Storage ပိုမိုမ်ားျပားတဲ့ Xiaomi POCO F1 Armoured Edition

[ Zawgyi ]

Xiaomi ဟာ ေဈးႏႈန္းသက္သာတဲ့ Poco F1 စမတ္ဖုန္းမွာ စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ flagship spec ေတြကို ထည့္သြင္းထားပါတယ္။ Xiaomi ရဲ႕ Poco F1 စမတ္ဖုန္းဟာ OnePlus ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။ Xiaomi ဟာ Poco F1 စမတ္ဖုန္းအတြက္ ပုံမွန္ေမာ္ဒယ္ေတြ ထုတ္လုပ္ၿပီးေနာက္ POCO F1 Armoured Edition ကိုလည္း ျဖန္႔ခ်ိေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

POCO F1 Armoured Edition စမတ္ဖုန္း ေက်ာဘက္မွာ အၾကမ္းခံႏိုင္တဲ့ Kevlar backplate ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ storage 256GB အထိ ပါဝင္လာပါတယ္။ အရင္ Poco F1 ကေတာ့ RAM 6GB နဲ႔ storage 64GB အထိပဲ အမ်ားဆုံး ပါဝင္လာပါတယ္။

ဒီဇင္ဘာလ ၂၆ ရက္ကစၿပီး POCO F1 Armoured Edition ကုိ Flipkart နဲ႔ mi.com ကတစ္ဆင့္ အိႏၵိယမွာ ဝယ္ယူနိုင္ပါတယ္။ POCO F1 Armoured Edition ရဲ႕ 128GB ေမာ္ဒယ္ကို ေဒၚလာ ၃၄၂ နဲ႔ စတင္ေရာင္းခ်မွာ ျဖစ္သလို 256GB ကိုေတာ့ ၄၁၃ ေဒၚလာနဲ႔ ေရာင္းခ်သြားပါမယ္။

စိုးထက္
Ref: PocketNow

[ Unicode ]

Xiaomi ဟာ ဈေးနှုန်းသက်သာတဲ့ Poco F1 စမတ်ဖုန်းမှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ flagship spec တွေကို ထည့်သွင်းထားပါတယ်။ Xiaomi ရဲ့ Poco F1 စမတ်ဖုန်းဟာ OnePlus ဖုန်းတွေနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Xiaomi ဟာ Poco F1 စမတ်ဖုန်းအတွက် ပုံမှန်မော်ဒယ်တွေ ထုတ်လုပ်ပြီးနောက် POCO F1 Armoured Edition ကိုလည်း ဖြန့်ချိရောင်းချသွားမှာ ဖြစ်ပါတယ်။

POCO F1 Armoured Edition စမတ်ဖုန်း ကျောဘက်မှာ အကြမ်းခံနိုင်တဲ့ Kevlar backplate ကို အသုံးပြုထားပြီး RAM 8GB နဲ့ storage 256GB အထိ ပါဝင်လာပါတယ်။ အရင် Poco F1 ကတော့ RAM 6GB နဲ့ storage 64GB အထိပဲ အများဆုံး ပါဝင်လာပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်ကစပြီး POCO F1 Armoured Edition ကို Flipkart နဲ့ mi.com ကတစ်ဆင့် အိန္ဒိယမှာ ဝယ်ယူနိုင်ပါတယ်။ POCO F1 Armoured Edition ရဲ့ 128GB မော်ဒယ်ကို ဒေါ်လာ ၃၄၂ နဲ့ စတင်ရောင်းချမှာ ဖြစ်သလို 256GB ကိုတော့ ၄၁၃ ဒေါ်လာနဲ့ ရောင်းချသွားပါမယ်။

Ref: PocketNow