‘Shot on iPhone XS’ ဇာတ္ကားတိုအတြက္ ႐ုပ္ရွင္ဖန္တီးသူ ဂ်က်န္းဇီနဲ႔ Apple ပူးေပါငး္

[ Zawgyi ]

Apple ဟာ ‘shot on iPhone XS’ ဇာတ္ကားတို ထုတ္လုပ္ဖို႔အတြက္ ဆုရ တ႐ုတ္ဒါ႐ိုက္တာနဲ႔ ဇာတ္ညႊန္းေရးသားသူ ဂ်က်န္းဇီနဲ႔ ပူးေပါင္းခဲ့ပါတယ္။

အဲဒီ ဇာတ္ကားတိုကုိ ဇန္နဝါရီလ ၂၅ ရက္မွာ ပြဲဦးထြက္ျပသၿပီး ေဖေဖာ္ဝါရီလ ၅ ရက္မွာ ျပဳလုပ္မယ့္ တ႐ုတ္ေႏြဦးပြဲေတာ္အတြင္း ထုတ္လႊင့္သြားဖုိ႔ စီစဥ္ထားပါတယ္။ ဇာတ္လမ္း အေၾကာင္းအရာကုိ ေသခ်ာမသိရေသးေပမယ့္ ဇာတ္ကားထဲက အဓိကဇာတ္ေကာင္ေတြကေတာ့ လူတစ္ေယာက္နဲ႔ တိပ္နဲ႔အေသကပ္ထားတဲ့ ပုံးတို႔ပဲ ျဖစ္ၿပီး သူတို႔ဟာ တ႐ုတ္ျပည္တစ္ခြင္ ခရီးထြက္တဲ့အေၾကာင္းလို႔ သိထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က Apple ဟာ ေႏြဦးပြဲေတာ္အတြက္ ဇာတ္ကားတိုတစ္ခု ျဖန္႔ခ်ိဖို႔ ဒါ႐ိုက္တာ ပီတာဟိုဆန္ခ်မ္နဲ႔ ပူးေပါင္းခဲ့ပါတယ္။ Three Minutes ဇာတ္ကားတိုကုိ iPhone X နဲ႔ပဲ ႐ိုက္ကူးခဲ့တာပါ။ အဲဒီဇာတ္လမ္းမွာ ရထားတြဲေစာင့္အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕သားနဲ႔ ၃ မိနစ္ ဆုံေတြ႕ရဖို႔ ၆ ရက္ၾကာတဲ့ ခရီးစဥ္အေၾကာင္းကုိ ႐ိုက္ကူးထားတာျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Apple ဟာ ‘shot on iPhone XS’ ဇာတ်ကားတို ထုတ်လုပ်ဖို့အတွက် ဆုရ တရုတ်ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသားသူ ဂျကျန်းဇီနဲ့ ပူးပေါင်းခဲ့ပါတယ်။

အဲဒီ ဇာတ်ကားတိုကို ဇန်နဝါရီလ ၂၅ ရက်မှာ ပွဲဦးထွက်ပြသပြီး ဖေဖော်ဝါရီလ ၅ ရက်မှာ ပြုလုပ်မယ့် တရုတ်နွေဦးပွဲတော်အတွင်း ထုတ်လွှင့်သွားဖို့ စီစဉ်ထားပါတယ်။ ဇာတ်လမ်း အကြောင်းအရာကို သေချာမသိရသေးပေမယ့် ဇာတ်ကားထဲက အဓိကဇာတ်ကောင်တွေကတော့ လူတစ်ယောက်နဲ့ တိပ်နဲ့အသေကပ်ထားတဲ့ ပုံးတို့ပဲ ဖြစ်ပြီး သူတို့ဟာ တရုတ်ပြည်တစ်ခွင် ခရီးထွက်တဲ့အကြောင်းလို့ သိထားပါတယ်။

ပြီးခဲ့တဲ့နှစ်က Apple ဟာ နွေဦးပွဲတော်အတွက် ဇာတ်ကားတိုတစ်ခု ဖြန့်ချိဖို့ ဒါရိုက်တာ ပီတာဟိုဆန်ချမ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ Three Minutes ဇာတ်ကားတိုကို iPhone X နဲ့ပဲ ရိုက်ကူးခဲ့တာပါ။ အဲဒီဇာတ်လမ်းမှာ ရထားတွဲစောင့်အမျိုးသမီးတစ်ဦးဟာ သူမရဲ့သားနဲ့ ၃ မိနစ် ဆုံတွေ့ရဖို့ ၆ ရက်ကြာတဲ့ ခရီးစဉ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Ref: GSMArena