Tetris Effect

[ Zawgyi ]

ကၽြန္ေတာ္တုိ႔ ငယ္ငယ္က တံုးစီဂိမ္းဆိုၿပီး ကစားခဲ့ဖူးတဲ့ဂိမ္းကို အဆင့္ျမႇင့္ၿပီး ဖန္တီးလာျခင္းလို႔ ဆိုရမွာပါ။ ေခတ္ေတြ တုိးတက္ ေျပာင္းလဲလာမႈနဲ႔အတူ ဂိမ္းမွာထူးျခားတဲ့ အားျဖည့္မႈေပါင္းမ်ားစြာကို ထည့္သြင္းဖန္တီးထားတာ ေတြ႕လာရပါတယ္။ ပထမဆံုး ေျပာခ်င္တဲ့ အသစ္ဖန္တီးလာမႈတစ္ခုက တံုးေတြရဲ႕ပံုစံပါ။ အရင္လက္ေဟာင္း ဂိမ္းေတြမွာ တံုးေတြရဲ႕ နဂိုပံုစံက အ၀ိုင္းဆန္ဆန္ ဆိုေပမယ့္ အခုေတာ့ အ၀ိုင္းဆန္ဆန္ ပံုစံရယ္၊ ေလးေထာင့္ဆန္ဆန္နဲ႔ ေထာင့္မွန္ စတုဂံ ပံုစံေတြအျဖစ္ ၃ မ်ိဳးထိေအာင္ ေရြးခ်ယ္ကစားလာႏုိင္ ပါတယ္။

ေနာက္ထပ္ ထူးျခားခ်က္တခုက ဂိမ္းကစားကြက္ အျပင္အဆင္ပါ။ အရင္က တံုးစီဂိမ္းေတြမွာ Single အေနနဲ႔ေရာ Double အေနနဲ႔ပါ အၿပိဳင္ကစားႏုိင္ေအာင္ ဖန္တီးထားေပမယ့္ အခုေတာ့ PS4 တစ္မ်ိဳးတည္းနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားလို႔ Single အေနနဲ႔ပဲ
ကစားႏုိင္မွာပါ။ ဒီေနရာမွာ အျပင္အဆင္က ဂိမ္းထဲက တံုးစီေနမႈကေန အာ႐ံုေျပာင္းေအာင္ ဂိမ္းကစားကြက္ရဲ႕ ေဘးဘက္ေတြမွာ ပံုရိပ္အလႈပ္အရွားေတြ ထည့္ထားလို႔ အာ႐ံုမ်ားစရာပါ။ Level ျမင့္လာလို႔ တံုးေတြက်ဆင္းမႈ ျမန္လာခ်ိန္မွာ အာ႐ံုမ်ားၿပီး ဂိမ္းကုိ ႐ံႈးေအာင္ ဖန္တီးထားေပမယ့္ လံုးဝစိတ္ထည့္ ကစားရင္ေတာ့ အဆင္ေျပမွာပါ။

ၿပီးေတာ့ တံုးေတြကို အေရာင္ေရြးခ်ယ္ကစားႏုိင္မႈ ရွိလာတယ္။ Playing Mode ေရြးခ်ယ္ကစားႏုိင္မႈလည္း ရွိလာပါတယ္။ Mode ကေတာ့ အစကတည္းက အလြတ္ကစားကြက္မွာ စကစားမွာလား၊ ဒါမွမဟုတ္ လက္က်န္တံုးေတြ က်ပန္းရွိေနတဲ့ အေနအထားမွာ စတင္ကစားမွာလားဆိုတာမ်ိဳး ေရြးခ်ယ္ကစားလာ ႏိုင္ျခင္းပါ။ တံုးကစားကြက္ တစ္ခုမွာ အထပ္ေပါင္း ၂၀ ထိေအာင္ပါရွိၿပီး ဒီအထပ္ေတြ ျပည့္မသြားေအာင္ သင့္အေနနဲ႔ တံုးေတြကိုစီသြားရမွာပါ။ တံုးေတြရဲ႕ ဒီဇိုင္းကေတာ့ လက္ေဟာင္းဂိမ္းေတြ အတိုင္း၊ ေလးေထာင့္၊ T သ႑ာန္၊ တုတ္အရွည္၊ Z ပံုစံ ၂ ခု စသျဖင့္ ျမင္ေနက်ျဖစ္လုိ႔ သိပ္မဆန္းပါဘူး။ အသံပိုင္း အားျဖည့္မႈ ပိုေကာင္းလာၿပီး ဂိမ္းအဆင့္ျမင့္လာေလေလ သံစဥ္ရဲ႕ Tempo ျမင့္လာၿပီး ကစားသူကို ရင္ခုန္မႈပိုမ်ားေအာင္ လုပ္လာႏုိင္တာ ေတြ႕ရပါတယ္။

