Super Meat Boy Forever

[ Zawgyi ]

Console နဲ႔ ကစားရင္ ပိုေကာင္းမယ့္ ေပါ့ေပါ့ပါးပါး ဂိမ္းသစ္ေလးတစ္ခုနဲ႔ အခုတစ္ပတ္ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒါေပမဲ့ Wins စနစ္ေရာ iOS အပါအ၀င္ Linux, Android ေတြနဲ႔ပါ ကစားႏုိင္မွာပါ။ Console အစံုနဲ႔ ရႏုိင္တယ္လုိ႔ ဆိုႏုိင္ၿပီး Nintendo Switch, PS4, Xbox One စတဲ့ တန္းျမင့္ Set အစံုနဲ႔ ကစားႏုိင္ပါတယ္။ တိုက္ခိုက္ေရး ဂိမ္းဆန္တယ္လုိ႔ ဆိုႏိုင္ေပမယ့္ တကယ္ေတာ့ စခန္းသြားအေနနဲ႔ ကစားရမွာပါ။ ဇာတ္ေကာင္ေလးေတြက လူသားမက်စက္႐ုပ္မက် ဇာတ္ေကာင္ငယ္ေလးေတြပါ။

Single အေနနဲ႔ပဲ ကစားႏုိင္မယ့္ အားနည္းခ်က္တစ္ခုေတာ့ေတြ႔ေပမယ့္ လူငယ္ေရာလူႀကီးပိုင္း ကစားသူေတြပါ သေဘာက်ေစႏုိင္မယ့္ ဂိမ္းေလးျဖစ္ပါတယ္။ အဓိက ရန္သူက Dr. Fetus ပါ။ သူက Meat Boyနဲ႔ ဇနီးသည္ Bandage Girl တုိ႔ရဲ႕ကေလးေလး ျဖစ္တဲ့ Nugget ကို ျပန္ေပးဆြဲ သြားတယ္။ ဒီေတာ့ Meat Boy က သူ႔သားအတြက္ လိုက္ၿပီး ရွာေဖြ ျပန္လည္ ေခၚေဆာင္ရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ Meat Boy တစ္ေယာက္တည္းနဲ႔ေတာ့ ေဒါက္တာဖီတက္ရဲ႕ စခန္းကို၀င္ေရာက္ၿပီး သားငယ္ေလးကို ျပန္ေခၚဖို႔ မလြယ္ပါဘူး။ Meat Boy ေရာ Bandage ပါ ႏွစ္ေယာက္ေပါင္ၿပီး ရန္သူကို ရင္ဆိုင္မွာပါ။ စခန္းသြားတေလွ်ာက္ ေထာင္ေခ်ာက္ေတြရွိမယ္၊ အေစာင့္ေတြရွိမယ္၊ ကစားသူက ခုန္ႏုိင္မယ္၊ ရန္သူကိုကန္ ႏုိင္ထိုးက်ိတ္ တိုက္ခိုက္ႏုိင္မွာ ျဖစ္ပါတယ္။ ေထာင္ေခ်ာက္ေတြကို ေက်ာ္ျဖတ္တဲ့အခါခ်ိန္သားကိုက္ ခုန္ထြက္ႏုိင္မွသာေက်ာ္ ျဖတ္ႏုိင္မွာ ျဖစ္သလို တစ္ဖက္က ရန္သူအေစာင့္ေတြနဲ႔ ေတြ႕ရင္လည္း ခ်က္ခ်င္းထိုးက်ိတ္ တိုက္ခိုက္ႏုိင္ဖို႔ လိုအပ္ပါတယ္။

အခုဂိမ္းမွာထူးျခားခ်က္ တစ္ခုရွိတာေလး ေျပာျပခ်င္ပါေသးတယ္။ အဲဒါကေတာ့ေနာက္တစ္ဆင့္ တက္ေရာက္ကစားမႈမွာ တစ္ဆင့္ခ်င္းမသြားဘဲ ကစားသူရဲ႕ ကစားႏႈန္းကိုၾကည့္ၿပီး တစ္ဆင့္ေအာင္လို႔ ေနာက္တစ္ဆင့္တက္ေရာက္ရင္ ပိုခက္တဲ့အဆင့္ကို ခ်က္ခ်င္းေရာက္သြားႏုိင္သလို ပံုမွန္အဆင့္ ၁ ကေန အဆင့္ ၂ ကို တက္ေရာက္ ကစားရတာလည္း ျဖစ္ႏုိင္ပါတယ္။ ကစားသူရဲ႕ ကစားပံု ဆရာက်ရင္ေတာ့စၿပီး ကစားခ်ိန္အဆင့္ ၁ မွာ ကစားရေပမယ့္ အဲဒီအဆင့္ ေအာင္ၿပီးရင့္ အဆင့္ ၅ ကိုလည္း ခ်က္ခ်င္းေရာက္သြားႏုိင္တာပဲ ျဖစ္ပါတယ္။

