ShareLike Myanmar

[ Zawgyi ]


-ရဲထွဋ်ဝင်း

[ Unicode ]

မိမိတို့ရဲ့ အတွေ့အကြုံတွေကို Facebook ကဲ့သို့ အချင်းအချင်းအလွယ်တကူ မျှဝေနိုင်မယ့် ဆိုရှယ်ပလက်ဖောင်း App ဖြစ်ပါတယ်။ ပြည်တွင်းက ဟိုတယ်၊ စားသောက်ဆိုင်နဲ့ တစ်ခြားနာမည်ကြီး နေရာတွေနဲ့ဆိုင်တဲ့ မိမိရဲ့ အတွေ့အကြုံဆိုင်ရာတွေကို မျှဝေနိုင်မှာဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့လည်း မိမိတို့ရဲ့ လုပ်ငန်းတွေကို ShareLike ပလက်ဖောင်းပေါ်တင်ကာ လာရောက်လည်ပတ်သူတွေရဲ့ မှတ်ချက် တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ App ကို အသုံးပြုဖို့အတွက် Facebook အကောင့်ဖြင့်အလွယ်တကူ မှတ်ပုံတင်နိုင်မှာဖြစ်သလို အီးမေးလ်ဖြင့်အကောင့်အသစ်ပြုလုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာဘာသာဖြင့်အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။