Ubuntu OS မွာ KiCad EDA ကိုထည့္သြင္းျခင္း

[ Zawgyi ]

KiCad EDA ဆိုတာကေတာ့ Ubuntu OS ေပၚမွာ Electronic design ေတြကို ေရးဆဲြေပးႏိုင္မယ့္ ေဆာ့ဖ္ဝဲ တစ္ခုျဖစ္ပါတယ္။

Ubuntu OS မွာ KiCad EDA ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကိုအသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို  အရင္ Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

KiCad EDA ကို Ubuntu မွာထည့္သြင္း အသံုးျပဳဖို႔အတြက္  ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudo add-apt-repository ppa:js-reynaud/kicad-4

sudo apt-get update

sudo apt-get install kicad

ဆိုတဲ့ command ေတြ ကို ထည့္သြင္းေပးရပါမယ္။ အဆိုပါ command ေတြကိုထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ၿပီး တစ္ခါတည္း ထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။

-သီဟ

[ Unicode ]

KiCad EDA ဆိုတာကတော့ Ubuntu OS ပေါ်မှာ Electronic design တွေကို ရေးဆွဲပေးနိုင်မယ့် ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ KiCad EDA ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

KiCad EDA ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:js-reynaud/kicad-4

sudo apt-get update

sudo apt-get install kicad

ဆိုတဲ့ command တွေ ကို ထည့်သွင်းပေးရပါမယ်။ အဆိုပါ command တွေကိုထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။