ဂိမ္းက အႏုိင္ရဖို႔အတြက္ တိုက္ခိုက္မႈထက္ ခ်ိ္န္သားကိုက္ခုန္ႏုိင္မႈ၊ ေထာင္ေခ်ာက္ေတြကို ေက်ာ္ျဖတ္ႏုိင္မႈက ပိုအေရးႀကီးပါတယ္။ တိုက္ခိုက္မႈကေတာ့ အေရးမႀကီးလွပါဘူး။ ဒါေပမဲ့ ေထာင္ေခ်ာက္ေတြကို ေက်ာ္ျဖတ္ခ်ိန္ပဲျဖစ္ျဖစ္ ရန္သူကိုတိုက္ခိုက္ခ်ိန္မွာ ျဖစ္ျဖစ္ Nugget ကို ထိခိုက္မႈရွိေစမယ့္၊ Nugget ရွိေနတဲ့ ေနရာကို ထိခိုက္ပ်က္စီးမႈရွိေစမယ့္ လုပ္ေဆာင္ တိုက္ခုိက္မႈမ်ိဳး မလုပ္မိဖို႔ လိုအပ္ပါတယ္။ မဟုတ္ရင္ေတာ့ အဓိက ဦးတည္ခ်က္ျဖစ္တဲ့ Nuggetကို ကယ္တင္မယ့္ အစီအစဥ္ပ်က္ၿပီး ဂိမ္းက႐ံႈးနိမ့္မွာပဲ ျဖစ္ပါတယ္။ အခုန္နဲ႔ တိုက္ခိုက္မႈ ခလုတ္ ၂ ခုပဲ သံုးရမွာျဖစ္လုိ႔ေပါ့ေပါ့ပါးပါး ကစားႏုိင္မယ့္ဂိမ္းေလးပါ။ ဒါေပမဲ့ ႐ိုး႐ိုးေလးနဲ႔ ခက္ခဲတဲ့ စိန္ေခၚမႈေတြ ထည့္ထားလို႔ အစကေနအဆံုးထိေအာင္ အႏုိင္ရဖို႔ ဆရာက်တဲ့ ကစားသမားတစ္ ေယာက္အေနနဲ႔ေတာင္ အခ်ိန္ ၃ နာရီေက်ာ္ထိေအာင္ ေပးရမယ္လုိ႔ ဆိုပါတယ္။ ဒါဆိုရင္ေတာ့ နည္းနည္းစိတ္၀င္စားစရာျဖစ္ လာပါၿပီ။ သင္ေရာ အခ်ိန္ဘယ္ ေလာက္ၾကာမွာ Nugget ကို ျပန္လည္ကယ္တင္ႏုိင္မွာလဲ…? စမ္းကစားၾကည့္ရေအာင္။

[ Unicode ]

Console နဲ့ ကစားရင် ပိုကောင်းမယ့် ပေါ့ပေါ့ပါးပါး ဂိမ်းသစ်လေးတစ်ခုနဲ့ အခုတစ်ပတ် မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမဲ့ Wins စနစ်ရော iOS အပါအဝင် Linux, Android တွေနဲ့ပါ ကစားနိုင်မှာပါ။ Console အစုံနဲ့ ရနိုင်တယ်လို့ ဆိုနိုင်ပြီး Nintendo Switch, PS4, Xbox One စတဲ့ တန်းမြင့် Set အစုံနဲ့ ကစားနိုင်ပါတယ်။ တိုက်ခိုက်ရေး ဂိမ်းဆန်တယ်လို့ ဆိုနိုင်ပေမယ့် တကယ်တော့ စခန်းသွားအနေနဲ့ ကစားရမှာပါ။ ဇာတ်ကောင်လေးတွေက လူသားမကျစက်ရုပ်မကျ ဇာတ်ကောင်ငယ်လေးတွေပါ။

