Transistor

[ Zawgyi ]

အခုတစ္ပတ္မွာေတာ့ Switchနဲ႔ ကစားႏိုင္ေအာင္ အသစ္ထြက္ရွိလာတဲ့ Update အသစ္ဂိမ္းေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ Update လုိ႔ ဆိုလိုက္တာကလည္း လံုးဝအသစ္အေနနဲ႔ မဟုတ္ဘဲ Update အေနနဲ႔ ထြက္လာတာေၾကာင့္ပါ။ ဒီဂိမ္းက ၂၀၁၄ ကတည္းက ထြက္ရွိခဲ့တာျဖစ္ၿပီး အဆိုပါ အခ်ိန္က PS4 နဲ႔ပဲ ကစားႏုိင္ခဲ့တာပါ။ ေနာက္ေတာ့ Platform စံုန႔ဲ ကစားႏုိင္ေအာင္ ဖန္တီးလာၿပီး အခုေတာ့ Wins, OS X, Linux, iOS, tvOS ေတြ အျပင္ အခုေနာက္ဆံုး Nintendo Switch နဲ႔ပါ ကစားလာႏုိင္တာ ျဖစ္ပါတယ္။ Apple TV ရွိသူေတြ
Siri Remote နဲ႔ေတာင္ ကစားႏုိင္တဲ့ ဂိမ္းလည္း ျဖစ္ပါတယ္။

Upatde တစ္ခါလုပ္တိုင္း သိသာေလာက္ေအာင္ ျပင္ဆင္ ဖန္တီးထားမႈေတြ ရွိခဲ့ေတာ့ အခု Versionသစ္မွာေရာ ဘာေတြ ဆန္းသစ္ထားပါသလဲ။ တိုက္ခုိက္ ေရး ဂိမ္းစစ္စစ္ျဖစ္ၿပီး ပေဟဠိ ဆန္ဆန္ နည္းလမ္းသံုး ေျဖရွင္း ေက်ာ္ျဖတ္ရမႈေတြလည္း ပါမယ္။ Single အေနနဲ႔ပဲ ကစားႏုိင္ေသးတ့ဲ အခ်က္ကေတာ့ Transistor ကို ဂိမ္းသမားတိုင္းက အားနည္းခ်က္အျဖစ္ သတ္မွတ္ေနၾကပါတယ္။ ေနာက္ပိုင္းမွာ Multi အေနနဲ႔ ႏွစ္ေယာက္တြဲ ကစားႏုိင္ေအာင္ ဖန္တီးဖို႔ ရွိတယ္လုိ႔ေတာ့ သိရပါတယ္။

ဂိမ္းက စိတ္ကူးယဥ္ ၿမိဳ႕ႀကီး Cloudbank မွာ အေျခတည္ ထားတယ္၊ ဒီၿမိဳ႕ကို စက္႐ုပ္ဆန္ ဆန္ တပ္ဖြဲ႕ Camerata က တုိက္ခိုက္ သိမ္းပိုက္ထားတယ္။ ဒီရန္သူေတြကို Red လုိ႔ အမည္
ေပးထားတဲ့ နာမည္ေက်ာ္ အဆိုေတာ္မေလး ဇာတ္ေကာင္ျဖစ္သူ Red က ျပန္လည္ ကယ္ တင္ရမယ္ေပါ့။ သူမရဲ႕ အဓိက လက္နက္က ဓါးနဲ႔ ဆင္တူတဲ့ အစြမ္းထက္ Transistor ျဖစ္ၿပီး
Itemေတြ ဝယ္စပ္သလို ကစားတဲ့အဆင့္ျမင့္လာေလေလ Level တက္လာေလေလ ျဖစ္မွာပါ။

အခန္းတစ္ခန္း ေအာင္ျမင္ တိုင္း အမွတ္ေတြ ရမယ္၊ ဒီအမွတ္ ေတြကို စုထားရမယ္၊ ရန္သူႀကီးႀကီးေတြကိ္ု အႏုိင္ရၿပီးတုိင္းစြမ္းအင္ Item အသစ္ေတြ ထြက္လာမယ္၊ စုထားႏုိင္တယ္၊ မိမိလည္း Level တက္လာ မယ္ေပါ့။ ဒီဂိမ္းမွာေတာ့ Item ေတြလို႔ မသံုးဘဲ Functions လို႔ သံုးပါတယ္။ Functions ၄ ခုကို ေပါင္းၿပီး ခ်ပ္၀တ္အျဖစ္ ေပါင္းစပ္ကစားႏိုင္မယ္၊ မိမိ စိတ္ႀကိဳက္ျဖစ္တဲ့ Functions ကို ၄ မ်ိဳး တစ္ခုျဖစ္ေအာင္ စပ္ကစားႏုိင္မယ္။ အေခၚအေ၀ၚသာ ကြဲေပမယ့္ Item စပ္ကစားတဲ့ သေဘာပါပဲ။

