The Messenger

[ Zawgyi ]

႐ုပ္ထြက္နဲ႔ ဇာတ္လမ္းသြား အျပင္အဆင္ေတြကို ျမင္လုိက္ေတာ့ ၂၀၁၀ ခုႏွစ္ေလာက္က ဂိမ္းေလာကကို ျပန္ေရာက္သြားသလုိ ခံစားမိေစပါတယ္။ ဟုတ္ပါတယ္၊ ဒီေန႔ေခတ္ထဲမွာေတာ့ အေပ်ာ္တမ္းကစားတဲ့ ဂိမ္းအဆင့္ေလာက္ပဲလို႔ ထင္ရေပမယ့္ ႐ိုး႐ိုးေလးနဲ႔ ဆန္းေအာင္ ဖန္တီးထားလို႔ Gamer ေတြ စိတ္ဝင္စားမယ့္ ဂိမ္းသစ္ေလးပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ထြက္ရွိထားတ့ဲ ဂိမ္းသစ္ေလးျဖစ္ၿပီး Wins သမားေတြ အတြက္ေရာ Nintendo Switch အတြက္ပါ ကစားႏုိင္ေအာင္ ထုတ္လုပ္ထားတာ ေတြ႕ရပါတယ္။

တိုက္ခိုက္ေရး ဂိမ္းေလးတစ္ခုျဖစ္ၿပီး Single အေနနဲ႔ပဲ ကစားႏိုင္ပါလိမ့္မယ္။ ဇာတ္ေကာင္က နင္ဂ်ာတစ္ေယာက္အေနနဲ႔ ပါဝင္ကစားရမွာျဖစ္ၿပီး သူက မိစာၦတပ္ေတြကို ရင္ဆိုင္တိုက္ခိုက္ရမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအစမွာ နင္ဂ်ာေလးရွိတဲ့ ရြာကိုမိစာၦတပ္ ေတြက ဝင္တိုက္ခုိက္တယ္၊ ၿပီးေတာ့ ရြာရဲ႕ေမွာ္စြမ္းအင္ေတြကို ရယူသြားတယ္၊ အဲဒီမွာနင္ဂ်ာေလးကလိုက္ၿပီး ျပန္လည္တိုက္ခုိက္ရင္း စြမ္းအင္ေတြ ျပန္ရေအာင္ ႀကိဳးစားရမွာပါ။ အခန္းတစ္ခန္း ေအာင္ျမင္တိုင္း ဘာဆက္လုပ္ရမယ္ဆိုတဲ့ တာဝန္သစ္တစ္ခုကို ရပါလိမ့္မယ္။

အဲဒီ တာဝန္ကို ေအာင္ျမင္ေအာင္ ေနာက္တစ္ဆင့္ ဆက္ကစားၿပီး အႏုိင္ယူရမွာပါ။ ကစားေနခ်ိန္အတြင္း ဇာတ္လမ္းသြားတစ္ေလွ်ာက္ ရလာတဲ့ ေငြေတြနဲ႔ Item ေတြကို စုထားၿပီး ကစားသူက Ability နဲ႔ Power ေတြကို Unlock ျဖစ္ေအာင္ ႀကိဳးစားရပါလိမ့္မယ္။ ဒီလိုစြမ္းရည္ေတြ ပြင့္လာေလေလ ဇာတ္ေကာင္က စြမ္းအင္ပိုေကာင္း လာေလေလျဖစ္ၿပီး တျခားဂိမ္းေတြမွာလို Item ေတြ စပ္စရာမလိုတာေၾကာင့္ ကစားရ ပိုလြယ္ေစပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာ Item ေတြ စပ္စရာမလုိေပမယ့္ လုိအပ္တဲ့ ေနရာမွာလိုအပ္တဲ့ Ability ကိုမွန္ေအာင္ သံုးတတ္ဖုိ႔ေတာ့ လိုအပ္လာပါလိမ့္မယ္။