Single အနေနဲ့ပဲ ကစားနိုင်မယ့် အားနည်းချက်တစ်ခုတော့တွေ့ပေမယ့် လူငယ်ရောလူကြီးပိုင်း ကစားသူတွေပါ သဘောကျစေနိုင်မယ့် ဂိမ်းလေးဖြစ်ပါတယ်။ အဓိက ရန်သူက Dr. Fetus ပါ။ သူက Meat Boyနဲ့ ဇနီးသည် Bandage Girl တို့ရဲ့ကလေးလေး ဖြစ်တဲ့ Nugget ကို ပြန်ပေးဆွဲ သွားတယ်။ ဒီတော့ Meat Boy က သူ့သားအတွက် လိုက်ပြီး ရှာဖွေ ပြန်လည် ခေါ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Meat Boy တစ်ယောက်တည်းနဲ့တော့ ဒေါက်တာဖီတက်ရဲ့ စခန်းကိုဝင်ရောက်ပြီး သားငယ်လေးကို ပြန်ခေါ်ဖို့ မလွယ်ပါဘူး။ Meat Boy ရော Bandage ပါ နှစ်ယောက်ပေါင်ပြီး ရန်သူကို ရင်ဆိုင်မှာပါ။ စခန်းသွားတလျှောက် ထောင်ချောက်တွေရှိမယ်၊ အစောင့်တွေရှိမယ်၊ ကစားသူက ခုန်နိုင်မယ်၊ ရန်သူကိုကန် နိုင်ထိုးကျိတ် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ ထောင်ချောက်တွေကို ကျော်ဖြတ်တဲ့အခါချိန်သားကိုက် ခုန်ထွက်နိုင်မှသာကျော် ဖြတ်နိုင်မှာ ဖြစ်သလို တစ်ဖက်က ရန်သူအစောင့်တွေနဲ့ တွေ့ရင်လည်း ချက်ချင်းထိုးကျိတ် တိုက်ခိုက်နိုင်ဖို့ လိုအပ်ပါတယ်။

အခုဂိမ်းမှာထူးခြားချက် တစ်ခုရှိတာလေး ပြောပြချင်ပါသေးတယ်။ အဲဒါကတော့နောက်တစ်ဆင့် တက်ရောက်ကစားမှုမှာ တစ်ဆင့်ချင်းမသွားဘဲ ကစားသူရဲ့ ကစားနှုန်းကိုကြည့်ပြီး တစ်ဆင့်အောင်လို့ နောက်တစ်ဆင့်တက်ရောက်ရင် ပိုခက်တဲ့အဆင့်ကို ချက်ချင်းရောက်သွားနိုင်သလို ပုံမှန်အဆင့် ၁ ကနေ အဆင့် ၂ ကို တက်ရောက် ကစားရတာလည်း ဖြစ်နိုင်ပါတယ်။ ကစားသူရဲ့ ကစားပုံ ဆရာကျရင်တော့စပြီး ကစားချိန်အဆင့် ၁ မှာ ကစားရပေမယ့် အဲဒီအဆင့် အောင်ပြီးရင့် အဆင့် ၅ ကိုလည်း ချက်ချင်းရောက်သွားနိုင်တာပဲ ဖြစ်ပါတယ်။

ဂိမ်းက အနိုင်ရဖို့အတွက် တိုက်ခိုက်မှုထက် ချိ်န်သားကိုက်ခုန်နိုင်မှု၊ ထောင်ချောက်တွေကို ကျော်ဖြတ်နိုင်မှုက ပိုအရေးကြီးပါတယ်။ တိုက်ခိုက်မှုကတော့ အရေးမကြီးလှပါဘူး။ ဒါပေမဲ့ ထောင်ချောက်တွေကို ကျော်ဖြတ်ချိန်ပဲဖြစ်ဖြစ် ရန်သူကိုတိုက်ခိုက်ချိန်မှာ ဖြစ်ဖြစ် Nugget ကို ထိခိုက်မှုရှိစေမယ့်၊ Nugget ရှိနေတဲ့ နေရာကို ထိခိုက်ပျက်စီးမှုရှိစေမယ့် လုပ်ဆောင် တိုက်ခိုက်မှုမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အဓိက ဦးတည်ချက်ဖြစ်တဲ့ Nuggetကို ကယ်တင်မယ့် အစီအစဉ်ပျက်ပြီး ဂိမ်းကရှုံးနိမ့်မှာပဲ ဖြစ်ပါတယ်။ အခုန်နဲ့ တိုက်ခိုက်မှု ခလုတ် ၂ ခုပဲ သုံးရမှာဖြစ်လို့ပေါ့ပေါ့ပါးပါး ကစားနိုင်မယ့်ဂိမ်းလေးပါ။ ဒါပေမဲ့ ရိုးရိုးလေးနဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ထည့်ထားလို့ အစကနေအဆုံးထိအောင် အနိုင်ရဖို့ ဆရာကျတဲ့ ကစားသမားတစ် ယောက်အနေနဲ့တောင် အချိန် ၃ နာရီကျော်ထိအောင် ပေးရမယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ နည်းနည်းစိတ်ဝင်စားစရာဖြစ် လာပါပြီ။ သင်ရော အချိန်ဘယ် လောက်ကြာမှာ Nugget ကို ပြန်လည်ကယ်တင်နိုင်မှာလဲ…? စမ်းကစားကြည့်ရအောင်။