Snapdragon 626 chipset နဲ့ပွဲထွက်လာတဲ့ Vivo Y89

[ Zawgyi ]






စိုးထက်
Ref: GSMArena

[ Unicode ]

Vivo ဟာ Y89 လို့အမည်ရတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းသစ်ကို တိတ်တဆိတ်ဖြန့်ချိလိုက်ပါတယ်။ Vivo Y89 စမတ်ဖုန်းကို Aliexpress မှာရောင်းချနေပါတယ်။ Vivo Y89 မှာ ၆.၂၉ လက်မအရွယ် LCD FHD+ ရုပ်ထွက်အရည်အသွေးနဲ့ Snapdragon 626 chipset ကို အသုံးပြုထားပါတယ်။

Y89 ရဲ့ IPS LCD အပေါ်မှာ အရွယ်သိပ်မကြီးတဲ့ notch ပါဝင်သလို RAM 4GB နဲ့ storage 64GB နဲ့ တွဲဖက်ထားတဲ့ Snapdragon 626 SoC ပါဝင်လာပါတယ်။ ဒါ့အပြင် 256GB အထိ storage တိုးချဲ့နိုင်တဲ့ microSD ကတ်လည်း ထည့်သွင်းနိုင်ပါတယ်။

Y89 စမတ်ဖုန်းကျောဘက်မှာ dual-camera setup နဲ့ fingerprint reader တစ်ခု ပါဝင်လာပါတယ်။ ကင်မရာမှာ 16MP main sensor နဲ့ 2MP depth sensing ယူနစ်နဲ့တွဲဖက်ထားပါတယ်။ ရှေ့ကင်မရာကတော့ 16MP ကင်မရာ ပါဝင်လာပါတယ်။

ဘက်ထရီ 3,260 mAh ဖြစ်ပြီး Android 8.1 Oreo အထောက်အပံ့ ပါဝင်လာပါတယ်။
Y89 ကို အနက်နဲ့ အပြာ အရောင် ၂ မျိုးထုတ်လုပ်ထားပြီး တန်ဖိုးက၂၆၆ ဒေါ်လာဖြစ်ပါတယ်။

Ref: GSMArena