Version အသစ္မွာ Limiters ဆိုတဲ့ Mode အသစ္ ပါလာပါတယ္။ Functios နဲ႔ ဆင္ပါတယ္။ ဒါေပမဲ့ Limiters ကေတာ့ ရန္သူနဲ႔ တိုက္ခိုက္ခ်ိန္မွာမွ အလိုအေလ်ာက္ ထြက္ေပၚလာမယ့္ Item ပံုစံျဖစ္ၿပီး အဆင့္နိမ့္ေန ေသးခ်ိန္ Limiters မရႏုိင္ပါဘူး၊ Limiters ရၿပီ၊ သံုးၿပီဆိုရင္ေတာ့ ဇာတ္ေကာက္က Level တက္တာ ျမန္မယ္၊ စြမ္းရည္တိုးတက္ဖုိ႔ ပိုျမန္လာေစပါတယ္။ Level ျမင့္ျမင့္ ေရာက္ေလေလ Limiters ရဲ႕ အာနိသင္ျမင့္လာေလေလ ျဖစ္ပါတယ္။ ေနာက္ဆံုး ရင္ဆိုင္ရမယ့္ ရန္သူကေတာ့ Royce Bracket ပါ။ ေနာက္ဆံုး ရန္သူနဲ႔ ရင္ဆိုင္ခ်ိန္မွာ တိုက္ခိုက္မႈတစ္ခုတည္းတင္ မဟုတ္ေတာ့ဘဲ ဗ်ဴဟာေတြသံုးၿပီး အသာစီးရေအာင္ ကစားရျခင္းေတြ ပါလာမယ္၊ စကားေတြ အျပန္အလွန္ေျပာၿပီး မွန္ကန္တဲ့ ေရြးခ်ယ္မႈေတြ လုပ္ဖုိ႔လည္း ပါလာေသးတယ္။ ဒီေတာ့ တိုက္ခုိက္ဖုိ႔ပဲ အားသန္ၿပီး ေပၚလာတဲ့ စာေတြ ဂ႐ုစိုက္ မဖတ္ရင္ေတာ့ Royce ကို ႏုိင္မွာမဟုတ္ပါဘူး။ Royce ကို ႏုိင္ၿပီးရင္ေတာ့ Red က Cloudback
ၿမိဳ႕ႀကီးကို ကယ္တင္လုိက္ၿပီး ျပန္လည္ ထူေအာင္သြားတယ္ ဆိုရင္း ဇာတ္သိ္မ္းသြားမွာ ျဖစ္ပါတယ္။ Superhero တစ္ေယာက္ျဖစ္ခ်င္သူေတြအတြက္ေတာ့ Cloudback ကို ကယ္တင္
ရင္း Red အျဖစ္ ကစားၾကည့္ပါလုိ႔ ေျပာခ်င္ပါတယ္။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

အခုတစ်ပတ်မှာတော့ Switchနဲ့ ကစားနိုင်အောင် အသစ်ထွက်ရှိလာတဲ့ Update အသစ်ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Update လို့ ဆိုလိုက်တာ ကလည်း လုံးဝအသစ်အနေနဲ့ မဟုတ်ဘဲ Update အနေနဲ့ ထွက်လာတာကြောင့်ပါ။ ဒီဂိမ်းက ၂၀၁၄ ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး အဆိုပါ အချိန်က PS4 နဲ့ပဲ ကစားနိုင်ခဲ့တာပါ။ နောက်တော့ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးလာပြီး အခုတော့ Wins, OS X, Linux, iOS, tvOS တွေ အပြင် အခုနောက်ဆုံး Nintendo Switch နဲ့ပါ ကစားလာနိုင်တာ ဖြစ်ပါတယ်။ Apple TV ရှိသူတွေ
Siri Remote နဲ့တောင် ကစားနိုင်တဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

Upatde တစ်ခါလုပ်တိုင်း သိသာလောက်အောင် ပြင်ဆင် ဖန်တီးထားမှုတွေ ရှိခဲ့တော့ အခု Versionသစ်မှာရော ဘာတွေ ဆန်းသစ်ထားပါသလဲ။ တိုက်ခိုက် ရေး ဂိမ်းစစ်စစ်ဖြစ်ပြီး ပဟေဠိ ဆန်ဆန် နည်းလမ်းသုံး ဖြေရှင်း ကျော်ဖြတ်ရမှုတွေလည်း ပါမယ်။ Single အနေနဲ့ပဲ ကစားနိုင်သေးတဲ့ အချက်ကတော့ Transistor ကို ဂိမ်းသမားတိုင်းက အားနည်းချက်အဖြစ် သတ်မှတ်နေကြပါတယ်။ နောက်ပိုင်းမှာ Multi အနေနဲ့ နှစ်ယောက်တွဲ ကစားနိုင်အောင် ဖန်တီးဖို့ ရှိတယ်လို့တော့ သိရပါတယ်။

