Ubuntu OS တြင္ Kdenlive ကိုထည့္သြင္းျခင္း

[ Zawgyi ]

Kdenlive ဆိုတဲ့ေဆာ့ဖ္ဝဲကေတာ့ Ubuntu OS မွာ ထည့္သြင္း အသံုးျပဳႏိုင္တဲ့ video editing ေဆာ့ဖ္ဝဲတစ္ခုပဲ ျဖစ္ပါတယ္။ Kdenlive ကို ထည့္သြင္း အသံုျပဳလုိပါက ေဖာ္ျပပါ နည္းလမ္္း အတိုင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

Ubuntu OS မွာ Kdenlive ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကိုအသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Kdenlive ကို Ubuntu မွာထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudo add-apt-repository ppa:kdenlive/kdenlive-stable
sudo apt-get update
sudo apt-get install kdenlive

ဆိ္ုတဲ့ command ေတြကိုထည့္သြင္း အသံုးျပဳရမွာျဖစ္ပါတယ္။ အဆိုပါ command ေတြကိုထည့္သြင္းၿပီးၿပီဆို ရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီးတစ္ခါတည္း ထည့္သြင္းေပးသြားမွာျဖစ္ပါတယ္။

-သီဟ

[ Unicode ]

Kdenlive ဆိုတဲ့ဆော့ဖ်ဝဲကတော့ Ubuntu OS မှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ video editing ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ Kdenlive ကို ထည့်သွင်း အသုံပြုလိုပါက ဖော်ပြပါ နည်းလမ််း အတိုင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ Kdenlive ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Kdenlive ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:kdenlive/kdenlive-stable
sudo apt-get update
sudo apt-get install kdenlive

ဆိ်ုတဲ့ command တွေကိုထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ အဆိုပါ command တွေကိုထည့်သွင်းပြီးပြီဆို ရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီးတစ်ခါတည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။