SEA-PLM ပံုမွန္စစ္ေဆးေလ့လာမႈ ၂၀၁၉ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံ ပထမဦးဆံုးပါဝင္လာ

[ Zawgyi ]

SEA-PLM ပံုမွန္စစ္ေဆးေလ့လာမႈကို အာဆီယံႏိုင္ငံ (၇) ႏိုင္ငံမွာ ျပဳလုပ္သြားမွာျဖစ္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ ပထမဦးဆံုးစစ္ေဆးမယ့္ႏိုင္ငံအျဖစ္ ပါဝင္လာတယ္လို႔ သိရပါတယ္။

ယခုေဆာင္ရြက္မယ့္ သုုေတသနလုပ္ငန္းသည္ အာဆီယံေဒသတြင္းရွိ Grade-5 အဆင့္ ေက်ာင္းသားလူငယ္ ေတြကို စစ္ေဆးအကဲျဖတ္တဲ့ “စံ” တစ္ခုျဖင့္ ေလ့လာေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း အေရွ႕ေတာင္အာရွ မူလတန္းပညာ သင္ယူတတ္ေျမာက္မႈ အကဲျဖတ္စစ္ေဆးေရးဆုိင္ရာ ႀကီးၾကပ္ေရးမွဴးႏွင့္ ေက်ာင္းညွိႏိႈင္းေရးမွဴး သင္တန္း ဖြင့္လွစ္ျခင္း အခမ္းအနားမွ သိရပါတယ္။

အေရးစြမ္းရည္၊ အဖတ္စြမ္းရည္၊ သခၤ်ာစြမ္းရည္နဲ႔ လူသားေကာင္းျဖစ္မႈစတဲ့ နယ္ပယ္ေတြကို ၄ ႏွစ္ တစ္ႀကိမ္ ပံုမွန္စစ္ေဆးအကဲျဖတ္သြားမွာ ျဖစ္ပါတယ္။ ပံုမွန္စစ္ေဆးအကဲျဖတ္မႈ (SEA-PLM Main Survey) ကို ျပည္နယ္ႏွင့္တိုင္းေဒသႀကီးရွိ အေျခခံပညာေက်ာင္းေတြ၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြနဲ႔ ကိုယ္ပိုင္ေက်ာင္းေတြမွ ေရြးခ်ယ္ထားတဲ့ ေက်ာင္းေပါင္း ၂၀၂ ေက်ာင္းက ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၅၈၅၃ ဦးကို စစ္ေဆးအကဲျဖတ္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ မိဘ ၅၈၅၃ ဦး၊ Grade-5 သင္ၾကားတဲ့ ဆရာ၊ ဆရာမ ၄၄၁ ဦး၊ ေက်ာင္းအုပ္ႀကီး ၂၀၂ ဦးကိုလည္း စစ္တမ္းေမးခြန္းလႊာေတြကို ျဖည့္သြင္းေစမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ေလ့လာစစ္ေဆးအကဲျဖတ္မႈမွာ ထူးျခားမႈအေနနဲ႔ လူသားေကာင္းျဖစ္မႈ နယ္ပယ္အား ထည့္သြင္းစစ္ေဆးထားသည္ကို ေတြ႕ရသလို ကမၻာေပၚမွာ အေရးစြမ္းရည္ စစ္ေမးတဲ့ ပထမဦးဆံုးစစ္ေဆးမႈ ျဖစ္ၿပီး ဆီမီယိုအဖြဲ႕၀င္ႏိုင္ငံမ်ားအၾကား နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ျခင္း ရလဒ္လည္းျဖစ္တယ္လို႔ သိရပါတယ္။

