Total War: Three Kingdoms

[ Zawgyi ]

ဒီတစ္ပတ္မွာေတာ့ ကိုယ္တိုင္ဝင္ေရာက္ တိုက္ခိုက္ရမႈထက္ စစ္ပရိယာယ္ႂကြယ္ႂကြယ္နဲ႔ တပ္ဖြဲ႕လိုက္ အႏိုင္ရေအာင္ ကစားရမယ့္ ဂိမ္းသစ္တစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ သူကေတာ့ သံုးပြင့္ဆိုင္ ရင္ဆိုင္ရမယ့္ Total War: Three Kingdoms ပါ။ Total War Series ေတြထဲမွာ ၁၂ ေခြေျမာက္ Update အျဖစ္ ထြက္ရွိလာျခင္းျဖစ္သလို အခု Version မွာ ထူးျခားခ်က္ကေတာ့ PC နဲ႔ ကစားႏုိင္လာတာပါ။ Wins ေရာ macOS နဲ႔ Linux ေတြအတြက္ပါ ရႏုိင္လာပါတယ္။ Single အေနနဲ႔ေရာ Multi အေနနဲ႔ ပါ ကစားႏုိင္လုိ႔ AI စနစ္နဲ႔
ကစားရတာထက္ ပိုၿပီးရင္ခုန္စရာ ေကာင္းမွာေတာ့ အမွန္ပါပဲ။

စစ္ေျမျပင္ တစ္ခုမွာ ကိုယ္တိုင္ေရာက္ရွိ အုပ္ခ်ဳပ္ေနရသလို အဖက္ဖက္က စစ္မ်က္ႏွာေတြကို မျပတ္တမ္းေစာင့္ၾကည့္ အမိန္႔ေပးရမယ္၊ ၿပီးရင္ေအာင္ျမင္ေအာင္ တိုက္ခိုက္အႏုိင္ယူရမွာပါ။ အဓိက ဇာတ္ေကာင္ ၃ ဦးပါရွိပါမယ္။ Cao Cao, Liu Bei နဲ႔ Sun Jian ေတြပါ။ မိမိႏွစ္သက္ရာ ဇာတ္ေကာင္ကို ေရြးခ်ယ္ကစားႏိုင္ပါတယ္။ ဇာတ္ေကာင္ တစ္ဦးခ်င္းစီ ဦးေဆာင္တဲ့ တပ္ဖြဲ႕ တစ္ဖြဲ႕မွာ အားသာခ်က္ ကိုယ္စီရွိပါတယ္။ ခံစစ္နဲ႔ ၿမိဳ႕တြင္းက တပ္ကိုဦးေဆာင္မွာလား၊ ၿမိဳ႕ျပင္ကေန က်ဴးေက်ာ္ တိုက္ခုိက္သူအျဖစ္ အႏုိင္ရေအာင္ တိုက္မွာလား၊ စစ္ကူတပ္အျဖစ္ အားနည္းေနတဲ့ တပ္မႏွစ္ခုကို ၾကားျဖတ္အႏုိင္ယူမွာလား၊ ဒါက မိမိ သေဘာအတုိင္းပါပဲ။

ကစားသူက မိမိရဲ႕တပ္တစ္ခုလံုးကို ေစာင့္ၾကည့္အမိန္႔ ေပးရမွာပါ။ ေရွးေခတ္ စစ္တပ္ျဖစ္လုိ႔ ျမႇားသမားေတြ၊ ေျခလ်င္တပ္သားေတြ၊ ေလာက္လႊဲေတြနဲ႔ ခံစစ္အေနအထားျဖစ္ျဖစ္၊ တိုက္စစ္ ပံုစံျဖစ္ျဖစ္ စိတ္ႀကိဳက္ စစ္ကိုပံုေဖာ္ႏုိင္မွာပါ။ ရန္သူရဲ႕ ဦးေဆာင္သူ စစ္သူႀကီးကို သတ္ႏုိ္င္တာနဲ႔ ကစားပြဲကို အႏုိင္ရမွာပါ။ ဘယ္ေလာက္ပဲ မိမိတပ္က အသာရေနပါေစ ရန္သူရဲ႕ စစ္သူႀကီး မေသေသးရင္ေတာ့ ႏုိင္မွာမဟုတ္ေသးပါဘူး။ ၿပီးေတာ့ အခု Version မွာ ထူးျခားခ်က္က သံုးပြင့္ဆိုင္ အေနအထားမွာ ေခါင္းေဆာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်ိတ္္ဆက္ႏုိ္င္လာျခင္းပါ၊ ျပင္ပလက္ေတြ႕ဘဝမွာ သံတမန္ေရးရာ ေျပာဆိုဆက္ဆံသလို ခ်ိတ္ဆက္လာႏိုင္ပါတယ္။ ရလဒ္ကေတာ့ သံုးပြင့္ဆိုင္အေနအထားကေန မိမိနဲ႔ အျခားတပ္မတစ္ခု မဟာမိတ္ ျဖစ္လာႏုိင္သလို ရန္သူရဲ႕ တပ္မေတြလည္း မဟာမိတ္ျဖစ္သြားႏိုင္လုိ႔ မထင္မွတ္ဘဲ စိန္ေခၚမႈက ခ်က္ခ်င္းႀကီးမားသြား ႏုိင္တာပဲျဖစ္ပါတယ္။ မိမိတပ္မအေနနဲ႔ မဟာမိတ္ ရရင္ေတာ့ အႏုိင္ရဖို႔ ပိုမိုလြယ္ကူသြားမွာပါ။