Ability ပိုင္းမွာ နင္ဂ်ာေလး အတြက္ နံရံေတြကို တြယ္ကပ္တက္ေရာက္ႏုိင္မႈ၊ ေမွာ္စြမ္း အားနဲ႔ ပစ္ခတ္တိုက္ခိုက္မႈလို စြမ္းရည္ေတြ ပါဝင္သလို Power ပိုင္းမွာ အခိ်န္ခရီးသြားလာမႈ ပံုစံလိုထင္မထားရတဲ့ အသံုးခ်ႏုိင္မႈ စြမ္းရည္ေတြ ထည့္သြင္းဖန္တီးထားလို႔ အခုစာကို ဖတ္ေနရင္းေတာင္ ဘယ္လိုအခ်ိန္ ခရီးသြားကစားမလဲဆိုတာ သင္စိတ္ဝင္စားေနေလာက္ပါၿပီ။ ဟုတ္ပါတယ္၊ အခုဂိမ္းက ႐ုပ္ထြက္ ႐ိုးေပမယ့္ လူႀကီးေရာကေလးေတြပါ လက္ခံကစား ႏုိင္မယ့္ ဂိမ္းေလးပါ။ ရန္သူနဲ႔ တိုက္ခုိက္တုိင္း မွန္ကန္တဲ့ စြမ္းရည္ကို ေရြးခ်ယ္ တိုက္ခုိက္ႏုိင္ရမယ္၊ ဇာတ္လမ္းသြားဂိမ္းပံုစံျဖစ္လုိ႔ ေထာင္ေခ်ာက္ေတြကို ေက်ာ္ျဖတ္ရမယ္၊ ေရကူးရတဲ့ အခန္းေတြေတာင္ ပါတယ္၊

မိစာၦတပ္ေတြရဲ႕ ေထာင္ေခ်ာက္ ေတြကိုခုန္၊ ပ်ံေက်ာ္လႊားပံုစံနဲ႔ ေက်ာ္ျဖတ္ရမယ္။ မဟုတ္ ရင္ေတာ့ အခန္းအစကေန ျပန္ကစားရလို႔ တစ္ဆင့္ေအာင္ဖို႔ လည္ေနပါလိမ့္မယ္။ သိရသေလာက္ အခုဂိမ္းကို ၂၀၁၆ ကတည္းက ဖန္တီးေနတာ ျဖစ္ၿပီး မိတ္ဆက္ခ်ိန္ကတည္းက Start-Up Numix ၂၀၁၆ ခုကို ရထားတာပါ။ ၂၀၁၇ အတြင္း ကလည္း Best Music ဆုေရာ Best Gameplay ဂိမ္းဆုပါ သိမ္းပိုက္ လုိက္ပါေသးတယ္။ ဒါဆိုရင္ေတာ့ ပံုၾကည့္ၿပီး ကေလးဂိမ္းပါလုိ႔ ထင္မိသူေတြ အတြက္ကေတာ့ စမ္းကစားခ်င္စိတ္ ေပါက္ေနေလာက္ ပါၿပီ၊ တကယ္ေတာ့ ကစားၾကည့္ပါ၊ တစ္ဆင့္ေအာင္ဖုိ႔ေတာင္ မလြယ္လွတဲ့ ဂိမ္းသစ္ေလးပါပဲ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ရုပ်ထွက်နဲ့ ဇာတ်လမ်းသွား အပြင်အဆင်တွေကို မြင်လိုက်တော့ ၂၀၁၀ ခုနှစ်လောက်က ဂိမ်းလောကကို ပြန်ရောက်သွားသလို ခံစားမိစေပါတယ်။ ဟုတ်ပါတယ်၊ ဒီနေ့ခေတ်ထဲမှာတော့ အပျော်တမ်းကစားတဲ့ ဂိမ်းအဆင့်လောက်ပဲလို့ ထင်ရaပမယ့် ရိုးရိုးလေးနဲ့ ဆန်းအောင် ဖန်တီးထားလို့ Gamer တွေ စိတ်ဝင်စားမယ့် ဂိမ်းသစ်လေးပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထွက်ရှိထားတဲ့ ဂိမ်းသစ်လေးဖြစ်ပြီး Wins သမားတွေ အတွက်ရော Nintendo Switch အတွက်ပါ ကစားနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

တိုက်ခိုက်ရေး ဂိမ်းလေးတစ်ခုဖြစ်ပြီး Single အနေနဲ့ပဲ ကစားနိုင်ပါလိမ့်မယ်။ ဇာတ်ကောင်က နင်ဂျာတစ်ယောက်အနေနဲ့ ပါဝင်ကစားရမှာဖြစ်ပြီး သူက မိစ္ဆာတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ နင်ဂျာလေးရှိတဲ့ ရွာကိုမိစ္ဆာတပ် တွေက ဝင်တိုက်ခိုက်တယ်၊ ပြီးတော့ ရွာရဲ့မှော်စွမ်းအင်တွေကို ရယူသွားတယ်၊ အဲဒီမှာနင်ဂျာလေးကလိုက်ပြီး ပြန်လည်တိုက်ခိုက်ရင်း စွမ်းအင်တွေ ပြန်ရအောင် ကြိုးစားရမှာပါ။ အခန်းတစ်ခန်း အောင်မြင်တိုင်း ဘာဆက်လုပ်ရမယ်ဆိုတဲ့ တာဝန်သစ်တစ်ခုကို ရပါလိမ့်မယ်။