ကစားကြက္ ပံုစံ ၃၀ မ်ိဳးထိေအာင္ အေနအထား၊ ေနာက္ခံနဲ႔ အျပင္အဆင္ ေရြးခ်ယ္ကစားလာႏုိင္တာလည္း ေတြ႕ရပါတယ္။
ကစားကြက္ Mode အေပၚမွာလည္း ၂ မ်ိဳး ေရြးခ်ယ္ ကစားလာႏိုင္ပါတယ္။ ပံုမွန္ Mode ကေတာ့ အထပ္ေပါင္း ၁၆ ဆင့္ထိပဲ ကစားႏုိင္မွာပါ။ ၁၆ ဆင့္ျပည့္သြားရင္ သင္႐ံႈးပါၿပီ။ Cylindrical Mode ဆိုရင္ေတာ့ အထပ္ေပါင္း ၂၀ ထိေအာင္ တံုးေတြစီႏုိင္မွာပါ။ အဆံုးမဲ့ဂိမ္း မဟုတ္ေပမယ့္ Meta-Game Level ဆိုတဲ့စနစ္ ထည့္ထားလုိ႔ ေနာက္ပိုင္း ကစားသားက်သြားလုိ႔ အခန္းဆံုးၿပီ ဆိုရင္ေတာင္ ကစားခဲ့တဲ့ အဆင့္ေတြကို ဂိမ္းစနစ္က ျပန္ၾကည့္ၿပီး ဂိမ္းကြက္အသစ္ ပံုစံဖန္တီးၿပီး အသစ္ကစားႏုိုင္ဦးမွာပါ။

ၿပီးခဲ့တဲ့ ၉ ရက္ကမွ ထြက္ရွိထားတာျဖစ္ၿပီး PS4 နဲ႔ ေအာင္ျမင္မႈ ေကာင္းေကာင္းရလာရင္ ေနာက္ပိုင္း Wins အတြက္ပါ ဆက္လက္ ထြက္ရွိလာဖို႔ ရွိေပမယ့္ ဂိမ္းကသြက္လြန္းတာေၾကာင့္ ကြန္ပ်ဴတာနဲ႔ ကစားတာထက္ Console နဲ႔မွ ပိုေကာင္းမယ္လု႔ိ သံုးသပ္
ခ်က္ရထားလုိ႔ PS4 သမားေတြအတြက္ သေဘာက်စရာေကာင္းတဲ့ Puzzle ဂိမ္းသစ္ေလးလို႔ ဆိုခ်င္ပါတယ္။

-သက္ႏုိင္ဦး (UCSL)

[ Unicode ]

ကျွန်တော်တို့ ငယ်ငယ်က တုံးစီဂိမ်းဆိုပြီး ကစားခဲ့ဖူးတဲ့ဂိမ်းကို အဆင့်မြှင့်ပြီး ဖန်တီးလာခြင်းလို့ ဆိုရမှာပါ။ ခေတ်တွေ တိုးတက် ပြောင်းလဲလာမှုနဲ့အတူ ဂိမ်းမှာထူးခြားတဲ့ အားဖြည့်မှုပေါင်းများစွာကို ထည့်သွင်းဖန်တီးထားတာ တွေ့လာရပါတယ်။

ပထမဆုံး ပြောချင်တဲ့ အသစ်ဖန်တီးလာမှုတစ်ခုက တုံးတွေရဲ့ပုံစံပါ။ အရင်လက်ဟောင်း ဂိမ်းတွေမှာ တုံးတွေရဲ့ နဂိုပုံစံက အဝိုင်းဆန်ဆန် ဆိုပေမယ့် အခုတော့ အဝိုင်းဆန်ဆန် ပုံစံရယ်၊ လေးထောင့်ဆန်ဆန်နဲ့ ထောင့်မှန် စတုဂံ ပုံစံတွေအဖြစ် ၃ မျိုးထိအောင် ရွေးချယ်ကစားလာနိုင် ပါတယ်။

