September 20, 2018

Ubuntu OS မှာ Fritzing ကို ထည့်သွင်းခြင်း

[ Zawgyi ]










-သီဟ

[ Unicode ]

Fritzing ဆိုတာကတော့ Ubuntu OS ပေါ်မှာ circuit design တွေကို ဖန်တီးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။

Ubuntu OS ပေါ်ကနေ circuit design တွေကို ရေးဆွဲချင်သူတွေအတွက် Fritzing ကို ထည့်သွင်းမယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။

Ubuntu OS မှာ Fritzing ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Fritzing ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ပြီးသွားရင် ဖော်ပြပါ အဆင့်အတိုင်း လိုက်လံလုပ်ဆောင်ပေးရ မှာ ဖြစ်ပါတယ်။ ပထမဆုံး http://fritzing.org/download ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာမှာ download လုပ်ပါ။ Download လုပ်ပြီးရင် Terminal ကို ဖွင့်ရမှာဖြစ်ပါတယ်။ Terminal ထဲကိုရောက်ရင် download လုပ်ထားတဲ့ လမ်းကြောင်းကို အရင်ဝင်ရပါမယ်။ ဒီမှာတော့ Downloads ဆိုတဲ့ folder ထဲမှာပဲသိမ်းထားတဲ့အတွက် cd ~/Down
loads ဆိုပြီးအဆိုပါ package ရှိတဲ့ လမ်းကြောင်းကို ဝင်လိုက်ပါတယ်။ ပြီးရင်ဖော်ပြထားတဲ့ command တွေကို ထည့်သွင်းရ ပါမယ်။

tar -xvf fritzing-*.tar.bz2

sudo mv fritzing-* /usr/share/fritzing

sudogedit /usr/share/applications/fritzing.desktop

နောက်ဆုံးအဆင့်ကတော့ Home Folder > File System >usr> Share > applications အောက်ကိုသွားပြီး အဆိုပါ icon ကို right-click နှိပ် copy ကူးကာ Desktop ပေါ်မှာချထားပြီး သုံးစွဲနိုင်ပါတယ်။

-သီဟ