မ်ိဳးဆက္သစ္ ဂိမ္းစက္တစ္မ်ိဳး ဖန္တီးေနေၾကာင္း Sony အတည္ျပဳ

[ Zawgyi ]

PlayStation 4 ေနရာ ဆက္ခံမယ့္ မ်ိဳးဆက္သစ္ ဂိမ္းစက္တစ္မ်ိဳးကို ဖန္တီးေနတယ္လို႔ Sony က အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

“အခုအခ်ိန္မွာ ကၽြန္ေတာ္ေျပာႏိုင္တာက မ်ိဳးဆက္သစ္ hardware တစ္ခု ပိုင္ဆိုင္ဖို႔ လိုအပ္ပါတယ္” လို႔ Sony ဥကၠ႒နဲ႔ အမႈေဆာင္အရာရိွခ်ဳပ္ Kenichiro Yoshida က Financial Times နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

ဂိမ္းစက္ရဲ႕ အမည္ကို Yoshida က မေဖာ္ျပခဲ့ပါဘူး။ ဒါ့အျပင္ ဂိမ္းစက္အသစ္နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ထြက္ေပၚျခင္း မရိွေသးသလို PlayStation 5 လို႔ ေခၚဆိုျခင္း ရိွ၊ မရိွကိုလည္း မသိရေသးပါဘူး။ ျဖန္႔ခ်ိမယ့္အခ်ိန္ကိုလည္း မသိရေသးေပမယ့္ Sony Interactive Entertainment အမႈေဆာင္အရာရိွ John Kodera က PlayStation ဂိမ္းစက္သစ္အတြက္ အနည္းဆံုး အခ်ိန္သံုးႏွစ္ယူရမယ္လို႔ ေမလက ေျပာၾကားခဲ့ပါတယ္။

“အနာဂတ္မွာ အျမင့္ဆံုးကို ေရာက္ရိွေစဖို႔အတြက္ ေနာက္လာမယ့္ သံုးႏွစ္အတြင္း ေျခလွမ္းသစ္အတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္သြားပါမယ္” လို႔ Kodera က ေမလမွာ ေျပာၾကားခဲ့ပါတယ္။

တကယ္လို႔ ထင္ေၾကးေတြသာ မွန္ကန္ခဲ့မယ္ဆိုရင္ မ်ိဳးဆက္သစ္ PlayStation ကို ၂၀၂၁ ခုႏွစ္မွာ ေတြ႕ျမင္ရဖြယ္ရိွပါတယ္။

Ref: Polygon

[ Unicode ]

PlayStation 4 နေရာ ဆက်ခံမယ့် မျိုးဆက်သစ် ဂိမ်းစက်တစ်မျိုးကို ဖန်တီးနေတယ်လို့ Sony က အတည်ပြု ပြောကြားလိုက်ပါတယ်။

“အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာက မျိုးဆက်သစ် hardware တစ်ခု ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်” လို့ Sony ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Kenichiro Yoshida က Financial Times နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဂိမ်းစက်ရဲ့ အမည်ကို Yoshida က မဖော်ပြခဲ့ပါဘူး။ ဒါ့အပြင် ဂိမ်းစက်အသစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်ခြင်း မရှိသေးသလို PlayStation 5 လို့ ခေါ်ဆိုခြင်း ရှိ၊ မရှိကိုလည်း မသိရသေးပါဘူး။ ဖြန့်ချိမယ့်အချိန်ကိုလည်း မသိရသေးပေမယ့် Sony Interactive Entertainment အမှုဆောင်အရာရှိ John Kodera က PlayStation ဂိမ်းစက်သစ်အတွက် အနည်းဆုံး အချိန်သုံးနှစ်ယူရမယ်လို့ မေလက ပြောကြားခဲ့ပါတယ်။

“အနာဂတ်မှာ အမြင့်ဆုံးကို ရောက်ရှိစေဖို့အတွက် နောက်လာမယ့် သုံးနှစ်အတွင်း ခြေလှမ်းသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားပါမယ်” လို့ Kodera က မေလမှာ ပြောကြားခဲ့ပါတယ်။

တကယ်လို့ ထင်ကြေးတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် မျိုးဆက်သစ် PlayStation ကို ၂၀၂၁ ခုနှစ်မှာ တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: Polygon