Spectrum Management System ဖြ႔ံၿဖိဳးေရးအတြက္ ေဆာင္ရြက္ႏိုင္မယ့္ အဖြဲ႔အစည္းမ်ားအား ဖိတ္ေခၚ

[ Zawgyi ]

ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနအေနနဲ႔ Spectrum Management System ကို ေဆာင္ရြက္ႏိုင္မယ့္ ပုဂၢိဳလ္၊ အဖြဲ႔အစည္းေတြကို ဖိတ္ေခၚလိုက္ျဖစ္ၿပီး ဒီဇင္ဘာ ၁၄ ရက္ ေနာက္ဆံုးထားၿပီး လိုအပ္တဲ့ အခ်က္အလက္ေတြနဲ႔ တင္သြင္းႏိုင္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနအေနနဲ႔ ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္တို႔မွာ Control Station စုစုေပါင္းေလးခုကို တည္ေဆာက္ထားၿပီး Spectrum Management System ကို ေဆာင္ရြက္ႏိုင္ဖို႔လို အပ္ေနေသးေၾကာင္း၊ ဒါေၾကာင့္ ဖိတ္ေခၚတာျဖစ္ၿပီး solutions နဲ႔လိုအပ္ခ်က္ အေသးစိတ္အခ်က္ အလက္ေတြကို ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ေနျပည္ေတာ္၊ ႐ံုးအမွတ္ (၂) ၊ [email protected] [email protected] ကို ေပးပို႔ႏိုင္ေၾကာင္း သိရပါတယ္။

တယ္လီကြန္း က႑ျပဳျပင္ေျပာင္းလဲေရးကို အရည္အေသြးျမင့္ တယ္လီကြန္ဝန္ေဆာင္မႈျဖစ္လာေစဖို႔၊ ႏိုင္ငံသားေတြအတြက္ သင့္ေတာ္မွ်တတဲ့ ေစ်းႏႈန္းနဲ႔ အသံုးျပဳႏိုင္မယ့္ ဝန္ေဆာင္မႈျဖစ္လာေစဖို႔၊ လိုအပ္တဲ့ ဆက္သြယ္ေရးဆိုင္ရာ သတင္းအခ်က္အလက္ နည္းပညာတိုးတက္ဖြ႔ံၿဖိဳးလာေစဖို႔ အစရွိတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ ေဆာင္ရြက္ေနေၾကာင္း၊ ကမာၻ႔ဘဏ္ရဲ႕ အေထာက္အပံ့နဲ႔ တယ္လီကြန္း က႑ျပဳျပင္ ေျပာင္းလဲေရးကို ေဆာင္ရြက္ရာမွာ Spectrum Management System လည္း တစ္ခု အပါအဝင္ျဖစ္ေၾကာင္း ဆိုပါတယ္။

-ထြန္းထြန္း

[ Unicdoe ]

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ Spectrum Management System ကို ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်လိုက်ဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး လိုအပ်တဲ့ အချက်အလက်တွေနဲ့ တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ Control Station စုစုပေါင်းလေးခုကို တည်ဆောက်ထားပြီး Spectrum Management System ကို ဆောင်ရွက်နိုင်ဖို့လို အပ်နေသေးကြောင်း၊ ဒါကြောင့် ဖိတ်ခေါ်တာဖြစ်ပြီး solutions နဲ့လိုအပ်ချက် အသေးစိတ်အချက် အလက်တွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၂) ၊ [email protected] [email protected] ကို ပေးပို့နိုင်ကြောင်း သိရပါတယ်။

တယ်လီကွန်း ကဏ္ဍပြုပြင်ပြောင်းလဲရေးကို အရည်အသွေးမြင့် တယ်လီကွန်ဝန်ဆောင်မှုဖြစ်လာစေဖို့၊ နိုင်ငံသားတွေအတွက် သင့်တော်မျှတတဲ့ စျေးနှုန်းနဲ့ အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုဖြစ်လာစေဖို့၊ လိုအပ်တဲ့ ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက် နည်းပညာတိုးတက်ဖွ့ံဖြိုးလာစေဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့ဘဏ်ရဲ့ အထောက်အပံ့နဲ့ တယ်လီကွန်း ကဏ္ဍပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်ရာမှာ Spectrum Management System လည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း ဆိုပါတယ်။