SMPlayer ကို Ubuntu OS တွင်ထည့်သွင်းခြင်း
[ Zawgyi ]
sudo apt-get update
[ Unicode ]
SMPlayer ဟာ အခမဲ့ သုံးစွဲနိုင်တဲ့ media player တစ်ခုဖြစ်ပါတယ်။ Media file format အများအပြားကို အထောက်အ ပံ့ပေးနိုင်ပြီး subtitle တွေကိုလည်း download လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ SMPlayer ကို Ubuntu OS တွင် ထည့်သွင်း အသုံးပြုချင်သူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
Ubuntu OS မှာ SMPlayer ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package
တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
SMPlayer ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –
sudo add-apt-repository ppa:rvm/smplayer
sudo apt-get update
sudo apt-get install smplayersmtubesmplayer-themes smplayer-skins
ဆိ်ုတဲ့ command တွေကို ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ Qt4 version ကို နှစ်သက်သူတွေ အတွက် sudo add-apt-repository ppa:rvm/smplayer-qt4 ဆိုတဲ့ command နဲ့ PPA ကို ထပ်မံထည့်သွင်းရပါမယ်။
အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီးတစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင် terminal မှာ sိudo s-tui ဆိုတဲ့ command ကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ အသုံးမပြု လိုတော့တဲ့ အခါပြန်လည် ဖယ်ရှားမယ်ဆိုရင် sudo apt-get remove –autoremovesmpl ayersmtubesmplayer-*ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှား နိုင်မှာဖြစ်ပါတယ်။