ဒီေတာ့ စစ္တိုက္ေန႐ံု၊ ပရိယာယ္ ေကာင္းေန႐ံုနဲ႔ေတာ့ မရေတာ့ပါဘူး။ သံခင္းတမန္ခင္းလည္း ေကာင္းေနရဦးမွာပါ။ ဂိမ္းမွာ ခြဲျခားကစားႏုိင္မယ့္ Mode ႏွစ္ခုပါရွိပါတယ္။ Romance နဲ႔ Classic ျဖစ္ပါတယ္။ Classic ကေတာ့ ရာဇ၀င္ထဲကအ တိုင္း နယ္ပယ္၊ စစ္အင္အား၊ အေျခအေန အရပ္ရပ္ကို ပံုေသနည္းအတုိင္း ဖန္တီးထားလို႔ ကစားရ နည္းနည္း ပိုခက္ပါတယ္။ Romance ကေတာ့ စစ္မစတင္ခင္ကတည္းက အေျခအေနကို မိမိ စိတ္ႀကိဳက္ ဖန္တီးႏုိင္မႈရွိလို႔ ကစားရတာ လြယ္ေစပါတယ္။ ဒါေပမဲ့ Total War မကစားဖူးေသးသူေတြ အေနနဲ႔ေတာ့ ေရွ႕ပိုင္းမွာ Romance နဲ႔ ကစားရင္း အသားက်ေအာင္ လုပ္ႏုိင္ပါတယ္။ သူငယ္ခ်င္းေတြ ရွိရင္ေတာ့ အခ်င္းခ်င္း အဖြဲ႕လိုက္ Multi အေနနဲ႔ ဘယ္သူက စစ္ပရိယာယ္ပိုေကာင္းသလဲ ကစားၾကည့္လုိ႔ ရတာေပါ့။ ခံစစ္ေနရာက ကစားရသည့္တိုင္ေအာင္ စစ္ျပင္ဆင္မႈ ေကာင္းရင္ေတာ့ ထိုးစစ္ကို အႏုိ္င္ယူႏုိင္ပါလိမ့္မယ္။ ကဲ…သံုးပြင့္ဆုိုင္ စစ္ပြဲမွာ သင္က ဘယ္ေလာက္ စစ္ေရးကၽြမ္းက်င္သူ ျဖစ္မလဲ။

-သက္ႏုိင္ဦး (UCSL)

[ Unicode ]

ဒီတစ်ပတ်မှာတော့ ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်ရမှုထက် စစ်ပရိယာယ်ကြွယ်ကြွယ်နဲ့ တပ်ဖွဲ့လိုက် အနိုင်ရအောင် ကစားရမယ့် ဂိမ်းသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ သုံးပွင့်ဆိုင် ရင်ဆိုင်ရမယ့် Total War: Three Kingdoms ပါ။ Total War Series တွေထဲမှာ ၁၂ ခွေမြောက် Update အဖြစ် ထွက်ရှိလာခြင်းဖြစ်သလို အခု Version မှာ ထူးခြားချက်ကတော့ PC နဲ့ ကစားနိုင်လာတာပါ။ Wins ရော macOS နဲ့ Linux တွေအတွက်ပါ ရနိုင်လာပါတယ်။ Single အနေနဲ့ရော Multi အနေနဲ့ ပါ ကစားနိုင်လို့ AI စနစ်နဲ့
ကစားရတာထက် ပိုပြီးရင်ခုန်စရာ ကောင်းမှာတော့ အမှန်ပါပဲ။

စစ်မြေပြင် တစ်ခုမှာ ကိုယ်တိုင်ရောက်ရှိ အုပ်ချုပ်နေရသလို အဖက်ဖက်က စစ်မျက်နှာတွေကို မပြတ်တမ်းစောင့်ကြည့် အမိန့်ပေးရမယ်၊ ပြီးရင်အောင်မြင်အောင် တိုက်ခိုက်အနိုင်ယူရမှာပါ။ အဓိက ဇာတ်ကောင် ၃ ဦးပါရှိပါမယ်။ Cao Cao, Liu Bei နဲ့ Sun Jian တွေပါ။ မိမိနှစ်သက်ရာ ဇာတ်ကောင်ကို ရွေးချယ်ကစားနိုင်ပါတယ်။ ဇာတ်ကောင် တစ်ဦးချင်းစီ ဦးဆောင်တဲ့ တပ်ဖွဲ့ တစ်ဖွဲ့မှာ အားသာချက် ကိုယ်စီရှိပါတယ်။ ခံစစ်နဲ့ မြို့တွင်းက တပ်ကိုဦးဆောင်မှာလား၊ မြို့ပြင်ကနေ ကျူးကျော် တိုက်ခိုက်သူအဖြစ် အနိုင်ရအောင် တိုက်မှာလား၊ စစ်ကူတပ်အဖြစ် အားနည်းနေတဲ့ တပ်မနှစ်ခုကို ကြားဖြတ်အနိုင်ယူမှာလား၊ ဒါက မိမိ သဘောအတိုင်းပါပဲ။

