Sony Alpha a6400 Mirrorless Digital Camera with 16-50mm Lens
[ Zawgyi ]
တန္ဖိုး-USD599$
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-USD599$
အားသာချက်
Sony Alpha a6400 Mirrorless Camera ဖြစ်ပါတယ်။ 23.5 x 15.6 mm အရွယ်အစား APS-C ExmorCMOS Sensor နဲ့ BIONZ X image processor ထောက်ပံ့ပေးထားပါတယ်။ 24.2 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4KUHD ကို 30fps အထိ ရိုက်ကူးနိုင်ပါတယ်။ အခုပြောတဲ့ စျေးနှုန်းမှာ Lens အနေနဲ့ 16-50 ပါဝင်ပါတယ်။ JPEG File အတွက် Frame per second 11fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ၃ လက်မအရွယ်180° Tilting Touchscreen ပါဝင်ပြီး ၁၈၀ ဒီဂရီလှည့်နို်င်သလို ထိတွေ့စေခိုင်းနိုင်မှာလည်း ဖြစ်ပါတယ်။ ချိတ်ဆက်မှုအတွက် 1/8″ Microphone, HDMI D (Micro), USB 2.0 Micro-B, Wired Remote Port နဲ့ ချိတ်ဆက်နိုင်
ပါတယ်။ ကြိုးမဲ့အတွက်လည်း Wi-Fi ထောက်ပံံ့ပေးထားပါတယ်။ Screen ကို မိမိဘက်အထိ ပြန်လှည့်နိုင်တဲ့အတွက် Selfie ဝါသနာရှင်တွေအနေနဲ့ မိမိအနေအထားကို မိမိစိတ်ကြိုက် ပြင်နိုင်မှာပါ။ Focus ပိုင်းမှာ Automatic (A), Continuous-Servo AF (C), Direct Manual Focus (DMF), Manual Focus (M), Single-servo AF (S) တွေ ရရှိနိုင်ပြီး Point အနေနဲ့ 425 Phase- & Contrast-Detect AF Points တွေရရှိမှာဖြစ်ပါတယ်။
အားနည်းချက်
Video ပိုင်းမှာ 4K အထိ ထောက်ပံ့ပေးထားပေမယ့် fps က 30 ပဲရတဲ့အတွက် နည်းပါတယ်။
သုံးသပ်ချက်
စျေးနှုန်းအနေနဲ့က ဓာတ်ပုံဝါသနာရှင်တိုင်း လက်လှမ်းမီတဲ့စျေးဖြစ်ပြီး Focus ဖြတ်နှုန်း မြန်ဆန်တဲ့အတွက် Street Photographer တွေပါ သဘောကျစေမှာပါ။ Feature တွေ စုံလင်လှပြီး Pro ဆန်ဆန်ကိုင်တွယ် အသုံးပြုနိုင်မယ့် တန်ဖိုးသင့် ကင်မရာဖြစ်ပါတယ်။
လုပ်ဆောင်ချက်
File Format တွေအနေနဲ့ JPEG သမကာ RAWFile နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps, အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 30” ကနေ 1 / 4000 အထိ ရပါတယ်။ Bult-in Flash အနေနဲ့ ပါဝင်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်းပါဝင်မှာပါ။
Exposure Mode အနေနဲ့ Aperture Priority, Auto, Intelligent Auto, Manual, Movie, Program, Scene Selection, Shutter Priority, Superior Auto, Sweep Panorama တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Average Metering, Center-Weighted Average Metering, Multi-Zone Metering, Spot Metering, Highlight Weighted စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Color Temperature Filter, Custom, Daylight, Flash, Fluorescent (Cool White), Fluorescent (Day White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ အပြည့်စုံ ပါဝင်ပါတယ်။ 2.36m-Dot အရည်အသွေးရှိ XGA Tru-Finder OLED EVF Electronic Viewfinder ပါဝင်ပြီး Screen Display အနေနဲ့ ၃ လက်မအရွယ်ရှိကာ 921.6k-Dot အရည်အသွေးရှိ 180° Tilting Touchscreen ကို ထောက်ပံ့ထားပါတယ်။ အရွယ်အစား 120.0 x 66.9 x 59.7mm ဖြစ်ပြီး အလေးချိန် 403g ရှိပါတယ်။