Slider Design, AMOLED display, In-Display Fingerprint Scanner နဲ့ ကင်မရာခြောက်ခုပါဝင်တဲ့ Honor Magic 2
[ Zawgyi ]
Specs
ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်
Ref: GizmoChina
[ Unicode ]
Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ နောက်ဆုံးပေါ် flagship စမတ်ဖုန်းဖြစ်တဲ့ Magic 2 ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။
Specs
Magic 2 မှာ ၆.၃၉ လက်မ AMOLED display ပါဝင်ပြီး resolution က 2340 x 1080 ဖြစ်ပါတယ်။ ဖုန်းရဲ့ screen-to-body အချိုးက ၉၁.၅ ရာခိုင်နှုန်းဖြစ်တယ်လို့ Honor က ပြောပါတယ်။ Display ထဲမှာ ဖုန်းကို unlock လုပ်ဖို့နဲ့ ငွေပေးချေဖို့အတွက် fingerprint scanner တစ်ခု ပါဝင်ပါတယ်။
Chipset က Kirin 980 ဖြစ်ပြီး 6GB ဒါမှမဟုတ် 8GB RAM နဲ့ ရရှိနိုင်ပါတယ်။ Storage ကိုတော့ 128GB နဲ့ 256GB ဆိုပြီး ရရှိနိုင်ပါတယ်။
Honor Magic 2 ရဲ့ ကျောဘက်မှာ ကင်မရာသုံးခု ပါဝင်ပါတယ်။ အဲ့ဒီ ကင်မရာသုံးခုက 16MP f/1.8 RGB sensor, 24MP f/1.8 Monochrome sensor နဲ့ 16MP super wide-angle f/2.2 sensor တို့ ဖြစ်ပါတယ်။ ကင်မရာမှာ scene recognition, HDR wide-angle photography with night mode, AIS, AR mode, studio level 3D portrait mode နဲ့ 480fps slow-motion recording တို့လို feature အများအပြား ပါဝင်ပါတယ်။
ဖုန်းရဲ့ အရှေ့ဘက်ကင်မရာက 16MP f/2.0 တစ်ခုနဲ့ 2MP f/2.4 depth-sensing ကင်မရာနှစ်ခု ဖြစ်ပါတယ်။ In-display fingerprint scanner ကို မသုံးချင်ရင်တော့ IR 3D face unlock စနစ်ကို သုံးနိုင်ပါတယ်။
Honor Magic 2 မှာ Magic Charge လို့ခေါ်တဲ့ 40W fast charging ကို ထောက်ပံ့ထားပါတယ်။ ဖုန်းရဲ့ 3,400mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ၊ မိနစ် ၃၀ အတွင်း ၈၅ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။
Magic 2 ဟာ wireless PC mode အထောက်အပံ့ပါဝင်တဲ့ ကမ႓ာ့ပထမဆုံး ထုတ်ကုန်ဖြစ်ပါတယ်။ ဒါကြောင့် Magic 2 ကို Miracast ကနေ display ကို ချိတ်ဆက်နိုင်ပါတယ်။ အလုပ်လုပ်ဖို့အတွက် desktop mode တစ်ခုကိုလည်း ထောက်ပံ့ပေးထားပါတယ်။
Magic 2 ရဲ့အခြား feature တွေအနေနဲ့ dual GPS, 1.7Gbps download speed ရနိုင်မယ့် Hi103WiFi chip, dual VoLTE,
Bluetooth 5.0 နဲ့ USB-C တို့ ပါဝင်ပါတယ်။
Magic 2 မှာ YOYO လို့ခေါ်တဲ့ အဆင့်မြင့် AI Assistant တစ်ခု ပါဝင်လာပါတယ်။ YOYO မှာ ပါဝင်တဲ့ feature တွေဟာ အခြား assistant တွေ ထောက်ပံ့ထားတဲ့အတိုင်း တူညီသလို Google Duplex နဲ့တူညီတဲ့ feature တစ်ခုလည်း ပါဝင်လာပါတယ်။ မိတ်ဆက်ပွဲမှာ YOYO က သုံးစွဲသူအတွက် ဟိုတယ်အခန်းကြိုတင်ငှားရမ်းမှု ပြုလုပ်ပေးပုံကို Honor က ဗီဒီယိုတစ်ခုနဲ့ ပြသခဲ့ပါတယ်။
Operating system က Android Pie အခြေခံ Magic UI 2.0 ဖြစ်ပါတယ်။
စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်
Honor Magic 2 ကို Gradient Red, Gradient Blue နဲ့ Gradient Black ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။
စျေးနှုန်းက 6GB/128GB အတွက် ၅၄၅ ဒေါ်လာ ဖြစ်ပါတယ်။ 8GB/128GB အတွက်က ၆၁၆ ဒေါ်လာဖြစ်ပြီး 8GB/256GB အတွက်က ၆၈၈ ဒေါ်လာ ဖြစ်ပါတယ်။ ကြိုတင်မှာယူမှုကို နိုဝင်ဘာ ၅ ရက် မတိုင်ခင်အထိ ပြုလုပ်နိုင်ပြီး နိုဝင်ဘာ ၆ ရက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Graphene Cooling နည်းပညာပါဝင်တဲ့ 3D Bionic အထူးဗားရှင်းမှာတော့ 8GB RAM နဲ့ 512GB storage ပါဝင်ပါတယ်။ စျေးနှုန်းက ၈၃၂ ဒေါ်လာဖြစ်ပြီး ဒီဇင်ဘာလမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: GizmoChina