Sony ရဲ့ စမတ်ဖုန်း မော်ဒယ်သစ်နှစ်မျိုးကို မကြာမီ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်

ဘာလင်မှာကျင်းပပြုလုပ်တဲ့ IFA 2017 ပွဲမှာ အသစ်မိတ်ဆက်ခဲ့တဲ့ Sony ရဲ့ စမတ်ဖုန်းမော်ဒယ်သစ်တွေဖြစ်တဲ့ Xperia XA1 Plus နဲ့ 3D ရုပ်ကြွပုံစံမျိုး ရိုက်ကူးဖန်တီးနိုင်တဲ့ နည်းပညာထောက်ပံ့ပါဝင်တဲ့ Xperia XZ1 ဖုန်းတွေကို ယခုနှစ် အောက်တိုဘာ လဆန်းမှာ ပြည်တွင်း ဈေးကွက်မှာ စတင်မိတ်ဆက် ရောင်းချသွားမယ်လို့ သိရပါတယ်။

Xperia XA1 Plus မှာဆိုရင် 23 MP ရှိတဲ့ ကင်မရာကို အသုံးပြုထားပြီး မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိတဲ့ Full HD Display ကို တပ်ဆင်ထားပါတယ်။ အသံထွက်ပိုင်းမှာလည်း ကြည်လင်ပြီး အသံထွက်ပီပြင်စေတဲ့ Audio Performance တွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အရောင် ၄ မျိုးနဲ့ ထွက်ရှိမှာဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ အရောင်တွေလဲ ပါဝင်တယ်လို့ ဆိုပါတယ်။ ဘက်ထရီကတော့ 3430mAh ပါဝင်မှာပြီး ဈေးကွက်ထဲမှာ အလယ်အလတ်တန်းရှိတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Xperia XZ1 မှာလည်း ယခင်မော်ဒယ်တွေမှာ ပါဝင်တဲ့ Super Slow Motion ဗီဒီယိုတွေကို ရိုက်ကူးနိုင်တဲ့ Motion-Eye ကင်မရာ နည်းပညာထောက် ပံ့ပါဝင်တဲ့အပြင် Smile Predictive Capture နဲ့ Autofocus Burst စတဲ့ ကင်မရာ နည်းပညာတွေလဲ ထောက်ပံ့ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ မျက်နှာကို 3D အနေနဲ့ ရိုက်ကူးပြီး ချစ်စရာ ဇာတ်ကောင်လေးရဲ့ မျက်နှာမှာ 3D နဲ့ရိုက်းထားတဲ့ ပုံကိုထည့်သွင်းကာ ချစ်စရာကကွက် ဗီဒီယိုဖိုင်များ လုပ်ဆောင်နိုင်တဲ့ all-new 3D creator feature လို့ခေါ်တဲ့ နည်းပညာသစ်လည်း ထောက်ပံ့ပါဝင်လာမှာ ဖြစ်ပါတယ်။ Xperia XZ1 ဖုန်းရဲ့ မျက်နှာပြင်အကျယ်က ၅.၂ လက်မရှိပြီး Full HD HDR display ကို အသုံးပြုထားတာ အသံပိုင်းကို Hi Resolution Audio နည်းပညာပါဝင်တဲ့အတွက် ပရီမီ ယုံအသံထွက်ကို ခံစားနိုင်အောင် ဖန်တီးထားတယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဖြန့်ချိရောင်းချမယ့် ဈေးနှုန်းကို ထုတ်ပြန်ထားသေးခြင်း မရှိပါဘူး။

-ရဲထွဋ်ဝင်း