Ubuntu OS တြင္ Fritzing ကို ထည့္သြင္းျခင္း

[ Zawgyi ]

Fritzing ဆိုတာကေတာ့ Ubuntu OS မွာ ဆားကစ္ ဒီဇိုင္းေတြကို ဖန္တီးေရးဆဲြတဲ့အခါမွာ ထည့္သြင္းအသံုးျပဳႏိုင္တဲ့ ေဆာ့ဖ္ဝဲတစ္ခုပဲ ျဖစ္ပါတယ္။

Ubuntu OS မွာ Fritzing ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္Update ျပဳလုပ္ရမွာ ျဖစ္ပါ တယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Fritzing ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္  ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အရင္ဆံုး Fritzing ကို download လုပ္ယူဖို႔အတြက္ http://fritzing.org/download/ ဆိုတဲ့ ဝက္ဘ္ဆိုက္လိပ္စာမွာ အရင္ download လုပ္ယူပါ။ ၿပီးရင္ download လုပ္ထားတဲ့ဖိုင္ဟာ Download folder ထဲမွာ သိမ္း ထားတဲ့အတြက္ Terminal ကေန Download folder ကိုသြားၿပီး Install လုပ္ရပါမယ္။ Terminal မွာ ထည့္သြင္းရမယ့္ command ေတြကေတာ့

cd ~/Downloads

tar -xvf fritzing-*.tar.bz2

sudo mv fritzing-* /usr/share/fritzing

sudogedit /usr/share/applications/fritzing.desktop

ဆိုတဲ့ command ေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္ သြင္းၿပီးၿပီဆိုရင္ Ubuntu OS မွာ Fritzing ေဆာ့ဖ္ဝဲကို ထည့္သြင္းတဲ့ အဆင့္ၿပီးဆံုးၿပီ ျဖစ္ပါတယ္။

-သီဟ

[ Unicode ]

Fritzing ဆိုတာကတော့ Ubuntu OS မှာ ဆားကစ် ဒီဇိုင်းတွေကို ဖန်တီးရေးဆွဲတဲ့အခါမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။

Ubuntu OS မှာ Fritzing ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါ တယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Fritzing ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အရင်ဆုံး Fritzing ကို download လုပ်ယူဖို့အတွက် http://fritzing.org/download/ ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ အရင် download လုပ်ယူပါ။ ပြီးရင် download လုပ်ထားတဲ့ဖိုင်ဟာ Download folder ထဲမှာ သိမ်း ထားတဲ့အတွက် Terminal ကနေ Download folder ကိုသွားပြီး Install လုပ်ရပါမယ်။ Terminal မှာ ထည့်သွင်းရမယ့် command တွေကတော့

cd ~/Downloads

tar -xvf fritzing-*.tar.bz2

sudo mv fritzing-* /usr/share/fritzing

sudogedit /usr/share/applications/fritzing.desktop

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့် သွင်းပြီးပြီဆိုရင် Ubuntu OS မှာ Fritzing ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့ အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။