Ubuntu OS တွင် Inkscape ကို ထည့်သွင်းခြင်း

[ Zawgyi ]





sudo apt-get update



-သီဟ

[ Unicode ]

Inkscape ဆိုတာကတော့ Ubuntu OS မှာ vector graphic design တွေကို ရေးဆွဲချင်သူတွေအတွက် ထည့်သွင်းသုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Inkscape ကို ထည့်သွင်း ချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။

Ubuntu OS မှာ Inkscape ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Inkscape ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:inkscape.dev/stablesudo

apt-get update

sudo apt-get install inkscape

ဆိုတဲ့ command တွေကို ထည့်သွင်းပေးရပါမယ်။ အဆိုပါ command တွေကို ထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။