Spotify (၁၀) ႏွစ္ျပည့္ ႏွစ္ပတ္လည္မွာ လူအမ်ားဆုံး နားေထာင္တဲ့ သီခ်င္းစာရင္းကုိ ထုတ္ျပန္ခဲ့

Spotify ဟာ ေအာက္တုိဘာလ ၁၀ ရက္ (ဗုဒၶဟူးေန႔) မွာ ၁၀ ႏွစ္သက္တမ္းျပည့္ေျမာက္ခဲ့ၿပီး ဂုဏ္ျပဳတဲ့အထိမ္းအမွတ္အေနနဲ႔ Playlist တစ္ခုကုိ ထုတ္ေဖာ္ျပသခဲ့ပါတယ္။

အဲဒီ Playlist ထဲမွာ John Legend, Hozier, Lady Gaga,Beyoncé, Coldplay, the Chainsmokers, the Lumineers, Kendrick Lamar တုိ႔လို ေတးသံရွင္ေတြ ပါဝင္လာပါတယ္။

“အခုဆိုရင္ ကၽြန္ေတာ္တို႔ဟာ ကမ႓ာေပၚက အႀကီးဆုံး music-streaming ဝန္ေဆာင္မႈျဖစ္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔အေနနဲ႔ ဒီဝန္ေဆာင္မႈကုိ စတင္လုပ္ကုိင္ကတည္းက အဆိုေတာ္ေတြကုိ အကူအညီေပးၿပီး အဆိုေတာ္ေတြနဲ႔ ပရိသတ္ေတြကုိ ခ်ိတ္ဆက္ေပးႏိုင္ေအာင္ပဲ အာ႐ုံစိုက္ထားပါတယ္” လို႔ Spotify က ထုတ္ျပန္ခဲ့ပါတယ္။ Spotify ဝန္ေဆာင္မႈကုိ ႏိုင္ငံေပါင္း ၆၅ ႏိုင္ငံမွာ လစဥ္သုံးစြဲသူ သန္း ၁၈၀ ရွိတယ္လို႔ ကုမၸဏီက ေျပာၾကားထားပါတယ္။

ဒါ့အျပင္ Spotify ဟာ ႏွစ္စဥ္ လူေတြအမ်ားဆုံး နားေထာင္တဲ့ သီခ်င္းေတြကုိ ေဖာ္ျပတဲ့ အခ်က္အလက္ေတြကုိလည္း ထုတ္ျပန္ခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္မွာ The Killers အဖြဲ႕ရဲ႕ Human သီခ်င္းဟာ Spotify မွာ နားေထာင္မႈအမ်ားဆုံး သီခ်င္းျဖစ္ခဲ့ပါတယ္။ Spotify မွာ လူအမ်ားဆုံး နားေထာင္ၾကတဲ့ အဆိုေတာ္ကေတာ့ Drake ျဖစ္ပါတယ္။ Rhianna ဟာ stream မႈျပဳလုပ္မႈ ၁ ဘီလ်ံျပည့္ေျမာက္ခဲ့တဲ့ ပထမဆုံး အဆိုေတာ္ျဖစ္လာပါတယ္။ ဒါ့အျပင္ သူမဟာ တစ္ကမ႓ာလုံးမွာ လူအမ်ားဆုံးနားေထာင္တဲ့ အမ်ိဳးသမီးအဆိုေတာ္လည္း ျဖစ္ပါတယ္။

Spotify မွာ လူအမ်ားဆုံး နားေထာင္တဲ့သီခ်င္းကေတာ့ Ed Sheeran ရဲ႕ “Shape of You” ျဖစ္ပါတယ္။ ဒါ့အျပင္ Ed Sheeran ဟာ Spotify မွာ လူအမ်ားဆုံး နားေထာင္တဲ့ အဆိုေတာ္စာရင္းမွာ ဒုတိယေနရာ ရယူထားၿပီး သူ႔ရဲ႕ အယ္လ္ဘမ္၂ ခ်ပ္ဟာ လူအမ်ားဆုံးနားေထာင္တဲ့ အယ္လ္ဘမ္စာရင္းထဲမွာ ပါဝင္လာပါတယ္။ Drake ရဲ႕ အယ္လ္ဘမ္ ၂ ခ်ပ္လည္း အဲဒီစာရင္းမွာ ပါဝင္လာပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Spotify ဟာ အောက်တိုဘာလ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) မှာ ၁၀ နှစ်သက်တမ်းပြည့်မြောက်ခဲ့ပြီး ဂုဏ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ Playlist တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဒီ Playlist ထဲမှာ John Legend, Hozier, Lady Gaga,Beyoncé, Coldplay, the Chainsmokers, the Lumineers, Kendrick Lamar တို့လို တေးသံရှင်တွေ ပါဝင်လာပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ဟာ ကမ႓ာပေါ်က အကြီးဆုံး music-streaming ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီဝန်ဆောင်မှုကို စတင်လုပ်ကိုင်ကတည်းက အဆိုတော်တွေကို အကူအညီပေးပြီး အဆိုတော်တွေနဲ့ ပရိသတ်တွေကို ချိတ်ဆက်ပေးနိုင်အောင်ပဲ အာရုံစိုက်ထားပါတယ်” လို့ Spotify က ထုတ်ပြန်ခဲ့ပါတယ်။ Spotify ဝန်ဆောင်မှုကို နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ လစဉ်သုံးစွဲသူ သန်း ၁၈၀ ရှိတယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

ဒါ့အပြင် Spotify ဟာ နှစ်စဉ် လူတွေအများဆုံး နားထောင်တဲ့ သီချင်းတွေကို ဖော်ပြတဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ The Killers အဖွဲ့ရဲ့ Human သီချင်းဟာ Spotify မှာ နားထောင်မှုအများဆုံး သီချင်းဖြစ်ခဲ့ပါတယ်။ Spotify မှာ လူအများဆုံး နားထောင်ကြတဲ့ အဆိုတော်ကတော့ Drake ဖြစ်ပါတယ်။ Rhianna ဟာ stream မှုပြုလုပ်မှု ၁ ဘီလျံပြည့်မြောက်ခဲ့တဲ့ ပထမဆုံး အဆိုတော်ဖြစ်လာပါတယ်။ ဒါ့အပြင် သူမဟာ တစ်ကမ႓ာလုံးမှာ လူအများဆုံးနားထောင်တဲ့ အမျိုးသမီးအဆိုတော်လည်း ဖြစ်ပါတယ်။

Spotify မှာ လူအများဆုံး နားထောင်တဲ့သီချင်းကတော့ Ed Sheeran ရဲ့ “Shape of You” ဖြစ်ပါတယ်။ ဒါ့အပြင် Ed Sheeran ဟာ Spotify မှာ လူအများဆုံး နားထောင်တဲ့ အဆိုတော်စာရင်းမှာ ဒုတိယနေရာ ရယူထားပြီး သူ့ရဲ့ အယ်လ်ဘမ်၂ ချပ်ဟာ လူအများဆုံးနားထောင်တဲ့ အယ်လ်ဘမ်စာရင်းထဲမှာ ပါဝင်လာပါတယ်။ Drake ရဲ့ အယ်လ်ဘမ် ၂ ချပ်လည်း အဲဒီစာရင်းမှာ ပါဝင်လာပါတယ်။

စိုးထက်
Ref: CNET