Study in Japan ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်မည်

[ Zawgyi ]




-သန္တာ

[ Unicode ]

ဂျပန်နိုင်ငံကိုသွားရောက် ပညာသင်ကြားလိုသူတွေ အတွက် Study in Japan ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို အပိုင်းသုံးပိုင်းခွဲ ကျင်းပသွားမှာဖြစ်ပြီး အမှတ်စဉ် (၁) အနေနဲ့ မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအထိ လည်းကောင်း၊ အမှတ်စဉ် (၂) အနေနဲ့ ၃ နာရီမှ ၃ နာရီခွဲထိလည်းကောင်း၊ အမှတ်စဉ် ၃ အနေနဲ့ ညနေ ၃ နာရီ ခွဲ မှ ၅ နာရီအထိ လည်းကောင်း ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန၊ တောင်ငူဆောင်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အမှတ်စဉ် (၁) နဲ့ (၂) အချိန်တွေမှာ ပြောကြားမယ့်အကြောင်းအရာ မတူညီတဲ့အတွက် ကြိုက်နှစ်သက်ရာ အချိန်ကို ရွေးချယ်တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ပညာသင်ဆုတွေအကြောင်း၊ ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေအကြောင်းကို ရှင်းလင်းပြောကြားပေးမှာဖြစ်ပြီး ပွဲတက်ရောက်လိုသူတွေအနေနဲ့ OJEIC ဖုန်း-၀၉၂၆၁၈၄၁၀၅၄ ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။