Ubuntu OS တွင် Vivaldi browser ကို ထည့်သွင်းခြင်း

[ Zawgyi ]














-သီဟ

[ Unicode ]

Vivaldi ဆိုတာကတော့ အင်တာနက်သုံးစွဲဖို့အတွက် browser အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Ubuntu OS သုံးစွဲသူတွေအနေနဲ့ Vivaldi browser ကို ထည့်သွင်း သုံးစွဲချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Ubuntu OS မှာ Vivaldi ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။

Vivaldi ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

32bit OS သုံးစွဲသူတွေ အနေနဲ့

sudo apt-get install gdebi

wget https://downloads.vivaldi.com/stable/vivaldi-stable_1.13.1008.32-1_i386.deb

sudo gdebi vivaldi*_i386.deb

ဆိုတဲ့ command နဲ့ထည့်သွင်းရပါမယ်။ 64bit သုံးစွဲသူတွေအတွက် ကတော့

sudo apt-get install gdebi

wget https://downloads.vivaldi.com/stable/vivaldi-stable_1.13.1008.32-1_amd64.deb

sudo gdebi vivaldi*_amd64.deb

ဆိုတဲ့ command နဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ် ပါတယ်။