Shantae and the Pirate’s Curse

[ Zawgyi ]

ငယ်ငယ်က ကစားခဲ့ဖူးတဲ့ မာရီယိုဂိမ်းနဲ့ ရမ်ဘိုဂိမ်းတွေကို ပေါင်းစပ်ဖန်တီးထားတယ်လို့ ဆိုရလောက်အောင် ခပ်ရိုးရိုးဖန်တီးထားတဲ့ ဂိမ်းသစ်တစ်ခုအကြောင်း နည်းနည်းပြောပြ ချင်ပါတယ်။ ဇာတ်ကောင်က မိန်းကလေး၊ သူ့နာမည်က Shantae၊ ပင်လယ်ဓားပြ ဇာတ်လမ်းသွားပုံစံပေါ့။ တစ်ခန်းပြီး တစ်ခန်း ရန်သူတွေကို တိုက်ခိုက်ပြီး အနိုင်ရအောင် ကစားရမယ့်ဂိမ်းပါ။ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးထားပြီး Nintendo 3DS လို စက်အနိမ့် ကနေ နောက်ဆုံးထုတ် Switch အထိအောင်လည်း ကစားနိုင်မယ်။ Wins စနစ်သုံး ကွန်ပျူတာတွေနဲ့လည်း ရမယ်၊ Amazon Fire TV တွေမှာလည်း ထည့်ကစားလို့ ရပါသေးတယ်။ Wii U နဲ့လည်း ကစားနိုင်တယ်၊ Xbox One အပါအဝင် PS4 သမားတွေအတွက်ပါ အဆင်ပြေပါတယ်။ အခုနောက်ဆုံး ထွက်ရှိလာတဲ့ Updade အသစ်ကတော့ Switch အတွက် ဖြစ်ပါတယ်။

တိုက်ခိုက်ရေးဆန်ဆန် ဂိမ်းဖြစ်ပြီး အားနည်းချက်တစ်ခု အနေနဲ့ ပြောနိုင်တာက Single တစ်ခုတည်းပဲ ကစားနိုင်တာပါ။ ၂၀၁၄ ခုနှစ် ဂိမ်းရဲ့ ပထမ Version ထွက်ရှိချိန်ကနေစပြီး အခုထိအောင် 3DS ဖန်တီးမှု အကောင်းဆုံးဂိမ်းဆု အပါအဝင် IGN ကနေပေးတဲ့ Platform အစုံနဲ့ ကစားနိုင်တဲ့ဂိမ်းဆု၊ Club Nintendo ကနေ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိမ်း ၁၀ ခု စာရင်းမှာတောင် ပါဝင်ခဲ့တာ တွေ့ရလို့ စိတ်ဝင်စားစရာပါပဲ။

ဇာတ်ကောင်မလေး Shantae ဆိုတာက ဆံပင်ကို လက်နက်အနေနဲ့သုံးပြီး တိုက်ခိုက်နိုင်စွမ်း ရှိသူပေါ့။ ဒါပေမဲ့ ရှေ့ထွက်ဂိမ်း Version ထဲမှာ သူမရဲ့အစွမ်းတွေ လျော့နည်းသွားတာကြောင့် အခုဂိမ်းမှာ ပင်လယ်ဓါးပြတွေရဲ့ အသုံးအဆောင်တွေကို ရယူပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ရတော့မှာပါ။ ပစ္စတို သေနတ် ပါလာတယ်၊ ရန်သူကို ပစ်ခတ်ဖို့သုံးမယ်၊ ကြိုးဆွဲလက်နက်တွေ ပါလာတယ်၊ တစ်နေရာကနေ တစ်နေရာကို ပစ်ခတ် ခုန်ကူးဖို့၊ ပြီးတော့ ဦးထုပ် အသစ်၊ သူက Shantae ကို ပျံသန်းနိုင်အောင် ကူညီပေးမယ်။ ပြီးတော့ လေထဲမှာ ပျံသန်းသွားလာစေနိုင်မယ့် Item အသစ်တွေ၊ ဖိနပ်အသစ်တွေ ပါလာပါတယ်။ ဒါက အခု Version မှာ အသစ်ထည့်သွင်း ဖန်တီးလာတဲ့ အရင် မကစားဖူးသေးတဲ့ အသုံးပြုနိုင်စရာ အသစ်တွေပါ။

ပြီးတော့ Item အသစ်တွေ လည်း ပါလာတယ်။ လက်နက်ကြီးဆန်ဆန် အသုံးပြု တိုက်ခိုက်နိုင်မယ့် ဘောလုံးဗုံးတွေ၊ Shantae ကို အသက်ပြန်ဖြည့်နိုင်မယ့် ဆေးပြွန်တွေ၊ အခုအ
သစ် ထည့်ထာတဲ့ Item အသစ်တွေရော လက်နက်အသစ်တွေရော အားလုံးကိုလည်း ကစားတဲ့ အဆင့်မြင့်ရင် မြင့်လာသလို Upgrade လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ရန်သူကလည်း တစ်ဆင့်ပြီးတစ်ဆင့် ပိုခက်လာမယ်၊ Shantae ကလည်း တစ်ဆင့်ပြီးတစ်ဆင့် အစွမ်းထက်လာမယ်ပေါ့။ ဇာတ်ကောင်က လက်နက်သုံး တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်သလို မာရီယို ဆန်ဆန် ခုန်ကူးနိုင်မယ်၊ အမြင့်တွေ ခုန်တက်နိုင်မယ်၊ အခန်းဖွဲ့စည်းထားပုံအရ တိုက်ခိုက်ရေး တစ်မျိုးတည်း အနိုင်ရနေရုံနဲ့မပြီးဘဲ ထောင်ချောက်ပုံစံ ဆင်ထားတဲ့ ပတ်ဝန်းကျင်ကနေပါ အကောင်ဆုံး ကျော်ဖြတ်သွားနိုင်ဖို့ လိုအပ်သေးပါတယ်။

ရှေ့ထွက် Version တွေမှာ Shantae ရဲ့ ဆံပင်တစ်ခုတည်းကိုပဲ အားပြုသွားလာ တိုက်ခိုက်ရင်းကနေ အခုတော့ သက်ဆိုင်ရာ အသုံးတစ်ခုစီအတွက် Item တွေ မှန်ကန်အောင် ရွေးချယ်ကစားနိုင်မှ အနိုင်ရတော့မှာပါ။ အရင်ထက် ပိုခက်လာတယ်၊ ရန်သူတွေကို တိုက်ခိုက် အောင်မြင်ပြီးမှရမယ့် Point နဲ့ Item တွေကို အဆင့်မြှင့်ရမယ့် အနေအထားမှာ Item တွေ များလာလို့ Level တက်ဖို့ ခက်လာတယ်၊ အခန်းတစ်ခန်းချင်းစီ အနိုင်ရဖို့ ပိုမို ခက်ခဲအောင် ဖန်တီးထားနိုင်လို့ စိန်ခေါ်မှု ကောင်းကောင်း လိုချင်နေတဲ့ Gamer တွေအတွက် စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းသစ်လေးပါပဲ။

-သက်နိုင်ဦး (UCSL)

[ Unicode ]




