Smart City အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်

[ Zawgyi ]



-အောင်သက်ကို

[ Unicode ]

ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးနဲ့ Smart City အကောင်ဖော်ဆောင်ရေးကဏ္ဍအတွက် ဆွေးနွေးမှုတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သံတမန်ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ စင်ကာပူနိုင်ငံမှ Senior Minister of State for Trade and Industry ဖြစ်သူ Mr.Chee Hong Tat နဲ့ ၎င်းဦးဆောင်တဲ့အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မတ်လ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် အပါအဝင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ တက်ရောက်ခဲ့ပါတယ်။