August 20, 2018

SMEs CLMVT Genius Exporter 2018 သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

[Zawgyi]





-ဝေဝေ

 

[Unicode]

CLMV နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်သွယ်မှုများ ရရှိနိုင်စေရန် ရည်ရွယ်ကာ SMEs CLMVT Genius Exporter 2018 သင်တန်းအတွက် လျှောက်လွှာများခေါ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ခွင့်ရရှိသူ အနေနဲ့ သင်တန်းစရိတ်၊ Nakornnayok Province ကိုသွားရောက်မယ့် 2 days trip၊ သင်တန်းနဲ့ ဟိုတယ်သို့ သယ်ယူပို့ဆောင်မှုနဲ့ သင်တန်းကျောင်းမှာ စားသောက်မှုတွေကို ၎င်း တို့ဘက်မှ စီစဉ်ပေးမှာဖြစ်ပြီး လေယာဉ်စရိတ်နဲ့ တည်းခိုနေထိုင်စရိတ်တို့ကို မိမိတို့ အစီအစဉ်နဲ့ ကျခံရမှာ ဖြစ်ပါတယ်။ သင်တန်းသို့ အသင်းချုပ် CEC/EC များနဲ့ အသင်းဝင်များ၊ ညီနောင်အသင်းများမှ CEC/EC များ၊ အသင်းချုပ်ဝန်ထမ်းများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထားလိုပါက ဒီနေရာကနေမှာရယူပြီး ဖောင်ကို ဖြည့်စွက်ကာ မေလ ၁၇ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ထောက်ခံစာနဲ့ အသင်းဝင်ကတ်မိတ္တူတို့ ပူးတွဲပြီး လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ နဲ့ အီးမေးလ် [email protected] ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ဝေဝေ