ဂိမ်းက စိတ်ကူးယဉ် မြို့ကြီး Cloudbank မှာ အခြေတည် ထားတယ်၊ ဒီမြို့ကို စက်ရုပ်ဆန် ဆန် တပ်ဖွဲ့ Camerata က တိုက်ခိုက် သိမ်းပိုက်ထားတယ်။ ဒီရန်သူတွေကို Red လို့ အမည်
ပေးထားတဲ့ နာမည်ကျော် အဆိုတော်မလေး ဇာတ်ကောင်ဖြစ်သူ Red က ပြန်လည် ကယ် တင်ရမယ်ပေါ့။ သူမရဲ့ အဓိက လက်နက်က ဓါးနဲ့ ဆင်တူတဲ့ အစွမ်းထက် Transistor ဖြစ်ပြီး
Itemတွေ ဝယ်စပ်သလို ကစားတဲ့အဆင့်မြင့်လာလေလေ Level တက်လာလေလေ ဖြစ်မှာပါ။

အခန်းတစ်ခန်း အောင်မြင် တိုင်း အမှတ်တွေ ရမယ်၊ ဒီအမှတ် တွေကို စုထားရမယ်၊ ရန်သူကြီးကြီးတွေကိ်ု အနိုင်ရပြီးတိုင်းစွမ်းအင် Item အသစ်တွေ ထွက်လာမယ်၊ စုထားနိုင်တယ်၊ မိမိလည်း Level တက်လာ မယ်ပေါ့။ ဒီဂိမ်းမှာတော့ Item တွေလို့ မသုံးဘဲ Functions လို့ သုံးပါတယ်။ Functions ၄ ခုကို ပေါင်းပြီး ချပ်ဝတ်အဖြစ် ပေါင်းစပ်ကစားနိုင်မယ်၊ မိမိ စိတ်ကြိုက်ဖြစ်တဲ့ Functions ကို ၄ မျိုး တစ်ခုဖြစ်အောင် စပ်ကစားနိုင်မယ်။ အခေါ်အဝေါ်သာ ကွဲပေမယ့် Item စပ်ကစားတဲ့ သဘောပါပဲ။

Version အသစ်မှာ Limiters ဆိုတဲ့ Mode အသစ် ပါလာပါတယ်။ Functios နဲ့ ဆင်ပါတယ်။ ဒါပေမဲ့ Limiters ကတော့ ရန်သူနဲ့ တိုက်ခိုက်ချိန်မှာမှ အလိုအလျောက် ထွက်ပေါ်လာမယ့် Item ပုံစံဖြစ်ပြီး အဆင့်နိမ့်နေ သေးချိန် Limiters မရနိုင်ပါဘူး၊ Limiters ရပြီ၊ သုံးပြီဆိုရင်တော့ ဇာတ်ကောက်က Level တက်တာ မြန်မယ်၊ စွမ်းရည်တိုးတက်ဖို့ ပိုမြန်လာစေပါတယ်။ Level မြင့်မြင့် ရောက်လေလေ Limiters ရဲ့ အာနိသင်မြင့်လာလေလေ ဖြစ်ပါတယ်။ နောက်ဆုံး ရင်ဆိုင်ရမယ့် ရန်သူကတော့ Royce Bracket ပါ။ နောက်ဆုံး ရန်သူနဲ့ ရင်ဆိုင်ချိန်မှာ တိုက်ခိုက်မှုတစ်ခုတည်းတင် မဟုတ်တော့ဘဲ ဗျူဟာတွေသုံးပြီး အသာစီးရအောင် ကစားရခြင်းတွေ ပါလာမယ်၊ စကားတွေ အပြန်အလှန်ပြောပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ဖို့လည်း ပါလာသေးတယ်။ ဒီတော့ တိုက်ခိုက်ဖို့ပဲ အားသန်ပြီး ပေါ်လာတဲ့ စာတွေ ဂရုစိုက် မဖတ်ရင်တော့ Royce ကို နိုင်မှာမဟုတ်ပါဘူး။ Royce ကို နိုင်ပြီးရင်တော့ Red က Cloudback
မြို့ကြီးကို ကယ်တင်လိုက်ပြီး ပြန်လည် ထူအောင်သွားတယ် ဆိုရင်း ဇာတ်သိ်မ်းသွားမှာ ဖြစ်ပါတယ်။ Superhero တစ်ယောက်ဖြစ်ချင်သူတွေအတွက်တော့ Cloudback ကို ကယ်တင်
ရင်း Red အဖြစ် ကစားကြည့်ပါလို့ ပြောချင်ပါတယ်။