Snapdragon 632 ပါဝင္တဲ့ Redmi 7 ကို ၁၀၅ေဒၚလာနဲ႔ဝယ္ယူႏိုင္

[Zawgyi]

Xiaomi ဟာေၾကညာထားတဲ့အတိုင္း ေဈးႏႈန္းသက္သာတဲ့ Redmi 7 ကိုတ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ျပသလိုက္ၿပီ ျဖစ္ပါတယ္။

Xiaomi Redmi 7 ဟာ Redmi Note 7 နဲ႔ Note 7 Pro တို႔ထက္ chipset နဲ႔ ဘက္ထရီပုိင္း ပိုမိုေကာင္းမြန္ လာပါတယ္။ Redmi 7 စမတ္ဖုန္းမွာ ၆.၂၆လက္မ LCD panel နဲ႔ HD+ ႐ုပ္ထြက္အရည္အေသြးရွိပါတယ္။ ဒါ့အျပင္ Snapdragon 632 နဲ႔အတူ CPU core ၈ခုပါဝင္ၿပီး 1.8GHz အထိ clock လုပ္ထားပါတယ္။ ေက်ာဘက္မွာ 12MP + 2MP နဲ႔ ½.9” sensor တို႔ဟာ ၂၀၁၇ခုႏွစ္ကထြက္ရွိခဲ့တဲ့ Xiaomi Mi 6 ကအတိုင္းပါဝင္လာပါတယ္။

ေရွ႕ဘက္ကင္မရာကေတာ့ 8MP ျဖစ္ပါတယ္။ Xiaomi ဟာ Redmi 7 စမတ္ဖုန္းကုိ ေမာ္ဒယ္ ၃မ်ိဳးေရာင္းခ်မွာ ျဖစ္ပါတယ္။ အဲ့ဒါေတြကေတာ့ 2/16GB, 3/32GB နဲ႔ 4/64GB တို႔ပဲျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ ပထမေမာ္ဒယ္ကုိ ၁၀၅ေဒၚလာ၊ ဒုတိယေမာ္ယ္ကို ေဒၚလာ ၁၂၀နဲ႔ တတိယေမာ္ဒယ္ကို ေဒၚလာ ၁၅၀နဲ႔ အသီးသီးေရာင္းခ်သြားမွာ ျဖစ္ပါတယ္။
Redmi 7 မွာ ၁၀ ဝပ္ အားသြင္းစနစ္နဲ႔ 4,000 mAh ဘက္ထရီအျပင္ AI feature ေတြနဲ႔ Android Pie အေျခခံထားတဲ့ MIUI 10 တို႔ပါဝင္လာပါတယ္။ Xiaomi အေနနဲ႔ မတ္လ ၂၆ရက္မွာ Redmi 7 ကုိပထမဆုံး flash sale ပုံစံနဲ႔ ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

Xiaomi ဟာကြေညာထားတဲ့အတိုင်း ဈေးနှုန်းသက်သာတဲ့ Redmi 7 ကိုတရုတ်နိုင်ငံမှာ မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi Redmi 7 ဟာ Redmi Note 7 နဲ့ Note 7 Pro တို့ထက် chipset နဲ့ ဘက်ထရီပိုင်း ပိုမိုကောင်းမွန် လာပါတယ်။ Redmi 7 စမတ်ဖုန်းမှာ ၆.၂၆လက်မ LCD panel နဲ့ HD+ ရုပ်ထွက်အရည်အသွေးရှိပါတယ်။ ဒါ့အပြင် Snapdragon 632 နဲ့အတူ CPU core ၈ခုပါဝင်ပြီး 1.8GHz အထိ clock လုပ်ထားပါတယ်။ ကျောဘက်မှာ 12MP + 2MP နဲ့ ½.9” sensor တို့ဟာ ၂၀၁၇ခုနှစ်ကထွက်ရှိခဲ့တဲ့ Xiaomi Mi 6 ကအတိုင်းပါဝင်လာပါတယ်။

ရှေ့ဘက်ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ Xiaomi ဟာ Redmi 7 စမတ်ဖုန်းကို မော်ဒယ် ၃မျိုးရောင်းချမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ 2/16GB, 3/32GB နဲ့ 4/64GB တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပထမမော်ဒယ်ကို ၁၀၅ဒေါ်လာ၊ ဒုတိယမော်ယ်ကို ဒေါ်လာ ၁၂၀နဲ့ တတိယမော်ဒယ်ကို ဒေါ်လာ ၁၅၀နဲ့ အသီးသီးရောင်းချသွားမှာ ဖြစ်ပါတယ်။
Redmi 7 မှာ ၁၀ ဝပ် အားသွင်းစနစ်နဲ့ 4,000 mAh ဘက်ထရီအပြင် AI feature တွေနဲ့ Android Pie အခြေခံထားတဲ့ MIUI 10 တို့ပါဝင်လာပါတယ်။ Xiaomi အနေနဲ့ မတ်လ ၂၆ရက်မှာ Redmi 7 ကိုပထမဆုံး flash sale ပုံစံနဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။

စိုးထက်
Ref: GSMArena