Screen ႏွစ္ခုနဲ႔ fingerprint scanner ႏွစ္ခုပါဝင္တဲ့ ZTE nubia X

[ Zawgyi ]

Nubia X ဟာ တ႐ုတ္ႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ အခမ္းအနားမွာ ပြဲထုတ္မိတ္ဆက္ခဲ့တဲ့ ေနာက္ဆံုးေပၚ Nubia flagship ဖုန္း ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းသစ္မွာ touchscreen display ႏွစ္ခုကို တပ္ဆင္ထားပါတယ္။ တစ္ခုက အေရွ႕ဘက္မွာျဖစ္ၿပီး က်န္တစ္ခုက ေက်ာဘက္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ အရည္အေသြးျမင့္ specification ေတြ ပါဝင္လာပါတယ္။

Nubia X ရဲ႕ အေကာင္းဆံုး feature ကေတာ့ screen-to-body အခ်ိဳး ၉၃.၆ ရာခိုင္ႏႈန္းရိွတဲ့ ပင္မ display ျဖစ္ပါတယ္။ ပင္မ display မွာ LCD panel ကို သံုးထားၿပီး ဒုတိယ display က OLED screen ျဖစ္ပါတယ္။ ပင္မ display က ၆.၂၆ လက္မ 19:9 aspect ratio ျဖစ္ၿပီး resolution က FHD+ (1080 x 2280 pixels) ျဖစ္ပါတယ္။ ဒုတိယ display က ၅.၁ လက္မ 19:9 aspect ratio ျဖစ္ေပမယ့္ resolution က HD+ (720 x 1520) ျဖစ္ပါတယ္။ ဒုတိယ screen ကို ဂိမ္းကစားတဲ့အခါ ခလုတ္ေတြအျဖစ္ သံုးႏိုင္ပါတယ္။
ZTE nubia X မွာ Snapdragon 845 chipset ကို အသံုးျပဳထားပါတယ္။ RAM ကို 6GB ဒါမွမဟုတ္ 8GB နဲ႔ ရရိွႏိုင္ပါတယ္။ Storage ကိုေတာ့ 64GB ကေန 256GB အထိ ရႏိုင္ပါတယ္။ MicroSD card အေထာက္အပံ့ေတာ့ မပါဝင္ပါဘူး။

Nubia X မွာ အေရွ႕ဘက္ကင္မရာ မပါဝင္ေပမယ့္ selfie ဓာတ္ပံုအတြက္ ဒုတိယ screen ကိုသံုးၿပီး ေက်ာဘက္ကင္မရာနဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ ေက်ာဘက္ကင္မရာႏွစ္ခုမွာ ပင္မကင္မရာက 16MP f/1.8 aperture lens ျဖစ္ၿပီး ဒုတိယကင္မရာက 24MP f/1.7 lens ျဖစ္ပါတယ္။ ကင္မရာေတြမွာ AI scene recognition feature နဲ႔ PDAF phase detection autofocus ကို ေထာက္ပံ့ေပးထားပါတယ္။

Nubia X မွာ 3,800mAh ဘက္ထရီ ပါဝင္ပါတယ္။ ဘက္ထရီက တစ္ေန႔တာ အသံုးျပဳႏိုင္တဲ့အထိ တာရွည္ခံသလို ဘက္ထရီ ၅ ရာခိုင္ႏႈန္းက်န္တဲ့အခါ ultra-low power mode နဲ႔ ၃ နာရီၾကာအထိ အသံုးျပဳႏိုင္တယ္လို႔ သိရပါတယ္။ Operating system က Android 8.1 Oreo အေျခခံ nubia UI 6.0.2 ျဖစ္ပါတယ္။

စိတ္ဝင္စားစရာေကာင္းတာက ဒီဖုန္းမွာ fingerprint reader ႏွစ္ခု ပါဝင္လာပါတယ္။ အသံုးျပဳတဲ့အေပၚမူတည္ၿပီး သံုးစြဲသူက screen တစ္ခုခ်င္းစီကို unlock လုပ္ႏိုင္ပါတယ္။ Scanner ေတြကို navigation ခလုတ္ေတြအေနနဲ႔လည္း သံုးႏိုင္ပါတယ္။ 3.5mm နားၾကပ္ေပါက္ေတာ့ မပါဝင္လာပါဘူး။

ZTE nubia X ကို Deep Gray, Black Gold နဲ႔ Sea Light Blue ဆိုၿပီး အေရာင္သံုးမ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။ ေစ်းႏႈန္းက 6GB/64GB အတြက္ ၄၇၃ ေဒၚလာ ျဖစ္ပါတယ္။ 8GB/128GB အတြက္က ေဒၚလာ ၅၃၀ ျဖစ္ၿပီး 8GB/256GB အတြက္ကေတာ့ ၆၀၂ ေဒၚလာ က်သင့္မွာ ျဖစ္ပါတယ္။

ဒီစမတ္ဖုန္းကို ႏိုဝင္ဘာ ၅ ရက္ကစၿပီး ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Ref: GSMArena

[ Unicode ]

Nubia X ဟာ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးပေါ် Nubia flagship ဖုန်း ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းသစ်မှာ touchscreen display နှစ်ခုကို တပ်ဆင်ထားပါတယ်။ တစ်ခုက အရှေ့ဘက်မှာဖြစ်ပြီး ကျန်တစ်ခုက ကျောဘက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ အရည်အသွေးမြင့် specification တွေ ပါဝင်လာပါတယ်။

Nubia X ရဲ့ အကောင်းဆုံး feature ကတော့ screen-to-body အချိုး ၉၃.၆ ရာခိုင်နှုန်းရှိတဲ့ ပင်မ display ဖြစ်ပါတယ်။ ပင်မ display မှာ LCD panel ကို သုံးထားပြီး ဒုတိယ display က OLED screen ဖြစ်ပါတယ်။ ပင်မ display က ၆.၂၆ လက်မ 19:9 aspect ratio ဖြစ်ပြီး resolution က FHD+ (1080 x 2280 pixels) ဖြစ်ပါတယ်။ ဒုတိယ display က ၅.၁ လက်မ 19:9 aspect ratio ဖြစ်ပေမယ့် resolution က HD+ (720 x 1520) ဖြစ်ပါတယ်။ ဒုတိယ screen ကို ဂိမ်းကစားတဲ့အခါ ခလုတ်တွေအဖြစ် သုံးနိုင်ပါတယ်။
ZTE nubia X မှာ Snapdragon 845 chipset ကို အသုံးပြုထားပါတယ်။ RAM ကို 6GB ဒါမှမဟုတ် 8GB နဲ့ ရရှိနိုင်ပါတယ်။ Storage ကိုတော့ 64GB ကနေ 256GB အထိ ရနိုင်ပါတယ်။ MicroSD card အထောက်အပံ့တော့ မပါဝင်ပါဘူး။

Nubia X မှာ အရှေ့ဘက်ကင်မရာ မပါဝင်ပေမယ့် selfie ဓာတ်ပုံအတွက် ဒုတိယ screen ကိုသုံးပြီး ကျောဘက်ကင်မရာနဲ့ ရိုက်ကူးနိုင်ပါတယ်။ ကျောဘက်ကင်မရာနှစ်ခုမှာ ပင်မကင်မရာက 16MP f/1.8 aperture lens ဖြစ်ပြီး ဒုတိယကင်မရာက 24MP f/1.7 lens ဖြစ်ပါတယ်။ ကင်မရာတွေမှာ AI scene recognition feature နဲ့ PDAF phase detection autofocus ကို ထောက်ပံ့ပေးထားပါတယ်။

Nubia X မှာ 3,800mAh ဘက်ထရီ ပါဝင်ပါတယ်။ ဘက်ထရီက တစ်နေ့တာ အသုံးပြုနိုင်တဲ့အထိ တာရှည်ခံသလို ဘက်ထရီ ၅ ရာခိုင်နှုန်းကျန်တဲ့အခါ ultra-low power mode နဲ့ ၃ နာရီကြာအထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Operating system က Android 8.1 Oreo အခြေခံ nubia UI 6.0.2 ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီဖုန်းမှာ fingerprint reader နှစ်ခု ပါဝင်လာပါတယ်။ အသုံးပြုတဲ့အပေါ်မူတည်ပြီး သုံးစွဲသူက screen တစ်ခုချင်းစီကို unlock လုပ်နိုင်ပါတယ်။ Scanner တွေကို navigation ခလုတ်တွေအနေနဲ့လည်း သုံးနိုင်ပါတယ်။ 3.5mm နားကြပ်ပေါက်တော့ မပါဝင်လာပါဘူး။

ZTE nubia X ကို Deep Gray, Black Gold နဲ့ Sea Light Blue ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ စျေးနှုန်းက 6GB/64GB အတွက် ၄၇၃ ဒေါ်လာ ဖြစ်ပါတယ်။ 8GB/128GB အတွက်က ဒေါ်လာ ၅၃၀ ဖြစ်ပြီး 8GB/256GB အတွက်ကတော့ ၆၀၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းကို နိုဝင်ဘာ ၅ ရက်ကစပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: GSMArena