Tropico 6

ဆောက်လုပ်ရေးဂိမ်းကောင်းကောင်း ကစားချင်သူတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းသစ်ပါ။ ဒါပေမဲ့ ဆောက်လုပ်ရေးသီးသန့်ကိုပဲ ဖန်တီးအောင်မြင်အောင် ကစားရမှာမဟုတ်ဘဲ စီမံအုပ်ချုပ်ရေးအနေနဲ့ရော ပြည်သူတွေကို စိတ်ကျေနပ်အောင် ပြောဆိုဆက်ဆံရမှုတွေပါ ဟန်ချက်ညီ ကစားရမှာဖြစ်ပါတယ်။ ပြောရရင် ကစားသူက ပြည်သူ့ခေါင်း ဆောင်အနေနဲ့ Tropico နယ်ကို တိုးတက်အောင်၊ စည်ပင်အောင်၊ ပြည်သူကလည်း လက်ခံအောင် ကစားရမှာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် နိုင်ငံရေးလောကကို စိတ်ဝင်စားသူတွေအနေနဲ့တောင် ပြည်သူကလက်ခံ သဘောကျတဲ့ ခေါင်းဆောင်ဖြစ်အောင် ဘယ်လိုနေထိုင် လုပ်ဆောင်သင့်သလဲဆိုတာ ဂိမ်းကစားရင်း လေ့လာနိုင်မယ့် ဂိမ်းလို့တောင် ဆိုနိုင်ပါတယ်။ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးထားလို့ လက်ထဲမှာWins စနစ် ကွန်ပျူတာ တစ်လုံးရှိနေရင်တောင် သင့်အနေနဲ့ ခေါင်းဆောင် တစ်ယောက်အဖြစ် စတင် ကစားနိုင်ပါပြီ။

OS X နဲ့ Linux စနစ်သုံး ကွန်ပျူတာတွေနဲ့လည်း ရမယ်၊ Console နဲ့ဆိုရင် PS4 တွေ Xbox One တွေနဲ့ ကစားနိုင်မှာပါ။ Single အနေနဲ့ရော Multi အနေနဲ့လည်း ကစားနိုင်ပါဦးမယ်။ သဘောကျစရာပါပဲ။ ရှေ့ထွက် Tropico ဂိမ်း တွေထဲကလိုပဲ ကစားသူက El Presidente နေရာမှာ ဝင်ရောက်ကစားရမှာပါ။ ကာရေဘီယံပင် လယ်အတွင်းက Tropico နိုင်ငံလေးကို အုပ်ချုပ်ရင်းတိုးတက် ဖွံ့ဖြိုးအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကစားသူအနေနဲ့ ခေတ်အနေအထား ၄ မျိုးထိအောင် ရွေးချယ်ကစားနိုင်မှာပါ။ ကိုလိုနီနယ်အဖြစ် သိမ်းထားတဲ့ ပုံစံအနေနဲ့ရော၊ စစ်ပွဲကာလပုံစံအနေနဲ့ရော၊ စစ်အေးကာလ တိုးတက်အောင် ဖန်တီးချိန် အနေအထားပုံစံရော၊ နောက်ဆုံးခေတ်သစ် တိုးတက်တဲ့ လက်ရှိကာလ ပုံစံအနေနဲ့ရော မိမိအားသန်ရာကာလကို ရွေးချယ်ကစားနိုင်မှာ ဖြစ်ပါတယ်။
ရှေ့ထွက် Verision ထက် ထူးခြားလာတာကို ကြည့်မယ်ဆိုရင် အရင်ဂိမ်းတွေမှာပင်မ ကျွန်းကြီးတစ်ခုပဲရှိပေမယ့် အခုဂိမ်းမှာတော့ ကျွန်းငယ်အရွယ် ကျွန်းတုတွေ ဖန်တီးနိုင်လာမယ်၊ တံတားတွေ ခင်းနိုင်လာမယ်၊ ခေတ်မီ မြို့ပြပုံစံဖန်တီးနိုင်မှုတွေ အားကောင်းလာတာ တွေ့ရပါတယ်။ ပြီးတော့ ကစားသူအနေနဲ့ ခေါင်းဆောင် နေရာကနေ ပြည်သူကို အားတက်အောင် လှုံ့ဆော်နိုင်လေလေ၊ အားတက်အောင် ကစားနိုင်လေလေ မိမိရဲ့ဂိမ်းက အောင်မြင်ဖို့၊ Tropico က ကြီးမားတိုးတက်ဖို့ မြန်လေလေ ဖြစ်ပါတယ်။ ပြီးတော့ အရင်ဂိမ်းတွေမှာ ခေါင်းဆောင်က El Presidente က အမျိုးသား စစ်ခေါင်းဆောင်ဖြစ်ပေမယ့် အခုဂိမ်းမှာ အမျိုးသမီးပုံစံခေါင်း ဆောင်ကိုပါ ရွေးချယ်ကစား နိုင်အောင် ဇာတ်ကောင် ပုံစံအသစ် ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။ သဘောကျစရာ အချက်ပါ။ ပြီးတော့ ကစားသူက မိမိနေထိုင်မယ့် နန်းတော်ကို လည်း စိတ်ကြိုက် ပုံစံရွေးချယ် ကစားနိုင်လာပါတယ်။

စိတ်ကူးယဉ်ဆန်ဆန် တိုက်ခိုက်ရေးဂိမ်းတွေ၊ မိစ္ဆာတွေနဲ့ တိုက်ခိုက်ရတဲ့ ဂိမ်းတွေထက် စာရင်တော့ ပညာပေးအနေနဲ့ပါ ဂိမ်းကစားရင်း လက်တွေ့ခေတ် ခေါင်းဆောင် တစ်ယောက်နေရာနဲ့ လုပ်ကိုင် ဆောင်ရွက်ရပုံတွေကို လေ့လာသင်ယူ ကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။ Platform စုံနဲ့ ကစားနိုင်လို့လက်ထဲမှာ ကွန်ပျူတာတစ်လုံး ရှိနေရုံနဲ့ Tropico 6 တစ်ခွေ ဝယ်ထားတာ မမှားနိုင်ဘူးလို့ ပြောချင်ပါတယ်။