ယခုေဆာင္ရြက္တဲ့ သုုေတသနလုပ္ငန္းမွာ ဆီမီယို(SEAMEO)၊ ယူနီဆက္ အေရွ႕အာရွေဒသဆုိင္ရာရံုး (UNICEF-EAPRO) တို႔က ေငြေၾကးအေထာက္အပံ့ေပးၿပီး ၾသစေၾတးလ်ႏိုင္ငံ ပညာေရး သုေတသနေကာင္စီ (Australian Council for Educational Research-ACER) က နည္းပညာပံ့ပိုးေပးမႈေတြနဲ႔ ႏိုင္ငံတကာအဆင့္မီ ပညာရည္စစ္ေဆးအကဲျဖတ္ စံတစ္ခုနဲ႔ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

SEA-PLM ပုံမှန်စစ်ဆေးလေ့လာမှုကို အာဆီယံနိုင်ငံ (၇) နိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံးစစ်ဆေးမယ့်နိုင်ငံအဖြစ် ပါဝင်လာတယ်လို့ သိရပါတယ်။

ယခုဆောင်ရွက်မယ့် သုုတေသနလုပ်ငန်းသည် အာဆီယံဒေသတွင်းရှိ Grade-5 အဆင့် ကျောင်းသားလူငယ် တွေကို စစ်ဆေးအကဲဖြတ်တဲ့ “စံ” တစ်ခုဖြင့် လေ့လာဆောင်ရွက်ခြင်းဖြစ်ကြောင်း အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေးဆိုင်ရာ ကြီးကြပ်ရေးမှူးနှင့် ကျောင်းညှိနှိုင်းရေးမှူး သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားမှ သိရပါတယ်။

အရေးစွမ်းရည်၊ အဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်နဲ့ လူသားကောင်းဖြစ်မှုစတဲ့ နယ်ပယ်တွေကို ၄ နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးအကဲဖြတ်သွားမှာ ဖြစ်ပါတယ်။ ပုံမှန်စစ်ဆေးအကဲဖြတ်မှု (SEA-PLM Main Survey) ကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှ ရွေးချယ်ထားတဲ့ ကျောင်းပေါင်း ၂၀၂ ကျောင်းက ကျောင်းသား၊ ကျောင်းသူပေါင်း ၅၈၅၃ ဦးကို စစ်ဆေးအကဲဖြတ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မိဘ ၅၈၅၃ ဦး၊ Grade-5 သင်ကြားတဲ့ ဆရာ၊ ဆရာမ ၄၄၁ ဦး၊ ကျောင်းအုပ်ကြီး ၂၀၂ ဦးကိုလည်း စစ်တမ်းမေးခွန်းလွှာတွေကို ဖြည့်သွင်းစေမှာဖြစ်တယ်လို့ သိရပါတယ်။ လေ့လာစစ်ဆေးအကဲဖြတ်မှုမှာ ထူးခြားမှုအနေနဲ့ လူသားကောင်းဖြစ်မှု နယ်ပယ်အား ထည့်သွင်းစစ်ဆေးထားသည်ကို တွေ့ရသလို ကမ္ဘာပေါ်မှာ အရေးစွမ်းရည် စစ်မေးတဲ့ ပထမဦးဆုံးစစ်ဆေးမှု ဖြစ်ပြီး ဆီမီယိုအဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ရလဒ်လည်းဖြစ်တယ်လို့ သိရပါတယ်။

ယခုဆောင်ရွက်တဲ့ သုုတေသနလုပ်ငန်းမှာ ဆီမီယို(SEAMEO)၊ ယူနီဆက် အရှေ့အာရှဒေသဆိုင်ရာရုံး (UNICEF-EAPRO) တို့က ငွေကြေးအထောက်အပံ့ပေးပြီး သြစတြေးလျနိုင်ငံ ပညာရေး သုတေသနကောင်စီ (Australian Council for Educational Research-ACER) က နည်းပညာပံ့ပိုးပေးမှုတွေနဲ့ နိုင်ငံတကာအဆင့်မီ ပညာရည်စစ်ဆေးအကဲဖြတ် စံတစ်ခုနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။