SuperVOOC, in-display fingerprint နဲ႔ ကင္မရာသံုးခုပါဝင္တဲ့ OPPO R17 Pro

[ Zawgyi ]

High-end feature ေတြအျပင္ စမတ္ဖုန္းေလာကရဲ႕ ပထမဆံုးေတြ အမ်ားႀကီးပါဝင္တဲ့ OPPO R17 Pro ကို OPPO က တရားဝင္ မိတ္ဆက္ခဲ့ပါတယ္။

OPPO R17 Pro မွာ Snapdragon 710 chipset နဲ႔အတူ 8GB RAM နဲ႔ 128GB internal storage ပါဝင္ပါတယ္။ MicroSD card အေထာက္အပံ့ေတာ့ မပါဝင္ပါဘူး။

Display က ၆.၄ လက္မ ျဖစ္ၿပီး F9/F9 Pro မွာ မိတ္ဆက္ခဲ့တဲ့ ေရစက္ပံုစံ notch ကို ထည့္သြင္းထားပါတယ္။ Resolution က 1080 x 2340 pixels ျဖစ္ပါတယ္။ Display ကို Corning ရဲ႕ ေနာက္ဆံုးေပၚ Gorilla Glass 6 နဲ႔ ကာကြယ္ထားပါတယ္။ Screen-to-body အခ်ိဳးက ၉၁.၅ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။

ကင္မရာအေနနဲ႔ အေရွ႕ဘက္မွာ notch ထဲမွာ 25MP f/2.0 ကင္မရာကို ထည့္သြင္းထားပါတယ္။ ေက်ာဘက္မွာေတာ့ sensor သံုးခုကို ထည့္သြင္းထားပါတယ္။ အလယ္က sensor က 12MP 1/2.55″ sensor နဲ႔ f/1.5 – f/2.4 aperture lens ျဖစ္ပါတယ္။

ဒုတိယကင္မရာက 20MP ျဖစ္ၿပီး တတိယကင္မရာက 3D TOF depth sensor ျဖစ္ပါတယ္။ အဲ့ဒီ ကင္မရာဟာ 3D ဓာတ္ပံု႐ိုက္ကူးတာအျပင္ တီဗီနဲ႔ ခ်ိတ္ဆက္ၿပီး ဂိမ္းစက္တစ္ခုအျဖစ္ ေျပာင္းလဲရာမွာ အသံုးျပဳႏိုင္တယ္လုိ႔ OPPO က ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္ feature သစ္တစ္ခုက 3,700mAh ဘက္ထရီ ျဖစ္ပါတယ္။ အဲ့ဒီ ဘက္ထရီကို ႏွစ္ခုခြဲထားတာေၾကာင့္ တစ္ခုစီရဲ႕ပမာဏက 1,850mAh ျဖစ္ပါတယ္။ 50W SuperVOOC အားသြင္းနည္းပညာ ပါဝင္တဲ့အတြက္ ၁၀ မိနစ္အတြင္း ၄၀ ရာခိုင္ႏႈန္းအထိ အားသြင္းေပးႏိုင္မွာ ျဖစ္ပါတယ္။

R17 Pro ရဲ႕ ေနာက္ထပ္ feature သစ္တစ္ခုက under-display fingerprint sensor ျဖစ္ပါတယ္။

Operating system က Android 8.1 Oreo အေျခခံ ColorOS 5.1 ျဖစ္ပါတယ္။

တန္ဖိုးက ၆၂၅ ေဒၚလာျဖစ္ၿပီး ေအာက္တိုဘာလလယ္မွာ တ႐ုတ္ႏိုင္ငံအတြင္း စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: GSMArena

[ Unicode ]

High-end feature တွေအပြင် စမတ်ဖုန်းလောကရဲ့ ပထမဆုံးတွေ အများကြီးပါဝင်တဲ့ OPPO R17 Pro ကို OPPO က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

OPPO R17 Pro မှာ Snapdragon 710 chipset နဲ့အတူ 8GB RAM နဲ့ 128GB internal storage ပါဝင်ပါတယ်။ MicroSD card အထောက်အပံ့တော့ မပါဝင်ပါဘူး။

Display က ၆.၄ လက်မ ဖြစ်ပြီး F9/F9 Pro မှာ မိတ်ဆက်ခဲ့တဲ့ ရေစက်ပုံစံ notch ကို ထည့်သွင်းထားပါတယ်။ Resolution က 1080 x 2340 pixels ဖြစ်ပါတယ်။ Display ကို Corning ရဲ့ နောက်ဆုံးပေါ် Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။ Screen-to-body အချိုးက ၉၁.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ကင်မရာအနေနဲ့ အရှေ့ဘက်မှာ notch ထဲမှာ 25MP f/2.0 ကင်မရာကို ထည့်သွင်းထားပါတယ်။ ကျောဘက်မှာတော့ sensor သုံးခုကို ထည့်သွင်းထားပါတယ်။ အလယ်က sensor က 12MP 1/2.55″ sensor နဲ့ f/1.5 – f/2.4 aperture lens ဖြစ်ပါတယ်။

ဒုတိယကင်မရာက 20MP ဖြစ်ပြီး တတိယကင်မရာက 3D TOF depth sensor ဖြစ်ပါတယ်။ အဲ့ဒီ ကင်မရာဟာ 3D ဓာတ်ပုံရိုက်ကူးတာအပြင် တီဗီနဲ့ ချိတ်ဆက်ပြီး ဂိမ်းစက်တစ်ခုအဖြစ် ပြောင်းလဲရာမှာ အသုံးပြုနိုင်တယ်လို့ OPPO က ပြောကြားခဲ့ပါတယ်။

နောက်ထပ် feature သစ်တစ်ခုက 3,700mAh ဘက်ထရီ ဖြစ်ပါတယ်။ အဲ့ဒီ ဘက်ထရီကို နှစ်ခုခွဲထားတာကြောင့် တစ်ခုစီရဲ့ပမာဏက 1,850mAh ဖြစ်ပါတယ်။ 50W SuperVOOC အားသွင်းနည်းပညာ ပါဝင်တဲ့အတွက် ၁၀ မိနစ်အတွင်း ၄၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

R17 Pro ရဲ့ နောက်ထပ် feature သစ်တစ်ခုက under-display fingerprint sensor ဖြစ်ပါတယ်။

Operating system က Android 8.1 Oreo အခြေခံ ColorOS 5.1 ဖြစ်ပါတယ်။

တန်ဖိုးက ၆၂၅ ဒေါ်လာဖြစ်ပြီး အောက်တိုဘာလလယ်မှာ တရုတ်နိုင်ငံအတွင်း စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena