TikTok နဲ႔ TikTok Lite App ဘယ္ဟာ အေကာင္းဆုံးျဖစ္မလဲ

[ Zawgyi ]

အရင္က Musical.ly ဆိုၿပီး သိၾကတဲ့ TikTok ဆိုတာကေတာ လက္ရွိဆိုရွယ္မီဒီယာ app တစ္ခုအေနနဲ႔ သုံးစြဲတဲ့သူေတြမ်ားလာတဲ့ app တစ္ခုျဖစ္ပါတယ္။ ဒီ app က သုံးစြဲသူေတြအေနနဲ႔ ဆန္းျပားၿပီး ေပ်ာ္ရႊင္ဖြယ္ရာ ဗီဒီယုိေတြကို အလြယ္တကူ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ မွ်ေဝႏိုင္သလို မိမိစိတ္ႀကိဳက္ ဟာသဗီဒီယုိေတြကို တည္းျဖတ္မႈနဲ႔ ဖန္တီးမႈေတြကို ေကာင္းေကာင္း လုပ္ေဆာင္ႏုိင္ပါတယ္။

၂ဝ၁၈ ခုႏွစ္ ၾသဂုတ္လထဲမွာ TikTok ကိုဖန္တီးခဲ့တဲ့ Bytemode Pte Ltd (ByteDance) ကေန TikTok Lite ဆိုၿပီး App ကို အေရွ႕ ေတာင္အာရွႏုိင္ငံေတြအတြက္ ထပ္ထုတ္ခဲ့ပါတယ္။ ဒီ app က ခုဆိုရင္ အာရွမွာသာမဘဲ အာဖရိကဘက္မွာ အသုံးျပဳႏုိင္ၿပီျဖစ္သလို သုံးစြဲသူေပါင္း ၇ မီလီယံေက်ာ္ရွိ ပါတယ္။ ၂ဝ၁၈ ခုႏွစ္ ႏိုဝင္ဘာလေလာက္မွာေတာ့ TikTok ကို တစ္ကမၻာလုံး ပုံမွန္ Active သုံးတဲ့သူက တစ္လကို ၈ဝဝ မီလီယံ ေလာက္ရွိခဲ့ပါတယ္။

ဒါနဲ႔ဆက္စပ္ၿပီး ေျပာရမယ္ဆိုရင္ TikTok နဲ႔ TikTok Lite ႏွစ္က ဘယ္လိုကြာျခားလဲ။ ဘယ္ဟာက အေကာင္းဆုံးျဖစ္မလဲဆိုတာကို ေအာက္မွာႏႈိင္းယွဥ္ျပသြားမွာ ျဖစ္ပါတယ္။

Storage & Battery

ပုံမွန္အားျဖင့္ Lite ဗားရွင္း app ေတြက ဖုိင္ဆိုဒ္အားျဖင့္ ပုံမွန္ app ထက္ နည္းပါတယ္။ ဘာလို႔လဲဆိုေတာ့ တစ္ခ်ဳိ႕လုပ္ေဆာင္ခ်က္ေတြကို ေလ်ာ့ခ်လိုက္လို႔ျဖစ္ပါ တယ္။ TikTok app ရဲ႕ ဖုိင္ဆိုဒ္က 128MB ရွိပါတယ္။ ဖုန္းထဲထည့္ သြင္းဖို႔အတြက္ ဆိုဒ္ျဖစ္ၿပီး app data + cache ပါပါရင္ေတာ့ ဒီထက္ပိုၿပီးေတာ့ ဖုန္းမွာ သိုေလွာင္ ႏုိင္မႈပမာဏ ပိုလိုပါတယ္။ ကၽြန္ေတာ္ ဖုန္းမွာေတာ့ 300MB ေက်ာ္ ရွိပါတယ္။

TikTok Lite ကေတာ့ အဲဒီဆိုဒ္ ထက္ 30MB ပိုၿပီးနည္းပါတယ္။ app data + cache data ပါပါရင္ ေတာ့ 125MB ပဲရွိပါတယ္။

အဲဒီဗားရွင္းႏွစ္မ်ဳိးလုံးက ဗီဒီယို playback နဲ႔ ဖုန္းဘက္ထရီ သုံးစြဲမႈပိုင္းကေတာ့ ႏွစ္ခုလုံး အတူတူေလာက္ပါပဲ။ app ႏွစ္ခုလုံး ကို ၂၁ မိနစ္ေလာက္ စမ္းၾကည့္တာေတာ့ ပါ၀ါသုံးစြဲမႈႏႈန္း ၄ ရာခုိင္ႏႈန္း ေလာက္ရွိပါတယ္။

Overall Interface & Load Time

app ႏွစ္ခုလုံး အသုံးျပဳရတဲ့ Interface ပိုင္းကေတာ့ ေတာ္ေတာ္မ်ားမ်ား တူပါတယ္။ ဗီဒီယုိပိုင္း home ခလုတ္၊ Search ၊ upload ၊ notification နဲ႔ profile စတာေတြကေတာ့ တူတူပါပဲ။

