Ubuntu OS တွင် EncryptPad ထည့်သွင်းခြင်း

EncryptPad ဆိုတာကတော့ Ubuntu OS ပေါ်မှာ ကိုယ်ရေးသားမှတ်သားထားတဲ့ စာတွေကို လုံခြုံစိတ်ချစွာနဲ့ သိမ်းဆည်းထားနိုင်အောင် စီစဉ်ပေးထားတဲ့
app တစ်ခုဖြစ်ပါတယ်။ Encrypt Pad ကို ထည့်သွင်းချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းတွေအတိုင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Ubuntu OS မှာ EncryptPad ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ EncryptPad ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေက
တော့ –

sudo add-apt-repository ppa:nilarimogard/webupd8

sudo apt-get update

sudo apt-get install encryptpadencryptcli

ဆိုတဲ့ command တွေကို ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

-သီဟ