိုတဲ့ command နဲ႔ snap ကို အရင္ ထည့္သြင္းေပးထားရ ပါမယ္။ Snap ကို ထည့္သြင္းၿပီး ၿပီဆိုရင္ snap install obs-studio
ဆိုတဲ့ command ကို အသံုး ျပဳရပါမယ္။ ဒါဆိုရင္ OBS ကို ထည့္သြင္းၿပီးၿပီ ျဖစ္ပါတယ္။ အကယ္၍ ကိုယ္အသံုးျပဳေနတဲ့ ကြန္ပ်ဴတာမွာ web cam ေတြ တပ္ဆင္ထားတယ္ဆိုရင္

sudo snap connect obs-studio:camera

sudo snap connect obs-studio:removable-media

ဆိုတဲ့ command ေတြကို ထည့္သြင္းေပးရပါမယ္။ ဒါဆိုရင္ OBS ကို စတင္ၿပီးသံုးစဲြႏိုင္ၿပီျဖစ္ပါတယ္။

-သီဟ

[ Unicode ]

OBS ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Live video တွေကို ထုတ်လွှင့်တဲ့ အခါမှာ အသုံးပြုနိုင်တဲ့ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ Ubuntu OS
ပေါ်မှာ OBS ကို ထည့်သွင်း အသုံးပြုချင်သူတွေအတွက် ဖော်ပြ ထားတဲ့နည်းလမ်းအတိုင်း ထည့် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ OBS ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရ ပါမယ်။ OBS ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြု ရမယ့် command တွေကတော့ –

sudo apt install snap

ဆိုတဲ့ command နဲ့ snap ကို အရင် ထည့်သွင်းပေးထားရ ပါမယ်။ Snap ကို ထည့်သွင်းပြီး ပြီဆိုရင် snap install obs-studio
ဆိုတဲ့ command ကို အသုံး ပြုရပါမယ်။ ဒါဆိုရင် OBS ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာမှာ web cam တွေ တပ်ဆင်ထားတယ်ဆိုရင်

sudo snap connect obs-studio:camera

sudo snap connect obs-studio:removable-media

ဆိုတဲ့ command တွေကို ထည့်သွင်းပေးရပါမယ်။ ဒါဆိုရင် OBS ကို စတင်ပြီးသုံးစွဲနိုင်ပြီဖြစ်ပါတယ်။

-သီဟ