Ubuntu OS မှာ MPV Player ထည့်သွင်းခြင်း

[ Zawgyi ]

MPV Player ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Ubuntu OS မှာ ထည့်သွင်းနိုင်မယ့် media player တစ်ခုပဲဖြစ်ပါတယ်။ MPV Player ကို ထည့်သွင်းမယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ MPV Player ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

MPV Player ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:xuzhen666/gnome-mpv

sudo apt-get update

sudo apt-get install gnome-mpv

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

-သီဟ

[ Unicode ]





sudo add-apt-repository ppa:xuzhen666/gnome-mpv

sudo apt-get update

sudo apt-get install gnome-mpv
