Super Robot Wars T

[ Zawgyi ]

အရင္က Super Robot Wars ဂိမ္းေတြ ကစားဖူးထားသူေတြအတြက္ေတာ့ သိပ္မစိမ္းမယ့္ဂိမ္းပါပဲ။ တတိယေျမာက္ ႏိုင္ငံတကာ Version အျဖစ္ ထြက္ရွိလာျခင္းျဖစ္ၿပီး Series လုိက္ ဆိုရင္ေတာ့ ၁၁ ႀကိမ္ေျမာက္ Update လုပ္ျခင္းပါ။ အရင္ဆံုးျမင္မိတဲ့ အားနည္းခ်က္တစ္ခုကို ေျပာပါဆိုရင္ ႐ုပ္ထြက္က သိသာေလာက္ေအာင္ အဆင့္ျမႇင့္မထားျခင္းပါပဲ။ ကာတြန္းကားေတြ ရဲ႕ ႐ုပ္ထြက္နဲ႔ ဆင္ေနၿပီး အရင္ကတည္းက ဒီလို႐ုပ္ထြက္ျဖစ္ေနလို႔ တျခားဂိမ္းေတြေလာက္ ႐ုပ္ထြက္ပိုင္း ဆြဲေဆာင္မႈ မရွိခဲ့တာပါ။ ဒါေပမဲ့ တစ္ခုေကာင္းတာက Resolution ခ်ထားလို႔ အခ်ိန္ၾကာကစားရင္ေတာင္ ကစားသူကို မ်က္စိနာက်င္ ထိခိုက္မႈ မရွိေစေတာ့ဘူးေပါ့။

Console ေတြနဲ႔ပဲ ကစားလို႔ အဆင္ေျပႏိုင္မွာမို႔ Wins စနစ္အတြက္ေတာင္ မလာပါဘူး။ PS4 နဲ႔ Ninteddo Switch အတြက္ပဲ ရႏုိင္ပါတယ္။ တိုက္ခိုက္ေရးဂိမ္းလို႔ အလြယ္ေျပာႏုိင္ေပမယ့္ ပံုမွန္တိုက္ခိုက္ေရး ဂိမ္းေတြက တဆင့္ၿပီးတိုင္း Level တက္မယ္၊ Item စပ္ရမယ္၊ ဒါမွ စြမ္းရည္ ပိုေကာင္းလာၿပီး ခက္ခဲတဲ့ရန္သူေတြကို ရင္ဆိုင္ႏိုင္လာတာပါ။ အခုဂိမ္းမွာေတာ့ ရွိၿပီးသား စက္႐ုပ္တစ္႐ုပ္ခ်င္းစီရဲ႕ အစြမ္းကိုပဲ အဆင္ေျပ အံဝင္ေအာင္ သံုၿပီး ရန္သူကို ရင္ဆိုင္ရမွာျဖစ္လုိ႔ နည္းပရိယာယ္ပါေကာင္းမွ အႏုိင္ရပါလိမ့္မယ္။ Single အေနနဲ႔ပဲ ကစားႏုိင္မယ့္ အခ်က္ကလည္း အားနည္းခ်က္ တစ္ခုလုိပါပဲ။

အသံုးျပဳကစားႏုိင္မယ့္ စက္႐ုပ္ေတြကိုေတာ့ အမ်ားအျပား ထည့္သြင္းဖန္တီးေပးထားတယ္၊ မိမိထမ္းေဆာင္ရမယ့္ တာဝန္အေပၚမူတည္ၿပီး လိုအပ္၊ အဆင္ေျပမယ့္ စက္႐ုပ္ကို ေရြးခ်ယ္ အသံုးျပဳတတ္ရမယ္၊ ရန္သူကို အႏုိင္ရေအာင္ တိုက္ခိုက္ႏုိင္ရမယ္၊ တိုက္ပြဲေတြက ၿမိဳ႕တြင္းမွာေရာ ေတာ္တြင္းေနရာေတြ၊ ေတာင္တန္းေတြေပၚမွာ အျပင္ အာကာသထဲမွာပါ တိုက္ခိုက္ရမွာပါ။ Spell နဲ႔ တူတဲ့ေမွာ္စြမ္းအား တစ္ခုစီလည္း ပိုင္ဆိုင္ထားတယ္၊ ေနာက္ဆံုးပြဲသိမ္းခန္းလို အခ်ိန္မ်ိဳးမွာ ထုတ္သံုးႏုိင္မွာပါ။