အဲဒီ တာဝန်ကို အောင်မြင်အောင် နောက်တစ်ဆင့် ဆက်ကစားပြီး အနိုင်ယူရမှာပါ။ ကစားနေချိန်အတွင်း ဇာတ်လမ်းသွားတစ်လျှောက် ရလာတဲ့ ငွေတွေနဲ့ Item တွေကို စုထားပြီး ကစားသူက Ability နဲ့ Power တွေကို Unlock ဖြစ်အောင် ကြိုးစားရပါလိမ့်မယ်။ ဒီလိုစွမ်းရည်တွေ ပွင့်လာလေလေ ဇာတ်ကောင်က စွမ်းအင်ပိုကောင်း လာလေလေဖြစ်ပြီး တခြားဂိမ်းတွေမှာလို Item တွေ စပ်စရာမလိုတာကြောင့် ကစားရ ပိုလွယ်စေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ Item တွေ စပ်စရာမလိုပေမယ့် လိုအပ်တဲ့ နေရာမှာလိုအပ်တဲ့ Ability ကိုမှန်အောင် သုံးတတ်ဖို့တော့ လိုအပ်လာပါလိမ့်မယ်။

Ability ပိုင်းမှာ နင်ဂျာလေး အတွက် နံရံတွေကို တွယ်ကပ်တက်ရောက်နိုင်မှု၊ မှော်စွမ်း အားနဲ့ ပစ်ခတ်တိုက်ခိုက်မှုလို စွမ်းရည်တွေ ပါဝင်သလို Power ပိုင်းမှာ အချိန်ခရီးသွားလာမှု ပုံစံလိုထင်မထားရတဲ့ အသုံးချနိုင်မှု စွမ်းရည်တွေ ထည့်သွင်းဖန်တီးထားလို့ အခုစာကို ဖတ်နေရင်းတောင် ဘယ်လိုအချိန် ခရီးသွားကစားမလဲဆိုတာ သင်စိတ်ဝင်စားနေလောက်ပါပြီ။ ဟုတ်ပါတယ်၊ အခုဂိမ်းက ရုပ်ထွက် ရိုးပေမယ့် လူကြီးရောကလေးတွေပါ လက်ခံကစား နိုင်မယ့် ဂိမ်းလေးပါ။ ရန်သူနဲ့ တိုက်ခိုက်တိုင်း မှန်ကန်တဲ့ စွမ်းရည်ကို ရွေးချယ် တိုက်ခိုက်နိုင်ရမယ်၊ ဇာတ်လမ်းသွားဂိမ်းပုံစံဖြစ်လို့ ထောင်ချောက်တွေကို ကျော်ဖြတ်ရမယ်၊ ရေကူးရတဲ့ အခန်းတွေတောင် ပါတယ်၊

မိစ္ဆာတပ်တွေရဲ့ ထောင်ချောက် တွေကိုခုန်၊ ပျံကျော်လွှားပုံစံနဲ့ ကျော်ဖြတ်ရမယ်။ မဟုတ် ရင်တော့ အခန်းအစကနေ ပြန်ကစားရလို့ တစ်ဆင့်အောင်ဖို့ လည်နေပါလိမ့်မယ်။ သိရသလောက် အခုဂိမ်းကို ၂၀၁၆ ကတည်းက ဖန်တီးနေတာ ဖြစ်ပြီး မိတ်ဆက်ချိန်ကတည်းက Start-Up Numix ၂၀၁၆ ခုကို ရထားတာပါ။ ၂၀၁၇ အတွင်း ကလည်း Best Music ဆုရော Best Gameplay ဂိမ်းဆုပါ သိမ်းပိုက် လိုက်ပါသေးတယ်။ ဒါဆိုရင်တော့ ပုံကြည့်ပြီး ကလေးဂိမ်းပါလို့ ထင်မိသူတွေ အတွက်ကတော့ စမ်းကစားချင်စိတ် ပေါက်နေလောက် ပါပြီ၊ တကယ်တော့ ကစားကြည့်ပါ၊ တစ်ဆင့်အောင်ဖို့တောင် မလွယ်လှတဲ့ ဂိမ်းသစ်လေးပါပဲ။