Sony Xperia 1 ကို Amazon မွာ ေဒၚလာ ၁,၀၀၀ နဲ႔ ႀကိဳတင္မွာယူႏိုင္

[ Zawgyi ]

Sony ဟာ MWC 2019 ပြဲမွာ ပထမဆုံး 4K OLED panel အသုံးျပဳထားတဲ့ Xperia 1 ကုိ မိတ္ဆက္ခဲ့ပါတယ္။ Sony Xperia 1 ရဲ႕မ်က္ႏွာျပင္ အခ်ိဳးအစားက 21:9 ရွိေပမယ့္ ေဈးႏႈန္းကုိ မထုတ္ျပန္ခဲ့ပါဘူး။ ဒါေပမဲ့ ယူေကမွာ ေပါင္ ၈၄၉ နဲ႔ ႀကိဳတင္မွာယူႏိုင္ပါတယ္။ အခုဆိုရင္ အေမရိကန္ႏိုင္ငံမွာ Amazon ကေန ၉၉၉.၉၉ ေဒၚလာနဲ႔ Xperia 1 ကုိ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ပါတယ္။ အဲဒီလုပ္ရပ္ဟာ စတန္႔တစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

Sony Xperia 1 မွာ RAM 6GB နဲ႔ storage 128GB ပါဝင္ၿပီး ယူေကေဈးႏႈန္းက ေဒၚလာ ၁,၁၀၀ နဲ႔ ညီမွ်ေနပါတယ္။ Amazon မွာေဖာ္ျပထားတဲ့ Xperia 1 ေဈးႏႈန္းက အနည္းငယ္ သက္သာေနပါတယ္။ Sony Xperia 1 ေရာင္းခ်တဲ့ စာမ်က္ႏွာမွာ ထုတ္ကုန္ေရာင္းခ်မယ္ေန႔ကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလလို႔ မွားယြင္းေဖာ္ျပထားပါတယ္။ အျဖစ္ႏိုင္ဆုံးက ၂၀၁၉ ခုႏွစ္ ေမလ ဒါမွမဟုတ္ ဇြန္လမွာ ဟန္းဆက္ေရာင္းခ်မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Sony ဟာ MWC 2019 ပွဲမှာ ပထမဆုံး 4K OLED panel အသုံးပြုထားတဲ့ Xperia 1 ကို မိတ်ဆက်ခဲ့ပါတယ်။ Sony Xperia 1 ရဲ့မျက်နှာပြင် အချိုးအစားက 21:9 ရှိပေမယ့် ဈေးနှုန်းကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ ယူကေမှာ ပေါင် ၈၄၉ နဲ့ ကြိုတင်မှာယူနိုင်ပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံမှာ Amazon ကနေ ၉၉၉.၉၉ ဒေါ်လာနဲ့ Xperia 1 ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ဟာ စတန့်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Sony Xperia 1 မှာ RAM 6GB နဲ့ storage 128GB ပါဝင်ပြီး ယူကေဈေးနှုန်းက ဒေါ်လာ ၁,၁၀၀ နဲ့ ညီမျှနေပါတယ်။ Amazon မှာဖော်ပြထားတဲ့ Xperia 1 ဈေးနှုန်းက အနည်းငယ် သက်သာနေပါတယ်။ Sony Xperia 1 ရောင်းချတဲ့ စာမျက်နှာမှာ ထုတ်ကုန်ရောင်းချမယ်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလလို့ မှားယွင်းဖော်ပြထားပါတယ်။ အဖြစ်နိုင်ဆုံးက ၂၀၁၉ ခုနှစ် မေလ ဒါမှမဟုတ် ဇွန်လမှာ ဟန်းဆက်ရောင်းချမှာ ဖြစ်ပါတယ်။

Ref: GSMArena