Profile & Settings

TikTok မွာေတာ့ ကိုယ္ပိုင္ Tikcode ကို အသုံးျပဳႏုိင္ပါတယ္။ ဒီ code ကိုသုံးၿပီး အလြယ္တကူ san လုပ္ႏုိင္မွာျဖစ္ပါတယ္။

ေနာက္ထပ္ တစ္ကိုယ္ေရ privacy options ကို ကိုယ္တုိင္ျပင္ဆင္ ထားႏုိင္ပါတယ္။ ကိုယ့္အေနနဲ႔ ကိုယ့္ရဲ႕ဗီဒီယုိကို ဘယ္သူကိုပဲ ေပးၾကည့္မယ္၊ Download ေပးလုပ္မယ္ဆိုတာမ်ဳိးေတြကို ကန္႔သတ္ထားႏုိင္ပါတယ္။

အဲထက္ပိုၿပီး settings ထဲမွာ Block List, Digital Wellbeing, LivePhoto, Wallet နဲ႔ အျခားလုပ္ ေဆာင္ခ်က္ေတြ ပါဝင္ပါေသးတယ္။

အဲလိုမ်ဳိး တစ္ခ်ဳိ႕လုပ္ေဆာင္ခ်က္ေတြကို TikTok Lite app မွာေတာ့ မထည့္သြင္းထားပါဘူး။ ဒီ app မွာေတာ့ ေအာက္ကပုံအတုိင္း ႐ိုး႐ိုးရွင္းရွင္း အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

အျခား Features မ်ား

အေပၚက ႏိႈႈင္းယွဥ္ျပခဲ့တာေတြအျပင္ ေနာက္မတူညီတဲ့ အပိုင္းေတြကေတာ့ Duet, React, Save Video,Share as GIF, Favorites နဲ႔ Live Photos စတဲ့ TikTok app မွာ အသုံးျပဳႏုိင္တဲ့ လုပ္ေဆာင္ခ်က္ေတြကို TikTok Lite မွာ လုပ္ေဆာင္ႏုိင္မွာ မဟုတ္ပါဘူး။ ေနာက္ၿပီး Share လုပ္ေဆာင္ခ်က္ကလည္း ေအာက္ကပုံအတုိင္း အနည္းငယ္ကြဲျပားမွာ ျဖစ္ပါတယ္။ TikTok Lite မွာ Share လုပ္ေဆာင္ခ်က္ကို Copy Link နဲ႔ Report အေနနဲ႔သာ ပါဝင္တာေတြ႔ရမွာပါ။

မိမိအေနနဲ႔ comment, Like လုပ္ဖို႔၊ ဗီဒီယုိေတြကို follow လုပ္ ဖို႔ေလာက္ပဲ TikTok Lite ကို ဖန္တီးထားတာျဖစ္တဲ့ ဖုန္းမွာပါဝင္ သုံးစြဲမႈေတာ့ ေတာ္ေတာ္ေလ်ာ့နည္းမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ့္အေန နဲ႔ လူမႈမီယာမွာ ဗီဒီယုိေတြကို ဖန္တီးရတာနဲ႔ ပတ္သက္ၿပီး အရမ္းကိုစိတ္ဝင္စားတယ္ ေန႔စဥ္အသစ္ အသစ္ေတြ ဖန္တီးဖို႔အတြက္ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ TikTok app ကို အသုံးျပဳသင့္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

အရင်က Musical.ly ဆိုပြီး သိကြတဲ့ TikTok ဆိုတာကတော လက်ရှိဆိုရှယ်မီဒီယာ app တစ်ခုအနေနဲ့ သုံးစွဲတဲ့သူတွေများလာတဲ့ app တစ်ခုဖြစ်ပါတယ်။ ဒီ app က သုံးစွဲသူတွေအနေနဲ့ ဆန်းပြားပြီး ပျော်ရွှင်ဖွယ်ရာ ဗီဒီယိုတွေကို အလွယ်တကူ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မျှဝေနိုင်သလို မိမိစိတ်ကြိုက် ဟာသဗီဒီယိုတွေကို တည်းဖြတ်မှုနဲ့ ဖန်တီးမှုတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်။

၂ဝ၁၈ ခုနှစ် သြဂုတ်လထဲမှာ TikTok ကိုဖန်တီးခဲ့တဲ့ Bytemode Pte Ltd (ByteDance) ကနေ TikTok Lite ဆိုပြီး App ကို အရှေ့ တောင်အာရှနိုင်ငံတွေအတွက် ထပ်ထုတ်ခဲ့ပါတယ်။ ဒီ app က ခုဆိုရင် အာရှမှာသာမဘဲ အာဖရိကဘက်မှာ အသုံးပြုနိုင်ပြီဖြစ်သလို သုံးစွဲသူပေါင်း ရ မီလီယံကျော်ရှိ ပါတယ်။ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလလောက်မှာတော့ TikTok ကို တစ်ကမ္ဘာလုံး ပုံမှန် Active သုံးတဲ့သူက တစ်လကို ၈ဝဝ မီလီယံ လောက်ရှိခဲ့ပါတယ်။