ဂိမ္းထဲမွာပါရွိတဲ့ စက္႐ုပ္ဇာတ္ေကာင္ေတြမွာ အားသာခ်က္တစ္ခုခ်င္းစီ ပိုင္ဆိုင္ထားၿပီး ဥပမာ ဓါးစြမ္းရည္ ေကာင္းမြန္မႈ၊ ကိုယ္ေဖ်ာက္တိုက္ခိုက္ႏုိင္မႈ၊ ပ်ံသန္းပစ္ခတ္ႏုိင္မႈ၊ ေမွာ္စြမ္းရည္
အထူးေကာင္းမြန္မႈစတဲ့ အားသာခ်က္တစ္ခုခ်င္းစီ ရွိထားပါတယ္။ တစ္ဖက္က ရန္သူမွာလည္း အဆိုပါပံုစံ အားသာခ်က္တစ္ခုစီရွိထားလို႔ သူ႔ကိုဘယ္လိုစက္႐ုပ္ ေရြးခ်ယ္ၿပီးအႏုိင္္ယူရမလဲ အရင္ဆံုးစဥ္းစား ေရြးခ်ယ္ကစားရပါလိမ့္မယ္။ ရန္သူကေတာ့ စက္႐ုပ္ေတြခ်ည္းမဟုတ္ဘဲ နဂါးလို သတၱဝါေတြလည္း ပါႏုိင္ပါတယ္။ ဒါကေတာ့ အခုဂိမ္းမွာ ေတြ႕ရတဲ့ ဖန္တီးမႈ အသစ္ပါ။

ေရွ႕ထြက္ Version မွာ ပါတဲ့ Tac Management စနစ္သံုးႏိုင္ေသးတယ္၊ Hard Mode လို အဆင့္ေရြးခ်ယ္ ကစားႏိုင္မႈ ပါေသးတယ္၊ Skill Route နဲ႔ Skill Program ခ်ၿပီး ကစားႏုိင္တယ္၊ စနစ္သစ္တစ္ခု ေတြ႕ရတာက Support Command၊ သူက လိုအပ္တဲ့အကူအညီကို ပင္မဌာနခ်ဳပ္ထံကို လွမ္းၿပီးေတာင္းခံႏုိင္ေအာင္ လက္ေတြ႕ဆန္ဆန္ ဖန္တီးလာတဲ့ စနစ္သစ္ပါ။ RPG
႐ုပ္ထြက္ေၾကာင့္ အခုဂိမ္းကိုသိပ္မႀကိဳက္ေပမယ့္ ဖန္တီးမႈနဲ႔ Version Update ေတြကိုေတာ့ သေဘာက်မိတာ အမွန္ပါ။ လူငယ္ႀကိဳက္ျဖစ္မယ့္ နည္းပရိယာယ္သံုး တိုက္ခုိက္ေရး ဂိမ္းသစ္လုိ႔ပဲ မွတ္ခ်က္ေပးခ်င္ပါတယ္။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

အရင်က Super Robot Wars ဂိမ်းတွေ ကစားဖူးထားသူတွေအတွက်တော့ သိပ်မစိမ်းမယ့်ဂိမ်းပါပဲ။ တတိယမြောက် နိုင်ငံတကာ Version အဖြစ် ထွက်ရှိလာခြင်းဖြစ်ပြီး Series လိုက် ဆိုရင်တော့ ၁၁ ကြိမ်မြောက် Update လုပ်ခြင်းပါ။ အရင်ဆုံးမြင်မိတဲ့ အားနည်းချက်တစ်ခုကို ပြောပါဆိုရင် ရုပ်ထွက်က သိသာလောက်အောင် အဆင့်မြှင့်မထားခြင်းပါပဲ။ ကာတွန်းကားတွေ ရဲ့ ရုပ်ထွက်နဲ့ ဆင်နေပြီး အရင်ကတည်းက ဒီလိုရုပ်ထွက်ဖြစ်နေလို့ တခြားဂိမ်းတွေလောက် ရုပ်ထွက်ပိုင်း ဆွဲဆောင်မှု မရှိခဲ့တာပါ။ ဒါပေမဲ့ တစ်ခုကောင်းတာက Resolution ချထားလို့ အချိန်ကြာကစားရင်တောင် ကစားသူကို မျက်စိနာကျင် ထိခိုက်မှု မရှိစေတော့ဘူးပေါ့။

