August 20, 2018
Technology and Engineering Career Conference ကျင်းပ
[Zawgyi]
[foogallery id=”90517″]
[Unicode]
နည်းပညာ၊အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့်ဆွေးနွေးပွဲ ( Technology and Engineering Career Conference) ကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနဲ့အင်ဂျင်နီယာနယ်ပယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမို ပေါ်ထွက်လာရေး၊ နည်းပညာနဲ့အင်ဂျင်နီယာနယ်ပယ်မှာ ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေတဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ် အလုပ်အကိုင် လမ်းကြောင်း အတွက် အသိပညာနဲ့ ဗဟုသုတတွေကို မျှဝေနိုင်ရေးတို့အတွက်ရည်ရွယ် ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်​အကိုင်​ပြပွဲမှာ နည်​းပညာနှင်​့ အင်​ဂျင်​နီယာနယ်​ပယ်​မှ ကျွမ်​းကျင်​သူများစွာက ​ဟော​ပြော​ဆွေး​နွေးမှု​တွေကိုလည်​း ပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။
အဆိုပါ အလုပ်အကိုင်ပြပွဲမှာ ooredoo ၊ Huawei ၊ ကမ္ဘောဇဘဏ်၊ ရွှေတောင်၊ အနန္တ၊ GRAB, WITTS, Barrons, D&W, J-SAT, CAMUSAT စတဲ့ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီများစွာက အလုပ်အကိုင်တွေလာရောက်ခါ်ယူမှာဖြစ်ပါတယ်။ Technology and Engineering Career Conference ကို jobnet.com.mm ကဦးစီးကျင်​းပခြင်​းဖြစ်​ပါတယ်​။