ဒါနဲ့ဆက်စပ်ပြီး ပြောရမယ်ဆိုရင် TikTok နဲ့ TikTok Lite နှစ်က ဘယ်လိုကွာခြားလဲ။ ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲဆိုတာကို အောက်မှာနှိုင်းယှဉ်ပြသွားမှာ ဖြစ်ပါတယ်။

Storage & Battery

ပုံမှန်အားဖြင့် Lite ဗားရှင်း app တွေက ဖိုင်ဆိုဒ်အားဖြင့် ပုံမှန် app ထက် နည်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့လုပ်ဆောင်ချက်တွေကို လျော့ချလိုက်လို့ဖြစ်ပါ တယ်။ TikTok app ရဲ့ ဖိုင်ဆိုဒ်က 128MB ရှိပါတယ်။ ဖုန်းထဲထည့် သွင်းဖို့အတွက် ဆိုဒ်ဖြစ်ပြီး app data + cache ပါပါရင်တော့ ဒီထက်ပိုပြီးတော့ ဖုန်းမှာ သိုလှောင် နိုင်မှုပမာဏ ပိုလိုပါတယ်။ ကျွန်တော် ဖုန်းမှာတော့ 300MB ကျော် ရှိပါတယ်။

TikTok Lite ကတော့ အဲဒီဆိုဒ် ထက် 30MB ပိုပြီးနည်းပါတယ်။ app data + cache data ပါပါရင် တော့ 125MB ပဲရှိပါတယ်။

အဲဒီဗားရှင်းနှစ်မျိုးလုံးက ဗီဒီယို playback နဲ့ ဖုန်းဘက်ထရီ သုံးစွဲမှုပိုင်းကတော့ နှစ်ခုလုံး အတူတူလောက်ပါပဲ။ app နှစ်ခုလုံး ကို ၂၁ မိနစ်လောက် စမ်းကြည့်တာတော့ ပါ၀ါသုံးစွဲမှုနှုန်း ၄ ရာခိုင်နှုန်း လောက်ရှိပါတယ်။

Overall Interface & Load Time

app နှစ်ခုလုံး အသုံးပြုရတဲ့ Interface ပိုင်းကတော့ တော်တော်များများ တူပါတယ်။ ဗီဒီယိုပိုင်း home ခလုတ်၊ Search ၊ upload ၊ notification နဲ့ profile စတာတွေကတော့ တူတူပါပဲ။

Profile & Settings

TikTok မှာတော့ ကိုယ်ပိုင် Tikcode ကို အသုံးပြုနိုင်ပါတယ်။ ဒီ code ကိုသုံးပြီး အလွယ်တကူ san လုပ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ် တစ်ကိုယ်ရေ privacy options ကို ကိုယ်တိုင်ပြင်ဆင် ထားနိုင်ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ဗီဒီယိုကို ဘယ်သူကိုပဲ ပေးကြည့်မယ်၊ Download ပေးလုပ်မယ်ဆိုတာမျိုးတွေကို ကန့်သတ်ထားနိုင်ပါတယ်။

အဲထက်ပိုပြီး settings ထဲမှာ Block List, Digital Wellbeing, LivePhoto, Wallet နဲ့ အခြားလုပ် ဆောင်ချက်တွေ ပါဝင်ပါသေးတယ်။

အဲလိုမျိုး တစ်ချို့လုပ်ဆောင်ချက်တွေကို TikTok Lite app မှာတော့ မထည့်သွင်းထားပါဘူး။ ဒီ app မှာတော့ အောက်ကပုံအတိုင်း ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အခြား Features များ

အပေါ်က နှိုှုင်းယှဉ်ပြခဲ့တာတွေအပြင် နောက်မတူညီတဲ့ အပိုင်းတွေကတော့ Duet, React, Save Video,Share as GIF, Favorites နဲ့ Live Photos စတဲ့ TikTok app မှာ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေကို TikTok Lite မှာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး Share လုပ်ဆောင်ချက်ကလည်း အောက်ကပုံအတိုင်း အနည်းငယ်ကွဲပြားမှာ ဖြစ်ပါတယ်။ TikTok Lite မှာ Share လုပ်ဆောင်ချက်ကို Copy Link နဲ့ Report အနေနဲ့သာ ပါဝင်တာတွေ့ရမှာပါ။

မိမိအနေနဲ့ comment, Like လုပ်ဖို့၊ ဗီဒီယိုတွေကို follow လုပ် ဖို့လောက်ပဲ TikTok Lite ကို ဖန်တီးထားတာဖြစ်တဲ့ ဖုန်းမှာပါဝင် သုံးစွဲမှုတော့ တော်တော်လျော့နည်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အနေ နဲ့ လူမှုမီယာမှာ ဗီဒီယိုတွေကို ဖန်တီးရတာနဲ့ ပတ်သက်ပြီး အရမ်းကိုစိတ်ဝင်စားတယ် နေ့စဉ်အသစ် အသစ်တွေ ဖန်တီးဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ TikTok app ကို အသုံးပြုသင့်ပါတယ်။