SUPON 49 LED Continuous Lighting

[ Zawgyi ]



-ကျော်ဇေယျ

[ Unicode ]

DSLR ကင်မရာနဲ့ ဗီဒီယိုရိုက်ခြင်း၊ DV Cam နဲ့ ဗီဒီယိုရိုက်ခြင်းတွေမှာ ပေါ့ပေါ့ပါးပါးနဲ့ ကင်မရာ Hotshoe မှာ တပ်ဆင်အသုံးပြုနိုင်မယ့် SUPON 49 LED Continuous Lighting ဖြစ်ပါတယ်။ ကင်မရာအကြီးတွေသာမက ဟန်းဆက်နဲ့ ဗီဒီယိုကလစ်ဖိုင်တွေ ဖန်တီးရာမှာလည်း အရည်အသွေးမြှင့်တင်ဖို့ အသုံးပြုနိုင်ပါတယ်။ အနီးကပ် ရိုက်ချက် macrophotography အတွက်လည်း အထောက်အကူပြုပါတယ်။ အရည်အသွေးမြင့် LED မီးလုံး ၄၉ လုံးနဲ့ ဖွဲ့စည်းထားပြီး အလင်းအား 800Lm ရှိကာ ၅ မီတာ အကွာအဝေးအထိ ထိရောက်စွာ အလင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Color Temperature အနေနဲ့ 6000K အထိရမှာပါ။

အားသာချက်အနေနဲ့ကတော့ မီးပတ်ပတ်လည်လည် ၃ နေရာမှာ hotshoe အထိုင်ပါဝင်လို့ Mic, LED စတဲ့ပစ္စည်းတွေကို ထပ်မံ တပ်ဆင် အသုံးပြုနိုင်ပါသေးတယ်။ တန်ဖိုးက ၁၆,၅၀၀ ကျပ် ဖြစ်ပြီး ROYAL DIGITAL CAMERA ဖုန်း – ၀၉ ၅၁၁၃၅၉၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။