ကစားသူက မိမိရဲ့တပ်တစ်ခုလုံးကို စောင့်ကြည့်အမိန့် ပေးရမှာပါ။ ရှေးခေတ် စစ်တပ်ဖြစ်လို့ မြှားသမားတွေ၊ ခြေလျင်တပ်သားတွေ၊ လောက်လွှဲတွေနဲ့ ခံစစ်အနေအထားဖြစ်ဖြစ်၊ တိုက်စစ် ပုံစံဖြစ်ဖြစ် စိတ်ကြိုက် စစ်ကိုပုံဖော်နိုင်မှာပါ။ ရန်သူရဲ့ ဦးဆောင်သူ စစ်သူကြီးကို သတ်နို်င်တာနဲ့ ကစားပွဲကို အနိုင်ရမှာပါ။ ဘယ်လောက်ပဲ မိမိတပ်က အသာရနေပါစေ ရန်သူရဲ့ စစ်သူကြီး မသေသေးရင်တော့ နိုင်မှာမဟုတ်သေးပါဘူး။ ပြီးတော့ အခု Version မှာ ထူးခြားချက်က သုံးပွင့်ဆိုင် အနေအထားမှာ ခေါင်းဆောင် တစ်ယောက်နဲ့ တစ်ယောက် ချိတ််ဆက်နို်င်လာခြင်းပါ၊ ပြင်ပလက်တွေ့ဘဝမှာ သံတမန်ရေးရာ ပြောဆိုဆက်ဆံသလို ချိတ်ဆက်လာနိုင်ပါတယ်။ ရလဒ်ကတော့ သုံးပွင့်ဆိုင်အနေအထားကနေ မိမိနဲ့ အခြားတပ်မတစ်ခု မဟာမိတ် ဖြစ်လာနိုင်သလို ရန်သူရဲ့ တပ်မတွေလည်း မဟာမိတ်ဖြစ်သွားနိုင်လို့ မထင်မှတ်ဘဲ စိန်ခေါ်မှုက ချက်ချင်းကြီးမားသွား နိုင်တာပဲဖြစ်ပါတယ်။ မိမိတပ်မအနေနဲ့ မဟာမိတ် ရရင်တော့ အနိုင်ရဖို့ ပိုမိုလွယ်ကူသွားမှာပါ။

ဒီတော့ စစ်တိုက်နေရုံ၊ ပရိယာယ် ကောင်းနေရုံနဲ့တော့ မရတော့ပါဘူး။ သံခင်းတမန်ခင်းလည်း ကောင်းနေရဦးမှာပါ။ ဂိမ်းမှာ ခွဲခြားကစားနိုင်မယ့် Mode နှစ်ခုပါရှိပါတယ်။ Romance နဲ့ Classic ဖြစ်ပါတယ်။ Classic ကတော့ ရာဇဝင်ထဲကအ တိုင်း နယ်ပယ်၊ စစ်အင်အား၊ အခြေအနေ အရပ်ရပ်ကို ပုံသေနည်းအတိုင်း ဖန်တီးထားလို့ ကစားရ နည်းနည်း ပိုခက်ပါတယ်။ Romance ကတော့ စစ်မစတင်ခင်ကတည်းက အခြေအနေကို မိမိ စိတ်ကြိုက် ဖန်တီးနိုင်မှုရှိလို့ ကစားရတာ လွယ်စေပါတယ်။ ဒါပေမဲ့ Total War မကစားဖူးသေးသူတွေ အနေနဲ့တော့ ရှေ့ပိုင်းမှာ Romance နဲ့ ကစားရင်း အသားကျအောင် လုပ်နိုင်ပါတယ်။ သူငယ်ချင်းတွေ ရှိရင်တော့ အချင်းချင်း အဖွဲ့လိုက် Multi အနေနဲ့ ဘယ်သူက စစ်ပရိယာယ်ပိုကောင်းသလဲ ကစားကြည့်လို့ ရတာပေါ့။ ခံစစ်နေရာက ကစားရသည့်တိုင်အောင် စစ်ပြင်ဆင်မှု ကောင်းရင်တော့ ထိုးစစ်ကို အနို်င်ယူနိုင်ပါလိမ့်မယ်။ ကဲ…သုံးပွင့်ဆိုုင် စစ်ပွဲမှာ သင်က ဘယ်လောက် စစ်ရေးကျွမ်းကျင်သူ ဖြစ်မလဲ။