Console တွေနဲ့ပဲ ကစားလို့ အဆင်ပြေနိုင်မှာမို့ Wins စနစ်အတွက်တောင် မလာပါဘူး။ PS4 နဲ့ Ninteddo Switch အတွက်ပဲ ရနိုင်ပါတယ်။ တိုက်ခိုက်ရေးဂိမ်းလို့ အလွယ်ပြောနိုင်ပေမယ့် ပုံမှန်တိုက်ခိုက်ရေး ဂိမ်းတွေက တဆင့်ပြီးတိုင်း Level တက်မယ်၊ Item စပ်ရမယ်၊ ဒါမှ စွမ်းရည် ပိုကောင်းလာပြီး ခက်ခဲတဲ့ရန်သူတွေကို ရင်ဆိုင်နိုင်လာတာပါ။ အခုဂိမ်းမှာတော့ ရှိပြီးသား စက်ရုပ်တစ်ရုပ်ချင်းစီရဲ့ အစွမ်းကိုပဲ အဆင်ပြေ အံဝင်အောင် သုံပြီး ရန်သူကို ရင်ဆိုင်ရမှာဖြစ်လို့ နည်းပရိယာယ်ပါကောင်းမှ အနိုင်ရပါလိမ့်မယ်။ Single အနေနဲ့ပဲ ကစားနိုင်မယ့် အချက်ကလည်း အားနည်းချက် တစ်ခုလိုပါပဲ။

အသုံးပြုကစားနိုင်မယ့် စက်ရုပ်တွေကိုတော့ အများအပြား ထည့်သွင်းဖန်တီးပေးထားတယ်၊ မိမိထမ်းဆောင်ရမယ့် တာဝန်အပေါ်မူတည်ပြီး လိုအပ်၊ အဆင်ပြေမယ့် စက်ရုပ်ကို ရွေးချယ် အသုံးပြုတတ်ရမယ်၊ ရန်သူကို အနိုင်ရအောင် တိုက်ခိုက်နိုင်ရမယ်၊ တိုက်ပွဲတွေက မြို့တွင်းမှာရော တော်တွင်းနေရာတွေ၊ တောင်တန်းတွေပေါ်မှာ အပြင် အာကာသထဲမှာပါ တိုက်ခိုက်ရမှာပါ။ Spell နဲ့ တူတဲ့မှော်စွမ်းအား တစ်ခုစီလည်း ပိုင်ဆိုင်ထားတယ်၊ နောက်ဆုံးပွဲသိမ်းခန်းလို အချိန်မျိုးမှာ ထုတ်သုံးနိုင်မှာပါ။

ဂိမ်းထဲမှာပါရှိတဲ့ စက်ရုပ်ဇာတ်ကောင်တွေမှာ အားသာချက်တစ်ခုချင်းစီ ပိုင်ဆိုင်ထားပြီး ဥပမာ ဓါးစွမ်းရည် ကောင်းမွန်မှု၊ ကိုယ်ဖျောက်တိုက်ခိုက်နိုင်မှု၊ ပျံသန်းပစ်ခတ်နိုင်မှု၊ မှော်စွမ်းရည်အထူးကောင်းမွန်မှုစတဲ့ အားသာချက်တစ်ခုချင်းစီ ရှိထားပါတယ်။ တစ်ဖက်က ရန်သူမှာလည်း အဆိုပါပုံစံ အားသာချက်တစ်ခုစီရှိထားလို့ သူ့ကိုဘယ်လိုစက်ရုပ် ရွေးချယ်ပြီးအနိုင််ယူရမလဲ အရင်ဆုံးစဉ်းစား ရွေးချယ်ကစားရပါလိမ့်မယ်။ ရန်သူကတော့ စက်ရုပ်တွေချည်းမဟုတ်ဘဲ နဂါးလို သတ္တဝါတွေလည်း ပါနိုင်ပါတယ်။ ဒါကတော့ အခုဂိမ်းမှာ တွေ့ရတဲ့ ဖန်တီးမှု အသစ်ပါ။

ရှေ့ထွက် Version မှာ ပါတဲ့ Tac Management စနစ်သုံးနိုင်သေးတယ်၊ Hard Mode လို အဆင့်ရွေးချယ် ကစားနိုင်မှု ပါသေးတယ်၊ Skill Route နဲ့ Skill Program ချပြီး ကစားနိုင်တယ်၊ စနစ်သစ်တစ်ခု တွေ့ရတာက Support Command၊ သူက လိုအပ်တဲ့အကူအညီကို ပင်မဌာနချုပ်ထံကို လှမ်းပြီးတောင်းခံနိုင်အောင် လက်တွေ့ဆန်ဆန် ဖန်တီးလာတဲ့ စနစ်သစ်ပါ။ RPGရုပ်ထွက်ကြောင့် အခုဂိမ်းကိုသိပ်မကြိုက်ပေမယ့် ဖန်တီးမှုနဲ့ Version Update တွေကိုတော့ သဘောကျမိတာ အမှန်ပါ။ လူငယ်ကြိုက်ဖြစ်မယ့် နည်းပရိယာယ်သုံး တိုက်ခိုက်ရေး ဂိမ်းသစ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်။