Tencent က Reddit မွာေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမယ့္သတင္းေတြေၾကာင့္ သုံးစြဲသူေတြ ေဝဖန္ခဲ့

[Zawgyi]

တ႐ုတ္ကုမၸဏီ Tencent ဟာ Reddit မွာေဒၚလာသန္း ၁၅၀ရင္းႏွီးျမႇဳပ္ႏွံမယ့္ သတင္းေၾကာင့္ Reddit သုံးစြဲသူဟာ ဆင္ဆာအေရးနဲ႔ပတ္သက္ၿပီး ေဝဖန္ခဲ့ၾကၿပီး Winnie the Pooh ကာတြန္းဇာတ္ေကာင္နဲ႔ တီအန္မင္ရင္ျပင္ ဓာတ္ပုံေတြမ်ားစြာကို ေဝမွ်ခဲ့ၾကပါတယ္။

Tencent ဟာ Reddit ရဲ႕လုပ္ငန္းပုိင္းေတြကို ေထာက္ပံ့ဖို႔ ေဒၚလာသန္း ၃၀၀ အထိ မတည္မယ့္အစီအစဥ္ရွိတယ္လို႔ TechCrunch ကေဖာ္ျပခဲ့ပါတယ္။ Reddit ကုိသုံးစြဲသူ သန္း ၃၃၀ရွိၿပီး အင္တာနက္ရဲ႕ ေရွ႕မ်က္ႏွာဖုံးလို႔ ေခၚဆိုၾကပါတယ္။ တ႐ုတ္ျပည္မွာေတာ့ ဆင္ဆာျပဳလုပ္ထားတာေၾကာင့္ Reddit ကုိအသုံးမျပဳႏိုင္ပါဘူး။

Tencent က Reddit မွာရင္းႏွီးျမႇဳပ္ႏွံမယ့္သတင္းနဲ႔ပတ္သက္ၿပီး Reddit သုံးစြဲသူေတြက r/pics ဆိုတဲ့ group တစ္ခုမွာ အမ်ိဳးမ်ိဳး တု႔ံျပန္ေျပာဆိုေနပါတယ္။ အဲဒီ group ကိုလူေပါင္းသန္း ၂၀က subscribe ျပဳလုပ္ ထားၾကပါတယ္။ သုံးစြဲသူေတြက Reddit ရဲ႕လြတ္လပ္စြာေျပာဆိုခြင့္နဲ႔ပတ္သက္ၿပီး စိုးရိမ္ၾကၿပီး တ႐ုတ္ႏိုင္ငံ အတြင္းမွာ ဆင္ဆာလုပ္ထားတဲ့ Reddit ဝက္ဘ္ဆိုက္ကုိ ျမင္ေတြ႕ႏိုင္တယ္လို႔ တု႔ံျပန္ေျပာဆိုလာခဲ့ပါတယ္။ တ႐ုတ္ျပည္အစိုးရဟာ ႏိုင္ငံတြင္းမွာ တီအန္မင္အေရးအခင္းနဲ႔သက္ဆိုင္တဲ့ဓာတ္ပုံေတြအျပင္ ဒစ္စေနဝက္ဝံ႐ုပ္ေတြ ရည္ညႊန္းမႈကုိလည္း ပိတ္ပင္ထားပါတယ္။

Reddit သုံးစြဲသူေတြက အဲဒီသတင္းနဲ႔ပတ္သက္ၿပီး ေဝဖန္တဲ့ ေဆြးေႏြးမႈေတြနဲ႔ meme ေတြကုိလည္း တင္ခဲ့ပါတယ္။ သုံးစြဲသူေတြက အခုရင္းႏွီးျမႇဳပ္ႏွံမႈက တ႐ုတ္ျပည္ျပင္ပက လြတ္လပ္စြာေျပာဆိုခြင့္ကို ထိခိုက္ႏိုင္မယ္လို႔ တုံ႔ျပန္ခဲ့ၾက ပါတယ္။

စိုးထက္
Ref: Time

[Unicode]

တရုတ်ကုမ္ပဏီ Tencent ဟာ Reddit မှာဒေါ်လာသန်း ၁၅၀ရင်းနှီးမြှုပ်နှံမယ့် သတင်းကြောင့် Reddit သုံးစွဲသူဟာ ဆင်ဆာအရေးနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ကြပြီး Winnie the Pooh ကာတွန်းဇာတ်ကောင်နဲ့ တီအန်မင်ရင်ပြင် ဓာတ်ပုံတွေများစွာကို ဝေမျှခဲ့ကြပါတယ်။

Tencent ဟာ Reddit ရဲ့လုပ်ငန်းပိုင်းတွေကို ထောက်ပံ့ဖို့ ဒေါ်လာသန်း ၃၀၀ အထိ မတည်မယ့်အစီအစဉ်ရှိတယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။ Reddit ကိုသုံးစွဲသူ သန်း ၃၃၀ရှိပြီး အင်တာနက်ရဲ့ ရှေ့မျက်နှာဖုံးလို့ ခေါ်ဆိုကြပါတယ်။ တရုတ်ပြည်မှာတော့ ဆင်ဆာပြုလုပ်ထားတာကြောင့် Reddit ကိုအသုံးမပြုနိုင်ပါဘူး။

Tencent က Reddit မှာရင်းနှီးမြှုပ်နှံမယ့်သတင်းနဲ့ပတ်သက်ပြီး Reddit သုံးစွဲသူတွေက r/pics ဆိုတဲ့ group တစ်ခုမှာ အမျိုးမျိုး တု့ံပြန်ပြောဆိုနေပါတယ်။ အဲဒီ group ကိုလူပေါင်းသန်း ၂၀က subscribe ပြုလုပ် ထားကြပါတယ်။ သုံးစွဲသူတွေက Reddit ရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်ကြပြီး တရုတ်နိုင်ငံ အတွင်းမှာ ဆင်ဆာလုပ်ထားတဲ့ Reddit ဝက်ဘ်ဆိုက်ကို မြင်တွေ့နိုင်တယ်လို့ တု့ံပြန်ပြောဆိုလာခဲ့ပါတယ်။ တရုတ်ပြည်အစိုးရဟာ နိုင်ငံတွင်းမှာ တီအန်မင်အရေးအခင်းနဲ့သက်ဆိုင်တဲ့ဓာတ်ပုံတွေအပြင် ဒစ်စနေဝက်ဝံရုပ်တွေ ရည်ညွှန်းမှုကိုလည်း ပိတ်ပင်ထားပါတယ်။

Reddit သုံးစွဲသူတွေက အဲဒီသတင်းနဲ့ပတ်သက်ပြီး ဝေဖန်တဲ့ ဆွေးနွေးမှုတွေနဲ့ meme တွေကိုလည်း တင်ခဲ့ပါတယ်။ သုံးစွဲသူတွေက အခုရင်းနှီးမြှုပ်နှံမှုက တရုတ်ပြည်ပြင်ပက လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ကြ ပါတယ်။

စိုးထက်
Ref: Time