Ubuntu OS တွင် Stacer ကို ထည့်သွင်းအသုံးပြုခြင်း
[ Zawgyi ]
[ Unicode ]
Stacer ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် Optimizing tool တစ်ခုပဲဖြစ်ပါ တယ်။ Stacer ကို ထည့်သွင်းအသုံးပြုချင်သူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ Stacerကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Stacer ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo apt-get install gdebi
wget https://github.com/oguzhaninan/Stacer/releases/download/v1.0.7/stacer_1.0.7_amd64.deb
sudogdebi stacer_1.0.7_amd64.deb
ဆိ်ုတဲ့ command တွေကို ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီးတစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင် terminal မှာ sudo s-tui ဆိုတဲ့ command ကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အသုံးမပြုလိုတော့တဲ့ အခါပြန်လည် ဖယ်ရှားမယ်ဆိုရင် sudo apt-get remove stacer ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။