Ubuntu OS တွင် Claw Mail client ကို ထည့်သွင်းခြင်း

[ Zawgyi ]





sudo apt-get update



-သီဟ

[ Unicode ]

Claw Mail client ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်းသုံးစွဲနိုင်မယ့် mail app တစ်ခုဖြစ်ပါတယ်။ သုံးစွဲရတာ ပိုမိုလွယ်ကူ စေရန်အတွက် စီစဉ်ပေးထားပြီး UI ကိုလည်း သုံးစွဲသူတွေ စိတ်တိုင်းကျဖြစ် အောင် ရှင်းလင်းတဲ့ ဒီဇိုင်းနဲ့ ဖန်တီးပေးထားပါတယ်။

Ubuntu OS မှာ Claw Mail client ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Claw Mail client ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့် ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:ubuntuhandbook1/claws-mail

sudo apt-get update

sudo apt-get install claws-mail

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင် ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့် သွင်း ပေးသွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Claw Mail ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့အဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။