နောက်ထပ် ထူးခြားချက်တခုက ဂိမ်းကစားကွက် အပြင်အဆင်ပါ။ အရင်က တုံးစီဂိမ်းတွေမှာ Single အနေနဲ့ရော Double အနေနဲ့ပါ အပြိုင်ကစားနိုင်အောင် ဖန်တီးထားပေမယ့် အခုတော့ PS4 တစ်မျိုးတည်းနဲ့ ကစားနိုင်အောင် ဖန်တီးထားလို့ Single အနေနဲ့ပဲ
ကစားနိုင်မှာပါ။ ဒီနေရာမှာ အပြင်အဆင်က ဂိမ်းထဲက တုံးစီနေမှုကနေ အာရုံပြောင်းအောင် ဂိမ်းကစားကွက်ရဲ့ ဘေးဘက်တွေမှာ ပုံရိပ်အလှုပ်အရှားတွေ ထည့်ထားလို့ အာရုံများစရာပါ။ Level မြင့်လာလို့ တုံးတွေကျဆင်းမှု မြန်လာချိန်မှာ အာရုံများပြီး ဂိမ်းကို ရှုံးအောင် ဖန်တီးထားပေမယ့် လုံးဝစိတ်ထည့် ကစားရင်တော့ အဆင်ပြေမှာပါ။

ပြီးတော့ တုံးတွေကို အရောင်ရွေးချယ်ကစားနိုင်မှု ရှိလာတယ်။ Playing Mode ရွေးချယ်ကစားနိုင်မှုလည်း ရှိလာပါတယ်။ Mode ကတော့ အစကတည်းက အလွတ်ကစားကွက်မှာ စကစားမှာလား၊ ဒါမှမဟုတ် လက်ကျန်တုံးတွေ ကျပန်းရှိနေတဲ့ အနေအထားမှာ စတင်ကစားမှာလားဆိုတာမျိုး ရွေးချယ်ကစားလာ နိုင်ခြင်းပါ။ တုံးကစားကွက် တစ်ခုမှာ အထပ်ပေါင်း ၂၀ ထိအောင်ပါရှိပြီး ဒီအထပ်တွေ ပြည့်မသွားအောင် သင့်အနေနဲ့ တုံးတွေကိုစီသွားရမှာပါ။ တုံးတွေရဲ့ ဒီဇိုင်းကတော့ လက်ဟောင်းဂိမ်းတွေ အတိုင်း၊ လေးထောင့်၊ T သဏ္ဍာန်၊ တုတ်အရှည်၊ Z ပုံစံ ၂ ခု စသဖြင့် မြင်နေကျဖြစ်လို့ သိပ်မဆန်းပါဘူး။ အသံပိုင်း အားဖြည့်မှု ပိုကောင်းလာပြီး ဂိမ်းအဆင့်မြင့်လာလေလေ သံစဉ်ရဲ့ Tempo မြင့်လာပြီး ကစားသူကို ရင်ခုန်မှုပိုများအောင် လုပ်လာနိုင်တာ တွေ့ရပါတယ်။

ကစားကွက် ပုံစံ ၃၀ မျိုးထိအောင် အနေအထား၊ နောက်ခံနဲ့ အပြင်အဆင် ရွေးချယ်ကစားလာနိုင်တာလည်း တွေ့ရပါတယ်။
ကစားကွက် Mode အပေါ်မှာလည်း ၂ မျိုး ရွေးချယ် ကစားလာနိုင်ပါတယ်။ ပုံမှန် Mode ကတော့ အထပ်ပေါင်း ၁၆ ဆင့်ထိပဲ ကစားနိုင်မှာပါ။ ၁၆ ဆင့်ပြည့်သွားရင် သင်ရှုံးပါပြီ။ Cylindrical Mode ဆိုရင်တော့ အထပ်ပေါင်း ၂၀ ထိအောင် တုံးတွေစီနိုင်မှာပါ။ အဆုံးမဲ့ဂိမ်း မဟုတ်ပေမယ့် Meta-Game Level ဆိုတဲ့စနစ် ထည့်ထားလို့ နောက်ပိုင်း ကစားသားကျသွားလို့ အခန်းဆုံးပြီ ဆိုရင်တောင် ကစားခဲ့တဲ့ အဆင့်တွေကို ဂိမ်းစနစ်က ပြန်ကြည့်ပြီး ဂိမ်းကွက်အသစ် ပုံစံဖန်တီးပြီး အသစ်ကစားနိုုင်ဦးမှာပါ။

ပြီးခဲ့တဲ့ ၉ ရက်ကမှ ထွက်ရှိထားတာဖြစ်ပြီး PS4 နဲ့ အောင်မြင်မှု ကောင်းကောင်းရလာရင် နောက်ပိုင်း Wins အတွက်ပါ ဆက်လက် ထွက်ရှိလာဖို့ ရှိပေမယ့် ဂိမ်းကသွက်လွန်းတာကြောင့် ကွန်ပျူတာနဲ့ ကစားတာထက် Console နဲ့မှ ပိုကောင်းမယ်လို့ သုံးသပ်
ချက်ရထားလို့ PS4 သမားတွေအတွက် သဘောကျစရာကောင်းတဲ့ Puzzle ဂိမ်းသစ်လေးလို့ ဆိုချင်ပါတယ်။