Ubuntu OS တြင္ GScan 2PDF ကို ထည့္သြင္းျခင္း

[ Zawgyi ]

GScan2PDF ဆိုတာကေတာ့ PDF ဒါမွမဟုတ္ DjVus file format ေတြကို document ေတြကေန ေျပာင္းေပးႏိုင္မယ့္ ေဆာ့ဖ္ဝဲတစ္ခု ျဖစ္ပါတယ္။ GScan 2PDF ကို ထည့္သြင္းခ်င္တယ္ ဆိုရင္ ေဖာ္ျပပါ နည္းလမ္းအတိုင္း ထည့္သြင္းအသံုးျပဳႏိုင္ပါတယ္။

Ubuntu OS မွာ GScan2PDF ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပး ရပါမယ္။ GScan2PDF ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudo add-apt-repository ppa:jeffreyratcliffe/ppa

sudo apt-get update

sudo apt-get install gscan2pdf

ဆိုတဲ့ command ေတြကို ထည့္သြင္းေပးရပါမယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ၿပီး တစ္ခါတည္း ထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။

တကယ္လို႔ အသံုးမျပဳခ်င္ေတာ့လို႔ ျပန္လည္ဖယ္ရွားခ်င္တယ္ဆိုရင္ Terminal မွာ

sudo apt-get remove —

autoremove gscan2pdf ဆိုတဲ့ command နဲ႔ ျပန္လည္ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။

[ Unicode ]

GScan2PDF ဆိုတာကတော့ PDF ဒါမှမဟုတ် DjVus file format တွေကို document တွေကနေ ပြောင်းပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ GScan 2PDF ကို ထည့်သွင်းချင်တယ် ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Ubuntu OS မှာ GScan2PDF ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။ GScan2PDF ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:jeffreyratcliffe/ppa

sudo apt-get update

sudo apt-get install gscan2pdf

ဆိုတဲ့ command တွေကို ထည့်သွင်းပေးရပါမယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ အသုံးမပြုချင်တော့လို့ ပြန်လည်ဖယ်ရှားချင်တယ်ဆိုရင် Terminal မှာ

sudo apt-get remove —

autoremove gscan2pdf ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။