Sony ရဲ႕ Wena Wrist စမတ္လက္ပတ္

[ Zawgyi ]

Sony ဟာ ၂၀၁၅ ခုႏွစ္တုန္းက ရန္ပုံေငြရွာေဖြတဲ့ အစီအစဥ္နဲ႔ စိတ္ဝင္စားစရာ စမတ္နာရီ Wena Wrist ကို မိတ္ဆက္ဖူးပါတယ္။ ႏွစ္အနည္းငယ္အၾကာ ဂ်ပန္မွာ ေရာင္းခ်အၿပီးမွာ Wena Wrist ကုိ အျပည္ျပည္ဆိုင္ရာ ေဈးကြက္မွာ ေရာင္းခ်ခဲ့ၿပီး ယူေကမွာ ႀကိဳတင္မွာယူႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီထုတ္ကုန္ကေတာ့ စမတ္နာရီမဟုတ္ပါဘူး။

Wena Wrist ဟာ စမတ္လက္ပတ္ျဖစ္ၿပီး သုံးစြဲသူက ရွိၿပီးသားစက္နာရီနဲ႔ တြဲဖက္ဝတ္ဆင္ႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ အဲဒီလက္ပတ္ရဲ႕ ခါးပတ္ေခါင္းအတြင္းမွာ display အေသးစားေလး ပါဝင္ကာ ဖုန္းသတိေပးခ်က္နဲ႔ အေျခခံလုပ္ေဆာင္ခ်က္ ေျခရာခံတာေတြ ပါဝင္လာၿပီး contactless ေငြေပးေခ်မႈေတြလည္း လုပ္ႏိုင္ပါတယ္။ ေရေအာက္ မီတာ ၅၀ အထိ ခံႏိုင္ရည္ရွိပါတယ္။ တကယ္လို႔ သုံးစြဲသူက နာရီနဲ႔တကြ Wena Wrist ကိုလိုခ်င္တယ္ဆုိရင္ Sony အေနနဲ႔ စက္နာရီ၊ ဆိုလာနဲ႔ လက္တံလႈပ္ရွားမႈ ပါဝင္တဲ့ နာရီမ်က္ႏွာျပင္ ၅ မ်ိဳးကိုလည္း ဖန္တီးထားပါေသးတယ္။

Sony ဟာ Wena Wrist ဗားရွင္း ၂ မ်ိဳး ထုတ္လုပ္ထားပါတယ္။ Wena Wrist Pro ဟာ သတၱဳလက္ပတ္ျဖစ္ၿပီး အနက္နဲ႔ ေငြေရာင္ ထုတ္လုပ္ထားပါတယ္။ Wena Wrist Pro လက္ပတ္ကို ၁၈ မီလီမီတာ၊ ၂၀ မီလီမီတာနဲ႔ ၂၂ မီလီမီတာ ဆိုၿပီး ၃ မ်ိဳး ထုတ္လုပ္ထားပါေသးတယ္။

ေနာက္တစ္မ်ိဳးကေတာ့ Wena Wrist Active ျဖစ္ကာ ဆီလီကြန္ႀကိဳးနဲ႔ ျပဳလုပ္ထားတဲ့အတြက္ အားကစားလုပ္တဲ့အခါ အသုံးျပဳႏိုင္ပါတယ္။ နာရီမ်က္ႏွာျပင္ကေန ျဖဳတ္ၿပီး သီးသန္႔ tracker အျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။ Active မွာ GPS ေျခရာခံမႈနဲ႔ ႏွလုံးခုန္ႏႈန္းကို ေစာင့္ၾကည့္ေပးတဲ့ feture ပါဝင္လာပါတယ္။ ဒါ့အျပင္ Apple Health နဲ႔ Google Fit တို႔နဲ႔ ေပါင္းစပ္ထားပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Sony ဟာ ၂၀၁၅ ခုနှစ်တုန်းက ရန်ပုံငွေရှာဖွေတဲ့ အစီအစဉ်နဲ့ စိတ်ဝင်စားစရာ စမတ်နာရီ Wena Wrist ကို မိတ်ဆက်ဖူးပါတယ်။ နှစ်အနည်းငယ်အကြာ ဂျပန်မှာ ရောင်းချအပြီးမှာ Wena Wrist ကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာ ရောင်းချခဲ့ပြီး ယူကေမှာ ကြိုတင်မှာယူနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ကုန်ကတော့ စမတ်နာရီမဟုတ်ပါဘူး။

Wena Wrist ဟာ စမတ်လက်ပတ်ဖြစ်ပြီး သုံးစွဲသူက ရှိပြီးသားစက်နာရီနဲ့ တွဲဖက်ဝတ်ဆင်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီလက်ပတ်ရဲ့ ခါးပတ်ခေါင်းအတွင်းမှာ display အသေးစားလေး ပါဝင်ကာ ဖုန်းသတိပေးချက်နဲ့ အခြေခံလုပ်ဆောင်ချက် ခြေရာခံတာတွေ ပါဝင်လာပြီး contactless ငွေပေးချေမှုတွေလည်း လုပ်နိုင်ပါတယ်။ ရေအောက် မီတာ ၅၀ အထိ ခံနိုင်ရည်ရှိပါတယ်။ တကယ်လို့ သုံးစွဲသူက နာရီနဲ့တကွ Wena Wrist ကိုလိုချင်တယ်ဆိုရင် Sony အနေနဲ့ စက်နာရီ၊ ဆိုလာနဲ့ လက်တံလှုပ်ရှားမှု ပါဝင်တဲ့ နာရီမျက်နှာပြင် ၅ မျိုးကိုလည်း ဖန်တီးထားပါသေးတယ်။

Sony ဟာ Wena Wrist ဗားရှင်း ၂ မျိုး ထုတ်လုပ်ထားပါတယ်။ Wena Wrist Pro ဟာ သတ္တုလက်ပတ်ဖြစ်ပြီး အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။ Wena Wrist Pro လက်ပတ်ကို ၁၈ မီလီမီတာ၊ ၂၀ မီလီမီတာနဲ့ ၂၂ မီလီမီတာ ဆိုပြီး ၃ မျိုး ထုတ်လုပ်ထားပါသေးတယ်။

နောက်တစ်မျိုးကတော့ Wena Wrist Active ဖြစ်ကာ ဆီလီကွန်ကြိုးနဲ့ ပြုလုပ်ထားတဲ့အတွက် အားကစားလုပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ နာရီမျက်နှာပြင်ကနေ ဖြုတ်ပြီး သီးသန့် tracker အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Active မှာ GPS ခြေရာခံမှုနဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်ပေးတဲ့ feture ပါဝင်လာပါတယ်။ ဒါ့အပြင် Apple Health နဲ့ Google Fit တို့နဲ့ ပေါင်းစပ်ထားပါတယ်။

Ref: CNET