U12 စမတ်ဖုန်းမှာ gigabit LTE ကို စမ်းသပ်ပြသခဲ့တဲ့ HTC

ပြီးခဲ့အပတ်က ထိုင်ဝမ်မှာပြုလုပ်ခဲ့တဲ့ 5G ပွဲမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့ မျိုးဆက်သစ် U12 စမတ်ဖုန်းကို HTC က ထုတ်ဖော်ပြသခဲ့ပါတယ်။ U12 ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေ မထွက်ပေါ်သေးပါဘူး။ HTC အနေနဲ့ U12 ကို ဒီနှစ်နွေဦးမှာ ဖြန့်ချိနိုင်ပါတယ်။ HTC ရဲ့ U12 ဟာ U11 Plus လိုမျိုး မျက်နှာပြင်ကြီးမားပြီး ဘေးဘောင်သေးငယ်တဲ့ 18:9 မျက်နှာပြင် အသုံးပြုထားပါတယ်။ ဒါ့အပြင် တန်ဖိုးကြီးထုတ်ကုန်ဖြစ်တယ်လို့ ဆိုပါတယ်။

5G ပွဲမှာ HTC ဖုန်းကို ထုတ်ဖော်ပြသခဲ့ပေမယ့်လည်း ဖုန်းမှာ Licensed Assisted Access ဒါမှမဟုတ် LAA လို့အမည်ရတဲ့ gigabit LTE နည်းပညာကိုပဲ အသုံးပြုသွားမယ်လို့ သိရပါတယ်။ LAA နည်းပညာကို bandwidth များစွာရရှိဖို့ ခွင့်ပြုချက်မရသေးတဲ့ 5GHz Wi-Fi band နဲ့ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ Qualcomm ရဲ့ Snapdragon 835 ချစ်ပ်မှာ LAA ထောက်ပံ့ထားပါတယ်။ ဒါကြောင့် U12 စမတ်ဖုန်းမှာ အဆင့်မြင့် Snapdragon ပရိုဆက်ဆာ အသုံးပြုလာနိုင်ပါတယ်။

လက်တွေ့စမ်းသပ်ပြသမှုမှာ LAA နည်းပညာဟာ ဒေသတွင်း ဆဲလ်ကွန်ရက်မှာ download မြန်နှုန်း 809 Mbps အထိရောက်ရှိ ခဲ့ပါတယ်။ သီအိုရီအရ LAA နည်းပညာနဲ့ U12 ဟာ gigabit မြန်နှုန်းတွေကို အသုံးပြုနိုင်တယ်လို့ Sogi ရဲ့ဗီဒီယိုမှတ်တမ်းက ဖော်ပြနေပါတယ်။ HTC ရဲ့ U11 ဟာလည်း gigabit ဖုန်းတစ်မျိုးဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Chunghwa Telecom ကဦးစီး ပြုလုပ်တဲ့ ပွဲမှာ U12 စမတ်ဖုန်းကို ပြသခဲ့ပါတယ်။ ပွဲကို ဖိတ်ကြားခံရတဲ့ Nokia နဲ့ Asus လိုမျိုးကုမ္ပဏီတွေဟာ ၂၀၂၀ ခုနှစ်အရောက်မှာ ထိုင်ဝမ်နိုင်ငံမှာ 5G ကွန်ရက်တစ်ခု တည်ဆောက်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

စိုးထက်
Ref: TheVerge