August 19, 2018

Ubuntu OS တွင် Inkscape ကို ထည့်သွင်းခြင်း

[ Zawgyi ]





sudo apt-get update



-သီဟ

[ Unicode ]

Inkscape ဆိုတာကတော့ vector တွေကို ရေးဆွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ vector
graphic တွေကို ရေးဆွဲချင်သူတွေအတွက် ထည့်သွင်း အသုံးပြု နိုင်မယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

Ubuntu OS မှာ Inkscape ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Inkscape ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:inkscape.dev/stable

sudo apt-get update

sudo apt-get install inkscape

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင် ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်းထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် Inkscapeကို Ubuntu OS မှာ ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။

-သီဟ